အထူးငွေတိုက်စာချုပ် ကန်ဒေါ်လာ ၃၇ သန်းဖိုး ရောင်းချနိုင်ခဲ့ပြီးလို့ NUG ပြော

အထူးငွေတိုက်စာချုပ် ကန်ဒေါ်လာ ၃၇ သန်းဖိုး ရောင်းချနိုင်ခဲ့ပြီးလို့ NUG ပြော

နွေဦးတော်လှန်ရေးအတွက် အထူးငွေတိုက်စာချုပ်ကနေ အမေရိကန်ဒေါ်လာ ၃၇ သန်းဖိုး ရောင်းချနိုင်ခဲ့ပြီးလို့ အမျိုသားညီညွှတ်ရေးအစိုးရ NUG၊ စီမံကိန်း၊ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဝန်ကြီး ဦးတင်ထွန်းနိုင်က ပြောပါတယ်။

မေလ ၁၈ ရက်နေ့ ပြုလုပ်ခဲ့တဲ့ NUG၊ စီမံကိန်း၊ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဝန်ကြီးရဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင် ပြောဆိုခဲ့တာပါ။

NUG အစိုးရဟာ နွေဦးတော်လှန်ရေး ရန်ပုံငွေအတွက် အထူးငွေတိုက်စာချုပ်တွေကို ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် နိုဝင်ဘာလကစတင်ပြီး ဥပဒေနဲ့အညီ ငွေတိုက်စာချုပ်တွေ ထုတ်ဝေရောင်းချခဲ့တာ ဖြစ်ပြီး၊ အဲဒီငွေတိုက်စာချုပ်ကနေ အခုနှစ် မေလထိ ကန်ဒေါ်လာ ၃၇ သန်းဖိုး ရောင်းချနိုင်ခဲ့တယ်လို့ ဦးတင်ထွန်းနိုင်က ပြောပါတယ်။

အထူးငွေတိုက်စာချုပ်တွေကို ကန်ဒေါ်လာ ၁၀၀ ကနေ ၅၀၀၀ တန်ထိ အမျိုးအစား ၄ မျိုးနဲ့ ထုတ်ဝေရောင်းချခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ဟာ နွေဦးထီ၊ အခွန်အကောက် ရရှိငွေ၊ ငွေတိုက်စာချုပ်နဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ အမှတ် ၁၄ အင်းလျားလမ်းအိမ်ကို ရောင်းချငွေ ကန်ဒေါ်လာ ၅ သန်း အပါအဝင် စုစုပေါင်း အမေရိကန်ဒေါ်လာ ၄၂ သန်း နီးပါး ရှာဖွေနိုင်ခဲ့ပါတယ်။

July 30, 2026
ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) သည် အာရက္ခတပ်တော် (AA) အပါအဝင်...
July 25, 2026
ကရင်ပြည်၊ ဖာပွန်ခရိုင်တွင် အင်အားထောင်ချီဖြင့် စစ်ကြောင်းထိုးနေသည့် စစ်တပ်စစ်ကြောင်းမှာ အထိနာကာ...
ဓာတ်ပုံ-CJ See less
July 24, 2026
အာဏာသိမ်း စစ်တပ် အသွင်ပြောင်း အစိုးရ သမ္မတ ဦးမင်းအောင်လှိုင်က စားသုံးဆီ လျှော့ချဖို့...
July 23, 2026
မော်လမြိုင် - စစ်တပ်အသွင်ပြောင်း အစိုးရလက်ထက်တွင် အခြေခံစားသောက်ကုန်ဖြစ်သော ကြက်ဥတစ်လုံးလျှင်...