ရခိုင်တွင် စိုက်/ဘဏ်ချေးငွေဆပ်သူနည်း၍ ယခုနှစ်တွင် ငွေကျပ်သန်းကိုးထောင်ကျော်သာ ထုတ်ချေးနိုင်

ရခိုင်တွင် စိုက်/ဘဏ်ချေးငွေဆပ်သူနည်း၍ ယခုနှစ်တွင် ငွေကျပ်သန်းကိုးထောင်ကျော်သာ ထုတ်ချေးနိုင်

ရခိုင်ပြည်တွင် စိုက်/ဘဏ်ချေးငွေပြန်ဆပ်သူနည်းပါးသည့်အတွက် ယခုနှစ်ချေးငွေထုတ်ချေးရာတွင် ယခင်နှစ်ထက်လျော့နည်းသွားကာ ငွေကျပ်သန်းကိုးထောင်ကျော်သာ ထုတ်ချေးနိုင်မည်ဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(ရခိုင်ပြည်နယ်ဘဏ်ခွဲ)မှ သိရသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်က ရခိုင်တစ်ပြည်နယ်လုံးတွင် စိုက်ပျိုးရေးချေးငွေစုစုပေါင်း ငွေကျပ်သန်းနှစ်သောင်း ထုတ်ချေးနိုင်ခဲ့သည်။ ယခုနှစ်တွင် ချေးငွေပြန်ဆပ်သူနည်းပါးသည့်အတွက် ကနဦးအနေဖြင့် ငွေကျပ်သန်းကိုးထောင်ကျော်သာ ထုတ်ချေးရန်လျာထားသည်ဟု မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(ရခိုင်ပြည်နယ်ဘဏ်ခွဲ)မှ ဘဏ်မန်နေဂျာ ဦးဘကျော်ကပြောသည်။

"စိုက်ပျိုးရေးချေးငွေထုတ်ချေးတဲ့အခါ ပြီးခဲ့တဲ့နှစ်တွေကအကြွေးကို ပြန်မဆပ်ရသေးတဲ့သူတွေကို ထုတ်မချေးပါဘူး။ အကြွေးဆပ်ပြီးသားသူတွေကိုပဲပြန်ချေးပေးတာပါ”ဟု ၄င်းကဆိုသည်။

ရခိုင်တွင် ယခင်တိုက်ပွဲကာလက တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့သည့် မြောက်ဦး၊ ကျောက်တော်၊ ရသေ့တောင် စသည့်မြို့နယ်များမှ လယ်သမားများမှာ တစ်နှစ်ထက်တစ်နှစ် ချေးငွေပြန်ဆပ်သူနည်းပါးခဲ့သည်ဟု သိရသည်။

စိုက်ပျိုးရေးစရိတ်ချေးငွေများကို မေလ ၁၆ ရက်နေ့မှစ၍ သက်ဆိုင်ရာမြို့နယ်ဘဏ်ခွဲမှ ထုတ်ချေးပေးနေပြီဖြစ်သည်။

ထိုသို့ထုတ်ချေးရာတွင် ၂၀၂၁ ခုနှစ်က စိုက်/ဘဏ်ချေးငွေများကိုပြန်ဆပ်ပြီးသည့် လယ်သမားများကို ဦးစွာထုတ်ချေးပေးနေပြီး ချေးငွေထုတ်ချေးနေစဉ်ကာလအတွင်း လာရောက်ဆပ်သည့် လယ်သမားများကိုလည်း ချေးငွေပေးဆပ်မှုကိုလက်ခံကာ ပြန်လည်ထုတ်ချေးပေးသွားမည်ဟု စိုက်/ဘဏ်မှသိရသည်။

ရသေ့တောင်မြို့နယ်မှ လယ်သမား ဦးဘကျော်က “စိုက်ပျိုးရေးချေးငွေကို အခုချိန်ထိပြန်မဆပ်နိုင်သေးဘူး။ ပြန်မဆပ်တဲ့သူတွေအနေနဲ့ ချေးငွေပြန်မရဘူးဆိုတော့လည်း ဒီနှစ်လယ်စိုက်ပျိုးဖို့ ကျနော်တို့မှာ ပိုပြီးတော့ခက်ခဲသွားမှာပါ“ဟု ဆိုသည်။

လယ်တစ်ဧကလျှင် ငွေကျပ်တစ်သိန်းခွဲနှင့် လယ်ဆယ်ဧကအောက်ကို ချေးငွေထုတ်ချေးပေးပြီး ချေးငွေပြန်ဆပ်သည့်အခါ တစ်နှစ်လျှင် အတိုးနှုန်း ၅ ရာခိုင်နှုန်း(ငွေတစ်သိန်းကိုတစ်လလျှင် ၅ ကျပ်)ဖြင့် ထုတ်ချေးပေးနေခြင်းဖြစ်သည်။

အခက်အခဲများကြောင့် ချေးငွေပြန်မဆပ်နိုင်သေးသည့် လယ်သမားများကို အရေးယူဆောင်ရွက်သွားမည်မဟုတ်ကြောင်းလည်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(ရခိုင်ပြည်နယ်ဘဏ်ခွဲ)မှ သိရသည်။

ရခိုင်တွင် ၂၀၂၀ ခုနှစ်က စိုက်ပျိုးရေးချေးငွေယူသူ ၈ သောင်းကျော်ရှိပြီး ပြန်ဆပ်သူ ၃ သောင်းကျော် (၃၉)ရာခိုင်နှုန်းခန့်သာ ရှိခဲ့သည်။ ၂၀၂၁ ခုနှစ်တွင် စိုက်ပျိုးရေးချေးငွေယူသူ ၃ သောင်းကျော်ရှိပြီး ပြန်ဆပ်သူ ၁၀၀၀ ကျော် (၇)ရာခိုင်နှုန်းခန့်သာရှိကြောင်းလည်း စိုက်/ဘဏ်မှသိရသည်။

Most read this week

April 11, 2026
တိုက်ပွဲများ ရှိနေသည့် စစ်တွေမြို့တွင် စစ်ကောင်စီသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အဖြစ် ဝန်ကြီး ၈...
April 10, 2026
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် သင်္ကြန်ကာလ နီးကပ်လာမှုနှင့်အတူ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးကာကင်းစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 9, 2026
မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းတွင် တိုက်ပွဲဖြစ်ပွားမှု ဆက်တိုက်ရှိနေပြီး...
တားမြစ်ထားသည့် ယစ်မျိုးကုန်များ ရောင်းချမှုရှိ/မရှိ ULA/AA က စစ်ဆေးမှုများ လုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ်အတွင်းက ရခိုင်ဒေသတစ်နေရာတွင် တွေ့ရစဉ်။ ဓာတ်ပုံ - APM
April 8, 2026
သင်္ကြန်ကာလအတွင်း အာရက္ခတပ်တော်(AA) ထိန်းချူပ်ဒေသများသို့ တရားဝင် တင်သွင်းခွင့်ပြုထားသည့်...