မွန်ပြည်နယ်မှာ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူ (၂၀၀)ဦးအထိရှိပြီး(၃)ဦး သေဆုံးခဲ့

မွန်ပြည်နယ်မှာ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူ (၂၀၀)ဦးအထိရှိပြီး(၃)ဦး သေဆုံးခဲ့

မွန်ပြည်နယ်မှာ အခုလအတွင်း သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူ ပိုမိုမြင့်တက်လာသလို သွေးလွန်တုပ်ကွေးရောဂါကြောင့် သေဆုံးသူတွေ ရှိလာတယ်လို့ စစ်ကောင်စီ ပြည်နယ်ကျန်းမာရေး ဦးစီးဌာန တာဝန်ရှိသူတွေက ပြောပါတယ်။

သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုအရ အခုနှစ် ဇန်နဝါရီလကနေ မေလထိ ရောဂါဖြစ်ပွားသူ ၂၀၀ ကျော်ထိ ရှိလာပြီး အခုမေလမှာတော့ တစ်ပတ်ကို သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူ ၅၀ နီးပါးထိ မြင့်တက်လာခဲ့တာပါ။

သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူတွေမှာ အသက် ၅ နှစ်နဲ့ ၉ နှစ်အရွယ် ကလေးသူငယ်တွေ အများဆုံး ပါဝင်နေတာ ဖြစ်ပြီး မေလ ၁၈ ရက်နေ့ထိ သွေးလွန်တုပ်ကွေးရောဂါကြောင့် သေဆုံးသူ ၃ ဦးထိ ရှိလာခဲ့ပါတယ်။

ဒါကြောင့် ကလေးသူငယ်တွေ ဖျားနာပြီးနောက် ပျို့အန်တာ၊ ဗိုက်နာတာ၊ ခန္ဓာကိုယ်မှာ အနီစက်တွေ ထွက်ရှိလာတာ စတဲ့ သွေးလွန်တုပ်ကွေး ရောဂါ လက္ခဏတွေ ပြသရင် နီးစပ် ရာ ဆေးရုံ၊ဆေးခန်းတွေ မှာ အမြန်းဆုံး တက်ရောက်ကုသပေးဖို့ ပြည်နယ်ကျန်းမာရေး ဦးစီးဌာန တာဝန်ရှိသူ တစ်ဦးက တိုက်တွန်းထားပါတယ်။

သွေးလွန်တုပ်ကွေးရောဂါဟာ အရင်နှစ်တွေက ဖြစ်ပွားမှုနည်းပါးခဲ့တာကြောင့် ဒီနှစ်မှာ ဖြစ်ပွားမှု များလာနိုင်တဲ့အတွက် ကြိုတင်ကာကွယ်တဲ့အနေနဲ့ နေအိမ်ပတ်ဝန်းကျင်မှာ ဖုံး၊သွန်၊လဲ၊စစ် လုပ်ငန်းတွေ ဆောင်ရွက်ပေးကြဖို့ တိုက်တွန်းတာပါ။

မိုးရာသီမှာ အဖြစ်များတဲ့ သွေးလွန်တုပ်ကွေးရောဂါဟာ ရေကြည်ရေသန့်မှာ ပေါက်ဖွားတဲ့ ခြင်ကျားကိုက်ခံရတာက တဆင့် ကူးစက်တဲ့ ရောဂါ တစ်ခုဖြစ်ပြီး အချိန်မီကုသတာတွေ မလုပ်ရင် အသက်သေဆုံးတဲ့အထိ ဖြစ်ပေါ်နိုင်ပါတယ်။

မွန်ပြည်နယ်မှာတော့ နှစ်စဉ် သွေးလွန်တုပ်ကွေး ရောဂါ ဖြစ်ပွားတဲ့ ကလေးသူငယ် ၁၀၀၀ ကျော်လောက် ရှိနေတာ ဖြစ်ပြီး သေဆုံးသူဟာ တစ်နှစ်ကို အနည်းဆုံး ၅ ဦးထက်မနည်း ရှိနေပါတယ်။

July 30, 2026
ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) သည် အာရက္ခတပ်တော် (AA) အပါအဝင်...
July 25, 2026
ကရင်ပြည်၊ ဖာပွန်ခရိုင်တွင် အင်အားထောင်ချီဖြင့် စစ်ကြောင်းထိုးနေသည့် စစ်တပ်စစ်ကြောင်းမှာ အထိနာကာ...
ဓာတ်ပုံ-CJ See less
July 24, 2026
အာဏာသိမ်း စစ်တပ် အသွင်ပြောင်း အစိုးရ သမ္မတ ဦးမင်းအောင်လှိုင်က စားသုံးဆီ လျှော့ချဖို့...
July 23, 2026
မော်လမြိုင် - စစ်တပ်အသွင်ပြောင်း အစိုးရလက်ထက်တွင် အခြေခံစားသောက်ကုန်ဖြစ်သော ကြက်ဥတစ်လုံးလျှင်...