NUG ကာကွယ်ရေးဝန်ကြီးဌာနအတွင်းဝန် ဦးနိုင်ထူးအောင်၏ နွားထိုးကြီးမြို့မှနေအိမ် မီးရှို့ခံရ

NUG ကာကွယ်ရေးဝန်ကြီးဌာနအတွင်းဝန် ဦးနိုင်ထူးအောင်၏ နွားထိုးကြီးမြို့မှနေအိမ် မီးရှို့ခံရ

မန္တလေးတိုင်း နွားထိုးကြီးမြို့ အမှတ်(၃)ရပ်ကွက်ရှိ NUG ကာကွယ်ရေးဝန်ကြီးဌာန အတွင်းဝန် ဦးနိုင်ထူးအောင်၏နေအိမ် မေလ ၁၇ ရက် ည ၁၂ နာရီခန့်က မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း သိရ သည်။

မီးရှို့ဖျက်ဆီးခံရမှုကြောင့် နေအိမ်အနောက်ဖက်ရှိ ပန်းထိမ်ဖို မီးလောင်ပျက်စီးခဲ့ပြီး နေအိမ်တစ်လုံးလည်း ပျက်စီးသွားကြောင်း ဒေသခံများထံသိရသည်။

ဒေသခံတစ်ဦး၏ပြောကြားချက်အရ မီးရှို့ပြီးနောက် ခြောက်လှန့်ပစ်ခတ်သံများကြားခဲ့ရပြီး စစ်အုပ်စုက မီးရှို့ခြင်းဖြစ်နိုင်ကြောင်း ဆိုသည်။

“ ဒီရက်ပိုင်း မြို့ထဲမှာ စစ်တပ်က လူတွေဖမ်းနေတာ။ ဒီအိမ်နားကိုလည်း ဗုံးထောင်တာတွေ လုပ်ခဲ့သေး တယ်။ စစ်ကောင်စီတပ် လက်ချက်ကလွဲပြီး မဖြစ်နိုင်ဘူး” ဟု ဆိုသည်။

ဦးနိုင်ထူးအောင်၏ မိသားစုဝင်များမှာ စစ်အုပ်စုရန်ကြောင့် တိမ်းရှောင်နေရသဖြင့် ထိခိုက်မှုမရှိကြောင်း သိရသည်။

နွားထိုးကြီးမြို့နယ်သတင်းစုံတွင် စစ်ကောင်စီတပ်သည် ယခင်ကလည်း ဦးနိုင်ထူးအောင်မိသားစုပိုင် နေအိမ်ကို ဓာတ်ဆီဖြင့်ဖျန်းခြင်း၊ ဗုံးထောင်ခြင်းများပြုလုပ်ခဲ့ကြောင်း ဖော်ပြထားသည်။

စစ်လော်ဘီများကလည်း ဦးနိုင်ထူးအောင်၏ လိပ်စာအတိအကျကိုဖော်ပြကာ မိသားစုဝင်များကို ဖမ်းဆီး ရန်၊ နေအိမ်ကိုချိပ်ပိတ်ရန် ရေးသားခဲ့ကြသေးသည်။

ဦးနိုင်ထူးအောင်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ၏ နွားထိုးကြီးမြို့နယ် ပြည်သူ့လွှတ် တော်ကိုယ်စားလှယ်အဖြစ် ၂၀၁၅ ရွေးကောက်ပွဲနှင့် ၂၀၂၀ ရွေးကောက်ပွဲတို့တွင် အနိုင်ရရှိခဲ့ပြီး စစ်ကောင်စီမှအာဏာသိမ်းပြီးနောက် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) အဖွဲ့ဝင် အဖြစ်ပါဝင်ခဲ့ကာ လက်ရှိ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန၏ အတွင်းဝန် အဖြစ် တာဝန်ယူထားသူဖြစ်သည်။

March 14, 2026
စစ်ကော်မရှင်က ၂၀၂၆ ခုနှစ် မတ်လ ၁ ရက်မှ ၁၀ ရက်အတွင်း  ညောင်လေးပင်မြို့နယ်၌ ကျူးလွန်ခဲ့သည့်...
March 13, 2026
ပါခွီး — ပဲခူးတိုင်း ၊ တောင်ငူမြို့ အခြေစိုက် ကေတုမတီလေတပ်ကို ရှော့တိုက်ဒုံး ၁၈လုံးဖြင့် ပစ်ခတ်...
March 12, 2026
အိန္ဒိယ - မြန်မာ ကုန်သွယ်မှုပြုလုပ်မည့် ကုလားတန်ဘက်စုံသုံးသယ်ယူပို့ဆောင်ရေး စီမံကိန်း (Kaladan...
March 11, 2026
မောင်ခက်နွေ — အာဏာသိမ်းမြန်မာစစ်တပ်၏ ဝင်ငွေအရင်းအမြစ်ဖြစ်သည့် ပုလဲလုပ်ငန်းတွင် ပါဝင်ပတ်သက်နေသော...