မော်လမြိုင် ပုဂ္ဂလိကဆေးရုံတွေမှာ စစ်ကောင်စီက CDM ဝန်ထမ်း ရှိ မရှိ လိုက်လံ စစ်ဆေး

မော်လမြိုင် ပုဂ္ဂလိကဆေးရုံတွေမှာ စစ်ကောင်စီက CDM ဝန်ထမ်း ရှိ မရှိ လိုက်လံ စစ်ဆေး

မော်လမြိုင်မြို့က ပုဂ္ဂလိကဆေးရုံတွေမှာ စစ်ကောင်စီ လက်အောက်ခံ အဖွဲ့အစည်းတွေက အာဏာဖီဆန်ရေး CDM လုပ်ဆောင်ထားတဲ့ ဝန်ထမ်းတွေ ရှိ မရှိ လိုက်လံ စစ်ဆေးလာတယ်လို့ ပုဂ္ဂလိကဆေးရုံရှိ ကျန်းမာရေးဝန်ထမ်းတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပုဂ္ဂလိကဆေးရုံတွေမှာ စစ်ကောင်စီ လက်အောက်ခံ ဌာနတွေ ဖြစ်တဲ့ ကျန်းမာရေးဌာန၊ ရဲတပ်ဖွဲ့၊ စည်ပင်နဲ့ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ဝင်တွေက CDM ဝန်ထမ်း ရှိ မရှိ လာရောက် စစ်ဆေးနေပြီး မကြာခဏ ဆိုသလို ရှောင်တခင် ဝင်ရောက် စစ်ဆေးတာတွေ လုပ်ဆောင်လာတာပါ။

အဲဒီလို စစ်ဆေးရာမှာ CDM ဝန်ထမ်း ရှိ မရှိ မေးမြန်းပြီးနောက် CDM ဝန်ထမ်းမရှိရင်လည်း လက်ရှိ လုပ်ကိုင်နေတဲ့ ဆရာဝန်နဲ့ သူနာပြုတွေရဲ့ ဆေးကုသခွင့် လိုင်စင်တွေကိုပါ စစ်ဆေးလာတယ်လို့ ကျန်းမာရေးဝန်ထမ်း တစ်ဦးက ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ မွန်ပြည်နယ်ကျန်းမာရေးဦးစီးမှူး ဒေါက်တာနန္ဒဝင်းကလည်း ပုဂ္ဂလိက ဆေးရုံတွေမှာ CDM ဝန်ထမ်းတွေ အလုပ်မခန့်ဖို့နဲ့ အလုပ်ခန့်ရင် ဆေးရုံတွေကို ပိတ်သိမ်းသွားမယ်လို့ ခြိမ်းခြောက်ပြောဆိုခဲ့ပါတယ်။

စစ်ကောင်စီက ကျန်းမာရေး CDM ဝန်ထမ်းတွေကို အခုလို လိုက်လံဖိနှိပ်နေတာဟာ လူမဆန်တဲ့ လုပ်ရပ်ကို ကျူးလွန် ဖြစ်တယ်လို့ ဆရာဝန် တစ်ဦးက မှတ်ချက်ပြုပါတယ်။

CDM ဝန်ထမ်းတွေဟာ အခုအခါမှာတော့ စစ်ကောင်စီက ဖမ်းဆီးမှာကို စိုးရိမ်တာကြောင့် ထွက်ပြေးတိမ်းရှောင်နေရသလို တချို့ CDM ဝန်ထမ်းတွေက ဇာတ်မြုပ်ပြီး နေထိုင်နေရပါတယ်။

မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကောင်စီကို အကြမ်းမဖက်တဲ့ နည်းလမ်းနဲ့ အာဏာဖီဆန်ရေး CDM လုပ်ဆောင်ထားတဲ့ ကျန်းမာရေး ဝန်ထမ်း ရာနဲ့ချီ ရှိနေတာ ဖြစ်ပါတယ်။

May 7, 2026
မွန်ပြည်နယ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက် ခန့်အပ်ထားတဲ့ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို...
May 6, 2026
မွန်ဒေသအတွင်းရှိ ပြည်သူလူထုတွေအနေနဲ့ ဒေသလိုအပ်ချက်တွေအပါအဝင် ရင်ဆိုင်နေရတဲ့ အခက်အခဲ ပြဿနာတွေကို...
May 5, 2026
နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို လျှို့ဝှက်နေရာမှာ ဖမ်းဆီးထားရာကနေ...
ဓာတ်ပုံ - KNU
May 4, 2026
ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်နယ်မြေတွေမှာ အခုရက်ပိုင်းအတွင်း အာဏာသိမ်း စစ်အစိုးရက...