NLD လက်ထက် ဗဟိုဘဏ်ဒုဥက္ကဌ ဦးဘိုဘိုငယ်ကို ဖမ်းဆီးပြီး ၁၄ လကျော်အကြာမှ အဂတိလိုက်စားသည်ဆိုကာ စစ်ကောင်စီကအမှုဖွင့်

NLD လက်ထက် ဗဟိုဘဏ်ဒုဥက္ကဌ ဦးဘိုဘိုငယ်ကို ဖမ်းဆီးပြီး ၁၄ လကျော်အကြာမှ အဂတိလိုက်စားသည်ဆိုကာ စစ်ကောင်စီကအမှုဖွင့်

NLD လက်ထက် ဗဟိုဘဏ်ဒုဥက္ကဌ ဦးဘိုဘိုငယ်ကို ဖမ်းဆီးပြီးတစ်နှစ်ကျော်အကြာမှ အဂတိလိုက်စားသည်ဆိုကာ စစ်ကောင်စီကအမှုဖွင့်လိုက်သည်။

စစ်အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ်ဖေဖော်ဝါရီ ၁ ရက်တွင် ဦးဘိုဘိုငယ်မှာ ဖမ်းဆီးခံခဲ့ရပြီး အဖမ်းခံရပြီးတစ်နှစ်ကျော်အကြာ ၂၀၂၂ ခုနှစ် မေ ၁၀ ရက်မှသာ ရဲစခန်းတွင် ပထမသတင်းပေးတိုင်ချက်ဖွင့်လှစ်အရေးယူထားကြောင်း စစ်ကောင်စီလက်အောက်ခံ အဂတိကော်မရှင်ကထုတ်ပြန်သည်။

ဦးဘိုဘိုငယ်သည် မြန်မာနိုင်ငံတော် ဗဟိုဘဏ်တွင် ဒုတိယဥက္ကဋ္ဌတာဝန်ဖြင့် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဌာန၊ ဘဏ်လုပ်ငန်း ကြီးကြပ် စစ်ဆေးရေးဌာနနှင့် စာရင်းဌာနတို့ကို ကြီးကြပ်ဆောင်ရွက်ခဲ့သည်ဟု အဂတိကော်မရှင်ကဆိုသည်။

နိုင်ငံခြားသုံးငွေ ရောင်းဝယ်ဖောက်ကားခွင့် လိုင်စင်ရဘဏ်များက သုံးနှစ်အတွင်းငွေကြေးလွှဲပြောင်းမှု ၂၉၀၀၀၀ ကျော်ရှိကြောင်း၊ ဒေါ်လာတစ်သောင်းအထက်ငွေကြေးလွှဲပြောင်းမှုရှိပါက ဗဟိုဘဏ်နှင့် ရဲအဖွဲ့သို့ သတင်းပေးပို့ရမည်ဖြစ်ပြီး ယင်းကာလအတွင်း သတင်းပေးပို့မှုမှာ ဗဟိုဘဏ်သို့ခွင့်ပြုချက်တောင်းခံမှု ၃၅၂ ကြိမ်နှင့်ရဲတပ်ဖွဲ့သို့ ကိုးကြိမ်သာရှိခဲ့သည်ဟု ကော်မရှင်ကထုတ်ပြန်သည်။

ခွင့်ပြုချက်တောင်းခံခဲ့သည့် ငွေလွှဲပြောင်းမှုများအနက်မှ ၇ ခု (ငွေတန်ဖိုး အမေရိကန်ဒေါ်လာ ၇၃ သန်းကျော်၊ ဂျပန်ယန်း သန်း ၃၀ ကျော်၊ ယူရို ၁ သိန်းကျော်)ကို စိစစ်ခဲ့ရာ တံဆိပ်ခေါင်းအခွန် တစ်မျိုးတည်း အတွက်ပင် ကျပ် ၁၀၂ သန်းကျော် နစ်နာသည်ဟု စစ်ကောင်စီ၏အဂတိကော်မရှင်ကဆိုသည်။

ထို့ပြင်၂၀၁၈ ခုနှစ်အတွင်း Small and Medium Enterprises Development (SMED) ဘဏ်မှတစ်ဆင့် Open Society Myanmar က ဒေါ်လာ ၁ ဒသမ ၄ သန်းထုတ်ယူရာတွင် ဝင်ငွေခွန်ကျပ် သန်း၃၆၀ ကိုမကောက်နိုင်သဖြင့် နစ်နာဆုံးရှုံးခဲ့သည်ဟုဆိုသည်။

ထို့ပြင် ချေးငွေရသည့် ဒေါ်လာ သန်း ၃၅၀ ကို အတိုးနှုန်းပိုရသည့် ဘဏ်တွင် အပ်နှံရန် ဦးဘိုဘိုငယ်ထံ တင်ပြခဲ့သော်လည်း ၎င်းတစ်ဦးတည်း၏ ဆုံးဖြတ်ချက်ဖြင့် စင်္ကာပူနိုင်ငံ SMBC ဘဏ်သို့ အပ်နှံစေခဲ့ရာ ဘဏ်နှစ်ခု၏ အတိုးနှုန်းနှိုင်းယှဉ်ချက်အရ ဒေါ်လာ ၀.၃၉ သန်းကျော် (ငွေကျပ် ၆၆၅ သန်းကျော်) နစ်နာခဲ့သည်ဟု စစ်ကောင်စီ၏ အဂတိကော်မရှင်ကဆိုသည်။

ယင်းကြောင့် ဦးဘိုဘိုငယ်ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ အရ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ဘုရားကုန်းမြို့မ ရဲစခန်းတွင် အမှုဖွင့်ထားကြောင်း အဂတိကော်မရှင်ကဆိုသည်။

July 22, 2026
ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်ရှိ ရဲစခန်းအား မိုင်းခွဲတိုက်ခိုက်ခဲ့ရာတွင်...
July 21, 2026
ရှမ်းပြည် တောင်ပိုင်း၊ မိုးဗြဲမြို့နှင့် ကရင်နီပြည်၊ နန်းမယ်ခုံအကြားတွင် ဇွန်လ ဒုတိယပတ်က...
July 18, 2026
ချင်းပြည်၊ ဟားခါးမြို့တွင် ဇူလိုင်လ ၁၇ ရက်နေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့သည့်...
July 18, 2026
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် မြန်မာနိုင်ငံတစ်ဝန်းတွင် စုစုပေါင်း မြေအောက်ဆေးရုံ ၁၀...