အင်းလေးဒေသ ပြည်သူ့စစ်ခေါင်းဆောင်နှင့်သားမက်ဖြစ်သူ ပစ်သတ်ခံရ

အင်းလေးဒေသ ပြည်သူ့စစ်ခေါင်းဆောင်နှင့်သားမက်ဖြစ်သူ ပစ်သတ်ခံရ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ် ခေါင်းဆောင်နှင့် သားမက်ဖြစ်သူတို့ကို  မေလ ၉ ရက် နံနက်ပိုင်းက ပစ်ခတ်ခဲ့သည်ဟု ပြည်သူ့ဘက် တော်သား Assassin For Justice(AFJ) ပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်သည်။

ညောင်ရွှေမြို့နယ်၊ သန်းတောင်ဈေးတွင် နံနက် ၆ နာရီခန့်က ပြည်သူ့စစ်ခေါင်းဆောင် ဦးရဲမြင့်နှင့် သားမက်ဖြစ်သူကျော်စွာတို့ ဆိုင်ဖွင့်ရန်ပြင်ဆင်နေစဉ် ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး အဆိုပါနေရာတွင် ပွဲချင်းပြီး သေဆုံးသွားကြောင်းသိရသည်။

“ ပြီးခဲ့တဲ့ မေလ ၃ရက်နေ့က ရပခအစည်းအဝေးကိုတက်ရောက်စဥ် အခွင့်အခါမသင့်ခဲ့လို့ ဒီမနက်မှ ရှင်း လိုက်တာပါ။ ဒီမနက်မှာ သူတို့ နှစ်ဦးကို သေနတ်နဲ့ နှစ်ချက် ပစ်သတ်ခဲ့တာဖြစ်ပြီးတော့ တစ်ချက်က မိုး ပေါ်ထောင်ပစ်ခဲ့တာပါ။ ပြည်သူလူထုကို ခြိမ်းခြောက်ခြင်း လုံး၀ မဟုတ်ဘဲ ပြေးလွှားရန်အခက်အခဲ ကြောင့် မဖြစ်မနေပစ်ဖောက်ခဲ့မိတာပါ။ ဒါ့ကြောင့် ပြည်သူလူထုများအား AFJ အဖွဲ့သားအားလုံး အနူး အညွတ်တောင်းပန်အပ်ပါတယ်” ဟု ပြည်သူ့ဘက်တော်သား Assassin For Justice(AFJ) ပြောက်ကျား တပ်ဖွဲ့က ဆိုသည်။

အသတ်ခံရသူနှစ်ဦးသည် ညောင်ရွှေမြို့နယ်၊ ရွာမ ကလေးငယ်ရပ်တွင်နေထိုင်သူများဖြစ်ကာ နှစ်ဦးစလုံး စစ်ကောင်စီသတင်းပေးများဖြစ်ပြီး ဦးရဲမြင့်သည် စစ်ကောင်စီတပ်ထွက်ဖြစ်ကြောင်း သိရသည်။

ယနေ့ရှင်းလင်းမှုနှင့်ပတ်သက်ပြီး အင်းလေမြေအောက်အဖွဲ့ဆိုသည့်အဖွဲ့တစ်ဖွဲ့က ၎င်းတို့လက်ချက်ဖြစ် ကြောင်းထုတ်ပြန်ထားသည်မှာ လိမ်လည်ထုတ်ပြန်ချက်သာဖြစ်ကြောင်း၊ မည်သည့်အတွက်ကြောင့် ထုတ်ပြန်သည်ကိုမသိရသော်လည်း ထိုကိစ္စနှင့်ပက်သက်ပြီး အလှူငွေကောက်ခံခြင်းပြုလုပ်ပါက AFJ အဖွဲ့နှင့်လုံးဝမသက်ဆိုင်ကြောင်းကိုလည်း ထုတ်ပြန်ထားသည်။

May 7, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား “ခြွင်းချက်မရှိ လွှတ်ပေးရန်”...
May 6, 2026
Miss Grand Myanmar ၂၀၂၆ ၏ ပြိုင်ပွဲတခုအတွင်း မယ်သီလရှင်ဝတ်စုံ ဖြင့်...
May 5, 2026
အိန္ဒိယ-မြန်မာနယ်စပ်၊ နာဂဒေသအတွင်းရှိ နယ်စပ်ကုန်သွယ်ရေး ပန်ဆောင်ဂိတ်ကို စစ်အုပ်စုတပ်က မေလ ၁...
May 4, 2026
မောင်ခက်နွေ — နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား လျှို့ဝှက်နေရာမှ...