အိန္ဒုမှာ လူဦးရေ ၃၀ ကျော် အစာအဆိပ်သင့်မှု ဖြစ်ပွား

အိန္ဒုမှာ လူဦးရေ ၃၀ ကျော် အစာအဆိပ်သင့်မှု ဖြစ်ပွား

ကရင်ပြည်နယ်၊ ဘားအံမြိုနယ်၊ အိန္ဒုစံပြကျေးရွာမှာ မေလ ၉ ရက်နေ့ နေ့လည်ပိုင်းက လူဦးရေ ၃၀ ကျော် အစာအဆိပ်သင့်မှုဖြစ်ပွားခဲ့တယ်လို့ ဒေသ လူမှုကူညီရေး တာဝန်ရှိသူတွေက ပြောပါတယ်။

အိန္ဒု စံပြကျေးရွာအတွင်း မင်္ဂဆောင်တစ်ခုမှာ မင်္ဂလာဆောင်လာသူတွေကို ကြက်သား၊ ဝက်သား၊ မျှစ်ချဉ်၊ ငါး၊ မျောက်ဥ၊ ငပိထောင်း၊ ကြာဇံသုတ်၊ မုန့်အပါအဝင် အစားအသောက်တွေနဲ့ ဧည့်ခံခဲ့တယ်လို့ သိရပါတယ်။

မင်္ဂလာဆောင်က ဧည့်ခံတဲ့ အစားအသောက်တွေက စားသောက်ပြီးနောက် လူဦးရေ ၃၀ ကျော်မှာ မူးဝေအော့အန်တာ၊ ဝမ်းသွားတာ၊ ခေါင်းမူးတာတွေဖြစ်ပေါ်ခဲ့တာဖြစ်ပါတယ်။

"ရာသီဥတုကလည်း အရမ်းပူတယ်။ အဲဒီအချိန်မှာ မင်္ဂဆောင်ကလဲ အစားအသောက်တွေကို မျိုးစုံချက်ကျွေးတာဆိုတော့ ရာသီဥတု အပူရယ် ဟင်းကလဲ အမယ်စုံဆိုတော့ စားသုံးပြီးတော့ဖြစ်တာလား။ အဲလိုမှ မဟုတ် ချက်ထားတဲ့ ဟင်းတွေကြောင့် ဖြစ်တာလား မပြောတတ်ဘူး၊ အစာအဆိပ့်သင့်တာဖြစ်သွားတယ်''လို့ ဒေသ လူမှုကူညီရေးအသင်း တာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။

အစာအဆိပ့်သင့်တဲ့ လူနာတွေကိုတော့ ဒေသ လူမှုကူညီရေးအသင်းအဖွဲ့တွေရဲ့ အကူအညီနဲ့ဘားအံပြည်သူ့ဆေးရုံကို တင်ပို့ပေးထားရတယ်လို့ ဆိုပါတယ်။

အစာအဆိပ့်သင့်သူတွေထဲမှာ ကလေး လူကြီး အရွယ်စုံပါဝင်ပြီး တချို့ကတော့ သက်သာသလို ရှိနေကာ တချို့ကတော့ ဆက်လက်စောင့်ကြည့်ရမယ့် အခြေအနေမှာ ရှိနေတယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။

July 30, 2026
ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) သည် အာရက္ခတပ်တော် (AA) အပါအဝင်...
July 25, 2026
ကရင်ပြည်၊ ဖာပွန်ခရိုင်တွင် အင်အားထောင်ချီဖြင့် စစ်ကြောင်းထိုးနေသည့် စစ်တပ်စစ်ကြောင်းမှာ အထိနာကာ...
ဓာတ်ပုံ-CJ See less
July 24, 2026
အာဏာသိမ်း စစ်တပ် အသွင်ပြောင်း အစိုးရ သမ္မတ ဦးမင်းအောင်လှိုင်က စားသုံးဆီ လျှော့ချဖို့...
July 23, 2026
မော်လမြိုင် - စစ်တပ်အသွင်ပြောင်း အစိုးရလက်ထက်တွင် အခြေခံစားသောက်ကုန်ဖြစ်သော ကြက်ဥတစ်လုံးလျှင်...