ဒါးလက်ချောင်းအုပ်စုမှ ဒေသခံများ ဆန်သယ်ယူခွင့် ကန့်သတ်ခံရ

ဒါးလက်ချောင်းအုပ်စုမှ ဒေသခံများ ဆန်သယ်ယူခွင့် ကန့်သတ်ခံရ

အမ်းမြို့နယ်၊ ဒါးလက်ချောင်းကျေးရွာအုပ်စုတွင် မေလ ၆ ရက်နေ့မှစတင်ကာ ဆန်သယ်ယူခွင့်ကို စစ်ကောင်စီက ကန့်သတ်လိုက်ကြောင်း ဒေသခံများကပြောဆိုကြသည်။

ယခုကဲ့သို့ ဆန်ရိက္ခာသယ်ယူခွင့်ကို ကုန်လမ်း၊ ရေလမ်းနှစ်ခုလုံးမှပိတ်ထားခြင်းဖြစ်ကာ တစ်ပတ်လျှင် တစ်ကြိမ်သာခွင့်ပြုမည်ဟုသိရကြောင်း ဒါးလက်ချောင်းကျေးရွာမှ ဒေသခံတစ်ဦးကပြောသည်။

“ကုန်းလမ်းကြောင်းရော၊ ရေလမ်းကြောင်းရော ပိတ်ထားတာ။ ဘယ်လောက်ကြာကြာ ပိတ်မယ်ဆိုတာတော့ မသိဘူး။ တစ်ပတ်ကိုတစ်ကြိမ် သယ်ယူခွင့်ရမယ်လို့တော့ပြောတယ်”ဟု ၎င်းဒေသခံကဆိုသည်။

ဒါးလက်ချောင်းကျေးရွာအုပ်စုတွင် ကျေးရွာပေါင်း ၅၀ ကျော်ရှိပြီး ဆန်ရိက္ခာများကို မင်းပြားမြို့နယ်ဖက်မှ အဓိကဝယ်ယူကြသည်။ လက်ရှိမှာ ဆန်ရိက္ခာသယ်ယူခွင့် ပိတ်ပင်ထားခြင်းမှာ မည်သည့်အတွက်ကြောင့် ဖြစ်သည်ကို မသိရသေးဟု ဒေသခံများကပြောသည်။

“အခုဆန်တွေ စျေးတက်သွားတယ်။ ဆန် ၂ တောင်းအိတ်တစ်အိတ်ကို နှစ်သောင်းကျပ်ထိဖြစ်သွားတယ်။ အရင်တုန်းက ၁၈၀၀၀ ဘဲရှိတယ်။ အဲဒါပိတ်ထားတာ ဘယ်လောက်မှမကြာသေးဘူး။ စျေးကအဲလိုဖြစ်နေတယ်။ ကြာကြာဆိုရင်တော့ တော်တော်အခက်အခဲဖြစ်လာမှာသေချာတယ်”ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ဒါးလက်ချောင်းဒေသခံတစ်ဦးကပြောသည်။

ယခုကဲ့သို့ ဒါးလက်ချောင်းကို ရိက္ခာသယ်ယူခွင့်ပိတ်ပင်ထားခြင်းနှင့်ပတ်သက်ပြီး ပြည်နယ်စစ်ကောင်စီ ပြောခွင့်ရသူ ဦးလှသိန်းကို ဆက်သွယ်မေးမြန်းခဲ့ရာ ၎င်းက “ဒါတွေကို ငါလဲမသိသေးဘူး။ ဒါကတပ်ဖက်ဆိုင်ရာတွေက လုပ်တဲ့ကိစ္စတွေဖြစ်တယ်။ ငါတို့မသိဘူး။ တပ်ဖက်ကိုဘဲ မေးကြည့်ရမှာဖြစ်တယ်”ဟု ဆိုသည်။

ထို့ကြောင့် ပြည်နယ်စစ်ကောင်စီအဖွဲ့ဝင် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရကို ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိပေ။

ဒါးလက်ချောင်းကျေးရွာအုပ်စုအတွင်း ရိက္ခာသယ်ယူခွင့်ကို ပြီးခဲ့သည့်တိုက်ပွဲကာလအတွင်းကလည်း တစ်နှစ်ခန့်ကြာပိတ်ပင်ခံခဲ့ရပြီး ဒေသခံများမှာ စားသောက်ရေးအတွက် အခက်အခဲများစွာကြုံတွေ့ခဲ့ကြရသည်။

April 11, 2026
တိုက်ပွဲများ ရှိနေသည့် စစ်တွေမြို့တွင် စစ်ကောင်စီသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အဖြစ် ဝန်ကြီး ၈...
April 10, 2026
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် သင်္ကြန်ကာလ နီးကပ်လာမှုနှင့်အတူ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးကာကင်းစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 9, 2026
မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းတွင် တိုက်ပွဲဖြစ်ပွားမှု ဆက်တိုက်ရှိနေပြီး...
တားမြစ်ထားသည့် ယစ်မျိုးကုန်များ ရောင်းချမှုရှိ/မရှိ ULA/AA က စစ်ဆေးမှုများ လုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ်အတွင်းက ရခိုင်ဒေသတစ်နေရာတွင် တွေ့ရစဉ်။ ဓာတ်ပုံ - APM
April 8, 2026
သင်္ကြန်ကာလအတွင်း အာရက္ခတပ်တော်(AA) ထိန်းချူပ်ဒေသများသို့ တရားဝင် တင်သွင်းခွင့်ပြုထားသည့်...