NUG နှင့်အာဆီယံ အလွတ်သဘောဆွေးနွေးရန် မလေးရှားနိုင်ငံကတိုက်တွန်းမည်ဟုပြောသည်ကိုပင် စစ်ကောင်စီ အပြင်းအထန်ကန့်ကွက်

NUG နှင့်အာဆီယံ အလွတ်သဘောဆွေးနွေးရန် မလေးရှားနိုင်ငံကတိုက်တွန်းမည်ဟုပြောသည်ကိုပင် စစ်ကောင်စီ အပြင်းအထန်ကန့်ကွက်

ပြီးခဲ့သည့် မေလ ၁ ရက်နေ့က မလေးရှား နိုင်ငံခြားရေးဝန်ကြီးက အာဆီယံကို NUG နှင့် အလွတ်သဘော ဆွေးနွေးရန် တိုက်တွန်းမည်ဟု ပြောကြားခဲ့ကြောင်း မေလ ၂ ရက်နေ့တွင် The Diplomat သတင်းဌာနမှ သိရသည်။

မလေးရှားနိုင်ငံခြားရေးဝန်ကြီးက မေလ ၅ ရက်နေ့တွင် ပြုလုပ်မည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် NUG နှင့် အလွတ်သဘောဆွေးနွေးရန်အပါအဝင် မြန်မာနှင့်ပတ်သက်သည့် အချက် သုံးချက်ကို အဆိုပြုသွားမည်ဖြစ်ကြောင်း အထက်ပါသတင်းဌာန၏ဖော်ပြချက်အရ သိရသည်။

ထိုသို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက အဆိုပြုရန်ပြောဆိုသည်ကိုပင် စစ်ကောင်စီ၏ လက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနက အကြမ်းဖက်အဖြစ်သတ်မှတ်ထားသည့် NUG ကိုတွေ့ဆုံရန် တိုက်တွန်းချက် ကို ကန့်ကွက်ကြောင်းနှင့် မလေးရှားနိုင်ငံ၏လုပ်ရပ်သည် အကြမ်းဖက်မှုကို အားပေးရာရောက်ကြောင်း အပြင်းအထန် ကန့်ကွက်လိုက်သည်။

ထိုသို့ကန့်ကွက်ရာတွင် “ မလေးရှားနိုင်ငံခြားရေးဝန်ကြီး၏ မဆင်မခြင်နှင့် တာဝန်မဲ့ အဆိုပြုပြောကြား ချက်” ဟူသော အသုံးအနှုန်းကိုပင် အသုံးပြုထားသည်။

မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးသည့်အချိန်မှစ၍ အာဆီယံသည် ၂၀၂၁ ခုနှစ် ဧပြီလအတွင်းက ကျင်းပ‌သော မြန်မာ့အရေးအစည်းအဝေးမှအပ ကျန်အစည်းအဝေးများသို့ စစ်ခေါင်းဆောင်များကိုဖိတ် ကြားခြင်းမရှိခဲ့ပေ။ ထို့အတူ NUG အစိုးရနှင့်လည်း တစ်နှစ်အတွင်း ဆက်သွယ်တွေ့ဆုံခဲ့ခြင်းမရှိကြောင်း NUGထံမှသိရသည်။

အာဆီယံအနေဖြင့် တွေ့ဆုံခြင်းမရှိသော်လည်း NUG သည် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် တွေ့ဆုံမှုများ ရှိခဲ့သည်။ ၎င်းတို့ထဲတွင် မလေးရှားသည် NUG မှတာဝန်ရှိသူများနှင့်တွေ့ဆုံကြောင်း ပြီးခဲ့သည့် သီတင်း ပတ်အတွင်းက ကြေညာခဲ့သည်။

ထို့အပြင် လာမည့်အစည်းအဝေးတွင် NUG နှင့် တွေ့ဆုံရန် အာဆီယံကို အဆိုပြုတိုက်တွန်းမည်ဟု ပြော ကြားလာခြင်းဖြစ်သည်။ NUG နှင့်ပတ်သက်ပြီး မလေးရှားနိုင်ငံ၏ လုပ်ဆောင်မှုများအပေါ်တွင် NUG ၏ အာဆီယံဆိုင်ရာကိုယ်စားလှယ် ဦးဘိုလှတင့်က “ မလေးရှားအစိုးရရဲ့ လက်တွေ့ကျ မျှတတဲ့ ဦးဆောင် ကြိုးပမ်းမှုတခုအဖြစ် လှိုက်လှဲစွာ ကြိုဆိုပါတယ်” ဟုဆိုသည်။

မြန်မာ့အရေးနှင့်ပတ်သက်၍ ပြည်သူလူက ရွေးကောက်တင်မြှောက်ထားသူများနှင့်ဖွဲ့စည်းထားသည့် NUG အစိုးရကို စင်ကာပူ၊ ဖိလစ်ပိုင်၊ ဘရုနိုင်းနိုင်ငံများကလည်း ရပ်တည်ထောက်ခံကြောင်း ပြသခဲ့မှုများ ရှိခဲ့သည်။

စစ်ကောင်စီအနေဖြင့် အာဆီယံ၏ ဆုံးဖြတ်ချက်များနှင့် ပြောကြာချက်များအပေါ်တွင် လိုက်နာဆောင် ရွက်ခြင်းမရှိသည့်အပြင် ဖမ်းဆီးထားသည့်နိုင်ငံခေါင်းဆောင်များနှင့် တွေ့ဆုံခွင့်ရရန်တောင်းဆိုသည့် အခါများတွင် အာဆီယံ၏ပဋိညာဉ်ကိုလက်ကိုင်ပြုပြီး အကြောက်အကန်ငြင်းဆန်နေသည်ကို တွေ့ရ သည်။

April 7, 2026
ပို့ကုန်ရငွေ မပေးသွင်းမှုဖြင့် ခရိုနီ ဦးတေဇ၏ ထူးထရိတ်ဒင်းကုမ္ပဏီ အပါအဝင် ကုမ္ပဏီ ၂၉၀ နီးပါးကို...
ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...