စစ်ကောင်စီ ဖမ်းသွားသည့် ဆယ်ကျော်သက် ၂ ဦး ၁ ပတ် ကြာသည်ထိ အဆက်သွယ်မရ

စစ်ကောင်စီ ဖမ်းသွားသည့် ဆယ်ကျော်သက် ၂ ဦး ၁ ပတ် ကြာသည်ထိ အဆက်သွယ်မရ

တောင်ဒဂုံမြို့နယ်ရှိ နေအိမ်တစ်လုံး၌ စစ်ကောင်စီ၏ ဖမ်းဆီးခြင်း ခံခဲ့ရသော ဆယ်ကျော်သက် လူငယ်နှစ်ဦး တစ်ပတ်နီးပါး ရှိလာသည်အထိ အဆက်အသွယ် မရဟု ၎င်းတို့နှင့် နီးစပ်သူ တစ်ဦးက မဇ္ဈိမကို ပြောသည်။

အသက် ၁၇ နှစ်အရွယ် ကိုအောင်မျိုးထွန်းနှင့် အသက် ၁၈ နှစ်အရွယ် ကိုအောင်ဆန်းလင်းတို့ကို ပြီးခဲ့သည့် မေလ ၁ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီတပ်က ဝင်ရောက် ဖမ်းဆီးသွားခြင်း ဖြစ်သည်။

” မေလ ၁ ရက်နေ့က အိမ်တံခါးတွေကို ဖျက်ပြီး သူတို့နှစ်ယောက်ကို ဖမ်းသွားကြတာ” ဟု ၎င်းတို့နှင့် နီးစပ်သူက ပြောသည်။

ကိုအောင်မျိုးထွန်းသည် ဒေါပုံမြို့နယ်တွင် နေထိုင်သူဖြစ်ပြီး ကိုအောင်ဆန်းလင်းသည် သာကေတ မြို့နယ်တွင် နေထိုင်သူ ဖြစ်သည်။

လက်ရှိတွင် ၎င်းတိုနှစ်ဦး တောင်ဒဂုံမြို့နယ် ရဲစခန်းတွင် ရောက်ရှိနေသည်ဟု သိရပြီး မိသားစုနှင့် အဆက်အသွယ် မရရှိသေးဟု သတင်းရင်းမြစ်က မဇ္ဈိမကို ပြောသည်။

ထိုသို့ ဖမ်းဆီးခြင်း ခံထားရသော်လည်း ကိုအောင်မျိုးထွန်း၏ ဖုန်းအတွင်းရှိ လူမှုကွန်ရက် အကောင့်သည် အသုံးပြုမှု ရှိနေသည်ဟု အဆိုပါ သတင်းရင်းမြစ်က ပြောသည်။

July 22, 2026
ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်ရှိ ရဲစခန်းအား မိုင်းခွဲတိုက်ခိုက်ခဲ့ရာတွင်...
July 21, 2026
ရှမ်းပြည် တောင်ပိုင်း၊ မိုးဗြဲမြို့နှင့် ကရင်နီပြည်၊ နန်းမယ်ခုံအကြားတွင် ဇွန်လ ဒုတိယပတ်က...
July 18, 2026
ချင်းပြည်၊ ဟားခါးမြို့တွင် ဇူလိုင်လ ၁၇ ရက်နေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့သည့်...
July 18, 2026
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် မြန်မာနိုင်ငံတစ်ဝန်းတွင် စုစုပေါင်း မြေအောက်ဆေးရုံ ၁၀...