ငပုတောမြို့နယ် သပိတ်ခေါင်းဆောင် ၃ ဦးကို စစ်ကောင်စီက ထောင်ဒဏ်ချမှတ်

ငပုတောမြို့နယ် သပိတ်ခေါင်းဆောင် ၃ ဦးကို စစ်ကောင်စီက ထောင်ဒဏ်ချမှတ်

ဧရာဝတီတိုင်း ငပုတောမြို့နယ်တွင် စစ်အာဏာသိမ်းမှု ဆန့်ကျင်ကြောင်း ဦးဆောင် ဆန္ဒပြခဲ့သည့် အမျိုးသား သုံးဦးကို စစ်ကောင်စီ လက်အောက်ခံ ပုသိမ်အကျဉ်းထောင်တွင်း တရားရုံးက ထောင်ဒဏ်များ ချမှတ်ခဲ့ကြောင်း မိသားစုနှင့် နီးစပ်သူများထံက သိရသည်။

ငပုတောမြို့နယ် သပိတ်ခေါင်းဆောင် ကိုမင်းထွဋ်သွင်နှင့် ကိုဇော်ရဲနောင်(ခ) ကိုငုံးဥ တို့ကို မေလ ၆ ရက်နေ့က ပုဒ်မ (၅၀၅)-က ဖြင့် ထောင်ဒဏ် နှစ်နှစ် သဘာဝဘေး အန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၂၅ ဖြင့် ထောင်ဒဏ် နှစ်နှစ် စုစုပေါင်း ထောင်ဒဏ် လေးနှစ် အသီးသီး ချမှတ်ခဲ့ပြီး ပိုးလောင်းကျေးရွာမှ ဦးစိုးဝင်း (ခ) ကိုစိုးကြီးကိုမူ ပုဒ်မ (၅၀၅)-က ဖြင့် ထောင်ဒဏ် နှစ်နှစ်ချမှတ်လိုက်ကြောင်း သိရသည်။

“သူတို့တွေက အတူတူ အဖမ်းခံရတာ၊ အခုဆို တစ်နှစ်ကျော်ပါပြီ ကိုမင်းမင်းနဲ့ ကိုငုံးဥက သဘာဝဘေးရော (၅၀၅) ရောနဲ့ လေးနှစ်ဖြစ်သွားပြီး ကိုစိုးကြီးက (၅၀၅) နဲ့ နှစ်နှစ်ချလိုက်တာ၊ အဖမ်းခံရတာက မနှစ်က ဧပြီလ အကုန်မှာ အဖမ်းခံရတာ၊ အခုဆို တစ်နှစ်ကျော်ပြီပေါ့ ချုပ်ရက်ခံစားခွင့်ရမယ်လို့ ပြောတယ်၊ အခုတော့ အကုန်လုံး ကျန်းမာရေးကောင်းမွန်နေပါတယ်”ဟု မိသားစုနှင့် နီးစပ်သူတစ်ဦးကပြောသည်။

ပုသိမ် အကျဉ်းထောင်အတွင်း စစ်ကောင်စီက မတရားဖမ်းဆီးထားသည့် နိုင်ငံရေး အကျဉ်းသား ၃၀၀ နီးပါး ရှိကြောင်း သိရသည်။

July 22, 2026
ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်ရှိ ရဲစခန်းအား မိုင်းခွဲတိုက်ခိုက်ခဲ့ရာတွင်...
July 21, 2026
ရှမ်းပြည် တောင်ပိုင်း၊ မိုးဗြဲမြို့နှင့် ကရင်နီပြည်၊ နန်းမယ်ခုံအကြားတွင် ဇွန်လ ဒုတိယပတ်က...
July 18, 2026
ချင်းပြည်၊ ဟားခါးမြို့တွင် ဇူလိုင်လ ၁၇ ရက်နေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့သည့်...
July 18, 2026
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် မြန်မာနိုင်ငံတစ်ဝန်းတွင် စုစုပေါင်း မြေအောက်ဆေးရုံ ၁၀...