စစ်ကောင်စီ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးကို AA စစ်ဦးစီးချုပ် သတိပေး

စစ်ကောင်စီ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးကို AA စစ်ဦးစီးချုပ် သတိပေး

ရက္ခိုင့်တပ်တော် AAစစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က အာရုံနောက်အောင်ပြုလုပ်လာလျှင် ငြိမ်းချမ်းရေးကို ဂရုစိုက်နေမည်မဟုတ်ဘဲ စစ်ကောင်စီခန့် အနောက်ပိုင်းတိုင်းမှူး နေထိုင်ရာနေရာထိ တိုက်ခိုက်မည်ဖြစ်ကြောင်း ၎င်း၏ တွစ်တာမှ တဆင့် ယနေ့ မေလ ၆ ရက်နေ့ နံနက်ပိုင်းတွင် သတိပေး ပြောကြားလိုက်သည်။

“ကိုထင်လတ်ဦး သိပ်လျှောက်မလုပ်နဲ့ အာရုံနောက်နေပြီ ငြိမ်းချမ်းရေးဘာညာ သောက်ဂရုစိုက်နေမှာ မဟုတ်ဘူး။ မင်းနေတဲ့နေရာထိ တက်ကြိတ်ပလိုက်မှာနော်” ဟု AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ရေးသားထားခြင်းဖြစ်သည်။

AA စစ်ဦးစီးချုပ် သတိပေး ပြောဆိုလိုက်သော ထင်လတ်ဦးသည် ရခိုင်ပြည်နယ် အမ်းမြို့တွင် တည်ရှိသည့် အနောက်ပိုင်း တိုင်းစစ်ဌာနချုပ်၏ တိုင်းမှူးလည်း ဖြစ်သည်။

စစ်ကောင်စီအနေဖြင့် လာမည့်မေလ ၉ ရက်နေ့နောက်ဆုံးထားပြီး ငြိမ်းချမ်းရေးလုပ်ငန်းများဆောင်ရွက်ရန်အတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအနေဖြင့် စာရင်းပေးကြရန် စစ်ခေါင်းဆောင်ကိုယ်တိုင်ဖိတ်ခေါ်ထားသည်။

လက်ရှိအချိန်တွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိရာ ရခိုင်ပြည်နယ်တွင် စစ်ရေးအရတင်းမာနေဆဲဖြစ်ပြီး အုပ်ချုပ်ရေးပိုင်းတွင်လည်း AAနှင့် စစ်ကောင်စီတို့အကြား လွန်ဆွဲနေဆဲဖြစ်သည်။

ယင်းအပြင် ပြီးခဲ့သည့် ဧပြီလနှောင်းပိုင်းက စတင်ပြီး ရခိုင်မြောက်ပိုင်း မြို့နယ်တချို့က ကျေးရွာများကို အင်အား ၅၀ ဝန်းကျင် ပါဝင်သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက မကြာခဏ ဝင်ရောက်စစ်ဆေးမှု များပြုလုပ်နေကြောင်း ဒေသခံများက ပြောသည်။

April 7, 2026
ပို့ကုန်ရငွေ မပေးသွင်းမှုဖြင့် ခရိုနီ ဦးတေဇ၏ ထူးထရိတ်ဒင်းကုမ္ပဏီ အပါအဝင် ကုမ္ပဏီ ၂၉၀ နီးပါးကို...
ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...