စတော်ဘယ်ရီခြံဝန်း ၂ ခြံ နှင့် ရွာတွင်းရှိ နေအိမ် ၈ လုံး မီးရှို့ဖျက်ဆီးခံရ

စတော်ဘယ်ရီခြံဝန်း ၂ ခြံ နှင့် ရွာတွင်းရှိ နေအိမ် ၈ လုံး မီးရှို့ဖျက်ဆီးခံရ

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်ရှိ ရမ်ထလိုကျေးရွာတွင် စစ်ကောင်စီ စစ်တပ်မှ စတော်ဘယ်ရီခြံ ၂ ခြံ နှင့် ရွာတွင်းရှိ နေအိမ် ၈ လုံး စုစုပေါင်း နေအိမ် ၁၀ လုံးကို မေလ ၄ ရက်နေ့၊ နံနက်ပိုင်းအချိန်တွင် ဟားခါးမှ ထွက်ခွာလာသော စစ်ကောင်စီတပ်မှ မီးရှို့ခဲ့ကြောင်း စစ်ဘေးရှောင် ရမ်ထလိုရွာ ဒေသခံတစ်ဦးထံမှ သိရသည်။

“ပထမက စတော်ဘယ်ရီခြံက အိမ်၂လုံးကို မီးရှို့ခံရတယ်၊ ဒါပြီးရင် ကျွန်တော်တို့ရွာကို ဝင်လာပြီးမှ နေအိမ် ၈  လုံး မီးရှို့ခံရတယ်၊ သူတို့က မနက်ပိုင်းမှာ ရောက်လာတာဖြစ်တယ်၊ ခုချိန်မှာတော့ သူတို့ မရှိတော့ပါဘူး ၊ကျွန်တော်တို့ရွာကနေ ၂ မိုင်ဝေးတဲ့ တလန်ဇာရ်ရွာရောက်နေကြပါပြီ၊ ကျွန်တော်တို့ ပစ္စည်းတွေကိုတော့ စကတည်းကနေ တောထဲမှာ ထားခဲ့ကြတယ်၊ ဆိုတော့ စစ်တပ်တွေ ဟားခါးကနေ ထွက်လာကြပြီလို့ သတင်းကြားကတည်းကနေ ကျွန်တော်တို့တွေအကုန်လုံး တောထဲကို သွားနေကြပါတယ်၊ သက်ကြီးရွယ်အိုတွေဆိုရင်တော့ ဖလမ်းမှာ သွားပို့တဲ့ ဟာတွေလဲရှိတယ်။” ဟု စစ်ဘေးရှောင် ရမ်ထလိုရွာ ဒေသခံတစ်ဦးမှ ပြောသည်။

ရမ်ထလိုကျေးရွာသည် အိမ်ခြေက ၁၈၀ ဝန်းကျင်ရှိပြီး ဒေသခံ လူဦးရေ ၈၀၀ ဝန်းကျင်ရှိကြောင်း သိရသည်။

စစ်ကောင်စီ ယာဉ်တန်းစစ်ကြောင်းသည် မေလ ၃ ရက်နေ့ ညနေပိုင်းတွင် CDF ဟားခါးတပ်ဖွဲ့နှင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် မေလ ၄ ရက်နေ့တွင် ယခုလို ဟားခါး-ဖလမ်းကြားရှိ ရမ်ထလိုကျေးရွာရှိိနေအိမ်များကို မီးရှို့ခဲ့ကြောင်း ဒေသခံများထံမှသိရသည်။

April 25, 2026
ချင်းပြည်နယ် ၊ ဖလမ်းမြို့နယ်မှာ ဧပြီလ ၂၃ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း...
April 24, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့ကို စစ်ကြောင်းထိုးလာနေတဲ့ စစ်ကော်မရှင်တပ်ဖွဲ့တွေနဲ့ ဖလမ်းမြို့နားမှာ...
April 23, 2026
ဇိုဂမ် (Zogam) နယ်မြေအတွင်းကို ဘယ်ပြင်ပအဖွဲ့အစည်းကမှ ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်တာကို...
April 22, 2026
အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်က NCA ကာလတုန်းက မူဟောင်းကြီးကို ပြန်အစဖော်ပြီး CNF အပါအဝင်...