ဘီးလင်း မဲပလီဒေသခံတွေကို စစ်ကောင်စီတပ်က အကြောင်းမဲ့ ဖမ်းဆီးပြီး ညှဉ်းပန်းနှိပ်စက်နေ

ဘီးလင်း မဲပလီဒေသခံတွေကို စစ်ကောင်စီတပ်က အကြောင်းမဲ့ ဖမ်းဆီးပြီး ညှဉ်းပန်းနှိပ်စက်နေ

ကေအဲန်ယူ ထိန်းချုပ်နယ်မြေ ဘီးလင်းမြို့နယ်ရှိ စစ်ကောင်စီ မဲပလီစခန်းက စစ်ကောင်စီ တပ်သားတွေနဲ့ BGF ပူးပေါင်းအဖွဲ့က ဒေသခံရွာသားတွေကို အကြောင်းမဲ့ ဖမ်းဆီးပြီး ညှဉ်းပန်းနှိပ်စက်မှုတွေ ပြုလုပ်နေတယ်လို့ မိတ်ဖက်တော်လှန်ရေး တပ်ပေါင်းစုက ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ မေ ၂ ရက်နေ့က တောင်ယာလုပ်ကိုင်ရာကနေ ပြန်လာတဲ့ ဘီးလင်းမြို့နယ် မဲပလီရွာသား ၃ ဦးနဲ့ အစူးချောင်းရွာသား ၁ ဦးတို့ကို စစ်ကောင်စီ BGF ပူးပေါင်းတပ်သားတွေက အကြောင်းမဲ့ရိုက်နှက်ပြီး ညှဉ်းပန်းနှိပ်စက်ပြီးနောက် ဖမ်းဆီးခေါ်ဆောင်သွားတာ ဖြစ်ပါတယ်။

အကြောင်းမဲ့ ဖမ်းဆီး ညှဉ်းပန်းနှိပ်စက်ခံရတဲ့ ဒေသခံရွာသားတွေဟာ အခုအချိန်ထိ ပြန်လည် လွတ်မြောက်လာခြင်း မရှိသေးတာကြောင့် မိသားစုဝင်တွေမှာ စိုးရိမ်ပူပန်မှုတွေ ရှိနေတယ်လို့ ဒေသခံရွာသား တစ်ဦးက ပြောပါတယ်။

စစ်ကောင်စီနဲ့ BGF ပူးပေါင်းတပ်ဖွဲ့တွေဟာ ကျေးရွာတွေအတွင်းက ဒေသခံအရပ်သားပြည်သူတွေကို အကြောင်းမဲ့ ဖမ်းဆီးပြီး နှိပ်စက်ညှဉ်းပန်းကာ လူ့အခွင့်အရေးချိုးဖောက်တဲ့ လုပ်ရပ်တွေကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နေတယ်လို့ မိတ်ဖက်တော်လှန်ရေးတပ်ပေါင်းစုက ဆိုထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီနဲ့ BGF တို့ရဲ့ စစ်ကြောင်းတွေမှာ ဒေသခံအမျိုးသမီးတွေ၊ သက်ကြီးရွယ်အိုတွေကို အဓမ္မဖမ်းဆီးပြီး လူသားဒိုင်းအဖြစ် အသုံးပြုမှုတွေကိုလည်း လုပ်ဆောင်လျက်ရှိတယ်လို့ မိတ်ဖက်တော်လှန်ရေးတပ်ပေါင်းစုက ထုတ်ပြန်ထားပါတယ်။

July 30, 2026
ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) သည် အာရက္ခတပ်တော် (AA) အပါအဝင်...
July 25, 2026
ကရင်ပြည်၊ ဖာပွန်ခရိုင်တွင် အင်အားထောင်ချီဖြင့် စစ်ကြောင်းထိုးနေသည့် စစ်တပ်စစ်ကြောင်းမှာ အထိနာကာ...
ဓာတ်ပုံ-CJ See less
July 24, 2026
အာဏာသိမ်း စစ်တပ် အသွင်ပြောင်း အစိုးရ သမ္မတ ဦးမင်းအောင်လှိုင်က စားသုံးဆီ လျှော့ချဖို့...
July 23, 2026
မော်လမြိုင် - စစ်တပ်အသွင်ပြောင်း အစိုးရလက်ထက်တွင် အခြေခံစားသောက်ကုန်ဖြစ်သော ကြက်ဥတစ်လုံးလျှင်...