လုပ်ငန်းရှင်မောင်ဝိတ်၏ တံစိုးလက်ဆောင် ယူသည်ဆိုကာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို စွပ်စွဲထားသည့် အမှု ၂ မှု စတင်ကြားနာ

လုပ်ငန်းရှင်မောင်ဝိတ်၏ တံစိုးလက်ဆောင် ယူသည်ဆိုကာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို စွပ်စွဲထားသည့် အမှု ၂ မှု စတင်ကြားနာ

စီးပွားရေး လုပ်ငန်းရှင် မောင်ဝိတ်၏ တံစိုးလက်ဆောင်ကို ယူသည်ဟု ဆိုကာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စွပ်စွဲထားသည့် အဂတိအမှု နှစ်မှုကို နေပြည်တော်ရှိ အထူးတရားရုံးတွင် မေလ ၂ ရက်တွင် စတင်ကြားနာကြောင်း တရားရုံးနှင့် နီးစပ်သည့် အသိုင်းအဝိုင်းထံက သိရသည်။

"သူက အခုဟာတွေက အမှု နှစ်မှုဗျ။ တစ်မှုပဲ စစ်နေသေးတယ်။ အခုက စစ်နေတုန်းပဲ ရှိသေးတယ်။ တရားလိုကို အဓိက စစ်မေးချက်ပဲ ဖြစ်နေသေးတယ်" ဟု တရားရုံးနှင့် နီးစပ်သူ တစ်ဦးက ပြောသည်။

အဆိုပါ အမှုနှင့် ပတ်သက်ပြီး တရားလို ဖြစ်သည့် အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် ညွှန်မှူး ဦးရဲထက်ကို အဓိက စစ်မေး ပြုလုပ်နေပြီး နောက်ရုံးချိန်းတွင်လည်း ၎င်းကိုပင် ဆက်လက် စစ်ဆေးမည် ဖြစ်ကြောင်း သိရသည်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ပုဂ္ဂလိက လုပ်ငန်းရှင် တစ်ဦးက ဆောင်ရွက်လျက် ရှိသော စီးပွားရေး လုပ်ငန်းများနှင့် စပ်လျဉ်းပြီး လုပ်ငန်းများ အဆင်ပြေစေရန် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းသို့ လှူဒါန်းငွေဟု အကြောင်းပြ ပေးအပ်သည့် အမေရိကန်ဒေါ်လာ ၅၅၀,၀၀၀ ကို ၂၀၁၉ ခုနှစ်နှင့် ၂၀၂၀ ပြည့်နှစ် အတွင်း လေးကြိမ် ခွဲပြီး တံစိုးလက်ဆောင် ရယူခဲ့ကြောင်း စစ်ကောင်စီက စွပ်စွဲထားသည်။

ဒေါ်အောင်ဆန်းစုကြည်ကို စုစုပေါင်း ဒေါ်လာ ၅၅၀,၀၀၀ ပေးခဲ့ကြောင်း မောင်ဝိတ်က ပြောဆို ထားသည့် ဗီဒီယိုဖိုင်ကိုလည်း စစ်ကောင်စီက ထုတ်ပြန်ခဲ့သည်။

အဆိုပါ အမှုနှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ (၅၅) ဖြင့် နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် အမှတ် (၅) ရဲစခန်းတွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၃ ရက်နေ့က အမှုဖွင့်ခဲ့ခြင်း ဖြစ်သည်။

ယနေ့ရုံးချိန်း၌ ဒေါ်အောင်ဆန်းစုကြည်ကို ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနှင့် ဆက်စပ် စွဲဆိုထားသည့် အဂတိအမှု သုံးမှုကို ကြားနာရန် ချိန်းဆိုထားသော်လည်း တရားလိုပြ သက်သေ ဒေါက်တာ သန့်သော်ကောင်း ရုံးချိန်း မလာရောက်သည့်အတွက် တရားသူကြီးက နောက်ရုံးချိန်း ထပ်မံ ချိန်းဆိုခဲ့သည်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက ဖမ်းဆီး ထိန်းသိမ်းထားပြီး အဂတိအမှု ၁၂ မှု အပါအဝင် အမှုပေါင်း ၁၉ မှုဖြင့် တရားစွဲဆိုထားခြင်း ဖြစ်သည်။ လက်ရှိတွင် ဒေါ်အောင်ဆန်းစုကြည်သည် အမှု ခြောက်မှုအတွက် ထောင်ဒဏ် ၁၁ နှစ် ကျခံနေရသည်။

May 7, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား “ခြွင်းချက်မရှိ လွှတ်ပေးရန်”...
May 6, 2026
Miss Grand Myanmar ၂၀၂၆ ၏ ပြိုင်ပွဲတခုအတွင်း မယ်သီလရှင်ဝတ်စုံ ဖြင့်...
May 5, 2026
အိန္ဒိယ-မြန်မာနယ်စပ်၊ နာဂဒေသအတွင်းရှိ နယ်စပ်ကုန်သွယ်ရေး ပန်ဆောင်ဂိတ်ကို စစ်အုပ်စုတပ်က မေလ ၁...
May 4, 2026
မောင်ခက်နွေ — နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား လျှို့ဝှက်နေရာမှ...