ရဲတံခွန် သဘာဝဓာတ်ငွေ့ စီမံကိန်း ရှယ်ယာပိုင် နိုင်ငံခြားကုမ္ပဏီ အားလုံး နုတ်ထွက်

ရဲတံခွန် သဘာဝဓာတ်ငွေ့ စီမံကိန်း ရှယ်ယာပိုင် နိုင်ငံခြားကုမ္ပဏီ အားလုံး နုတ်ထွက်

မြန်မာ့ကမ်းလွန် ပင်လယ်ပြင်၌ ရှိသည့် ရဲတံခွန် သဘာဝဓာတ်ငွေ့ လုပ်ကွက်ကို ရင်းနှီးမြှုပ်နှံ တူးဖော်နေသည့် နိုင်ငံခြား ကုမ္ပဏီ သုံးခုလုံး လုပ်ငန်းမှ နုတ်ထွက်ရန် ဆုံးဖြတ် လိုက်ကြပြီ ဖြစ်သည်။

ရဲတံခွန် စီမံကိန်း ဖြစ်သည့် M12၊ M13 နှင့် M14 လုပ်ကွက် သုံးခုကို မလေးရှား ကုမ္ပဏီ PETRONAS က ၄၀.၉ ရာခိုင်နှုန်း ၊ ထိုင်းအစိုးရပိုင် PTTEP ကုမ္ပဏီက ၁၉.၃ ရာခိုင်နှုန်း ၊ ဂျပန် ENEOS ကုမ္ပဏီ လုပ်ငန်းခွဲ Nippon Oil Exploration (Myanmar) Ltd က ရှယ်ယာ ၁၉.၃ ရာခိုင်နှုန်းနှင့် မြန်မာ့ရေနံနှင့် ဘဘာဝ ဓာတ်ငွေ့ လုပ်ငန်း (MOGE) က ၂၀.၅ ရာခိုင်နှုန်းရှယ်ယာ ပိုင်ဆိုင်မှုဖြင့် လုပ်ကိုင်နေခြင်း ဖြစ်သည်။

PETRONAS ကုမ္ပဏီနှင့် PTTEP တို့က ပြီးခဲ့သည့် ဧပြီလ ၂၉ ရက်နေ့တွင် ရဲတံခွန် လုပ်ကွက်မှ နုတ်ထွက်ရန် ဆုံးဖြတ်ကြောင်း ထုတ်ပြန်ခဲ့ပြီး ဂျပန် ENEOS ကုမ္ပဏီကမှု ယနေ့ မေလ ၂ ရက် တနင်္လာနေ့တွင် ဆုံးဖြတ်ချက် ချခဲ့ခြင်း ဖြစ်သည်။

လက်ရှိ မြန်မာနိုင်ငံတွင်း ဖြစ်ပေါ်နေသော အခြေအနေများ ၊ လူမှုရေး ပြသာနာများနှင့် ဓာတ်ငွေ့လုပ်ကွက် အပေါ် နည်းပညာပိုင်းဆိုင်ရာ အကဲဖြတ်ချက်များ လုပ်ဆောင်အပြီး နုတ်ထွက်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်ဟု ENEOS က ဆိုထားသည့် အချက်ကို ကိုးကား၍ နိုင်ငံတကာ သတင်းများက ယနေ့ ဖော်ပြ ရေးသားကြသည်။

စတုရန်း ကီလိုမီတာ ၂၄,၁၃၀ ကျယ်ဝန်းသည့် ရဲတံခွန် သဘာဝဓာတ်ငွေ့ စီမံကိန်းကို ၂၀၀၀ ပြည့်နှစ် ဧပြီလ ၁ ရက်နေ့တွင် ထုတ်လုပ်မှုလုပ်ငန်း စတင်ခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းယူပြီးသည့်နောက် နိုင်ငံတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု များကြောင့် အမေရိကန် စွမ်းအင်ကုမ္ပဏီ Chevron နှင့် ပြင်သစ် Total ကုမ္ပဏီများလည်း ၎င်းတို့ လုပ်ကိုင်နေသည့် ရတနာ စီမံကိန်းမှ နုတ်ထွက်ရန် ၂၀၂၂ ခုနှစ် နှစ်ဦး ဇန်နဝါရီ ၂၁ ရက်နေ့တွင် ဆုံးဖြတ်ခဲ့ကြသည်။

အလားတူ အဆိုပါ ကုမ္ပဏီများ နုတ်ထွက်မှုများအပြီး မြန်မာ့ကမ်းလွန် လုပ်ကွက်များ ဖြစ်သည့် A-6၊ AD-1 နှင့် AD-8 တို့တွင် ရင်းနှီးမြှုပ်နှံထားသော သြစတြေးလျ စွမ်းအင် ကုမ္ပဏီ Woodside ကလည်း ဇန်နဝါရီ ၂၇ ရက်နေ့တွင် နုတ်ထွက်ရန် ဆုံးဖြတ်ခဲ့သည်။

စစ်တပ်က အာဏာသိမ်းမှု တစ်နှစ်ကျော် ကြာလာသည့် အချိန်တွင် ဆက်လက်ဖြစ်ပွားနေသည့် နိုင်ငံရေး မတည်ငြိမ်မှုများကြောင့် ယခုလည်း ရဲတံခွန် သဘာဝဓာတ်ငွေ့ စီမံကိန်းတွင် ရင်းနှီး မြှုပ်နှံ နေသည့် နိုင်ငံခြား ကုမ္ပဏီ အားလုံး ထွက်ခွာ သွားကြပြီ ဖြစ်သည်။

April 7, 2026
ပို့ကုန်ရငွေ မပေးသွင်းမှုဖြင့် ခရိုနီ ဦးတေဇ၏ ထူးထရိတ်ဒင်းကုမ္ပဏီ အပါအဝင် ကုမ္ပဏီ ၂၉၀ နီးပါးကို...
ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...