မြန်မာ တရုတ်ဘက် တင်ပို့မည့် ကြံကား ရာချီ ပိတ်မိနေ

မြန်မာ တရုတ်ဘက် တင်ပို့မည့် ကြံကား ရာချီ ပိတ်မိနေ

မုံးကိုး- မန်ဟိုင်း မြန်မာ- တရုတ်နယ်စပ်၊ မုံးကိုးမြို့ပေါ်တွင် တရုတ်ပြည်ဘက်သို့ တင်ပို့မည့် ကြံကားများ ရာချီ ပိတ်မိနေကြောင်း ဒေသခံများထံမှ သိရသည်။

တရုတ်နိုင်ငံဘက်မှ ကိုဗစ်ပိုးတွေ့သည်ဟုဆိုကာ ပြီးခဲ့သည့် ဧပြီလ ၂၀ရက်နေ့မှစတင်ပြီး ၁၀ရက်ခန့် ဂိတ်ပိတ်ခဲ့သည့်အတွက် ပန်ဆိုင်း – မုံးကိုးလမ်း၊ မုံးပေါ် – မုံးကိုးလမ်း နဲ့ မုံးကိုးမြို့ပေါ်ရှိ လမ်းကြိုလမ်းကြားတိုင်းတွင် ကြံကားများ ရာချီပိတ်မိနေကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“တရုတ်ဘက်ကပိုးတွေ့ရှိတယ်ဆိုပြီး တစ်ပတ်လောက်ပိတ်လိုက်တာ ခုပြန်ဝင်လို့တော့ရပြီ ဒါပေမယ့်ကားတွေလည်း တခါထဲဝင်လို့မရဘူး ပိုးစစ်ပြီး ၄၈ နာရီကြာမှ ပိုးသတ်ထားတယ်။ အဲကြောင့် ကားတွေက ပိတ်မိကုန်ပြီ” လို့ မြို့ခံ ၁ ဦးက ပြောသည်။

တရုတ်ပြည်ဘက်မှ မေလမှစပြီး ပြန်လည်ဝင်ခွင့်ပြုခဲ့သော်လည်း ဆေးစစ်မူ ၄၈ နာရီခံယူရသည့်အပြင် တစ်ရက်လျှင်ကားအစီးရေ ၁၀ခန့်သာ ဝင်ရောက်ခွင့်ပြု‌နေကြောင်း သိရသည်။

မုံကိုး၊မန်ဟိုင်းဂိတ်အား တရုတ်ပြည်ဘက်မှ ကိုဗစ်အကြောင်းပြချက်နှင့် မကြာခနပိတ်နေသည့်အတွက် ပန်ဆိုင်း၊ မုံးကိုးဒေသတွေမှ ကြံများတရုတ်ဘက်တင်ပို့ နိုင်ဖို့ခက်ခဲနေကြောင်း သိရသည်။

“ပြီးခဲ့တဲ့နှစ်တော့ ခုချိန်ဆို ခုချိန်ပြီးသွားပြီ။ မိုးနဲ့ လွှတ်တယ် ဒီလောက်မခက်ခဲခဲ့ဘူး” လို့ ဒေသခံတစ်ဦးကပြောသည်။

ကြံကားများပိတ်မိနေသည့်အပြင် ခုရက်ပိုင်းမိုးရွာမူကြောင့် ကြံကားသမားတွေအစားအသောက် ချက်စားရန်ပင် ခက်ခဲနေသည့်အတွက် ကုန်ကျစရိတ်ပိုများ‌ကြောင်း မုံးပေါ်ဒေသက ကြံ ခြံရှင်တစ်ဦးကပြောသည်။

လက်ရှိတွင် ကြူကုတ် (ပန်ဆိုင်း) နဲ့ မုံးကိုး မြို့နယ်ခွဲအတွင်းရှိ ကြံဧက သောင်းချီရှိနေပြီး အဓိက မုံးကိုး – မန်ဟိုင်း မြန်မာ တရုတ် နယ်စပ် ဂိတ်ကနေ တဆင့် တရုတ်ဘက်ကို တင်ပို့နေတာလည်းဖြစ်သည်။

Most read this week

စစ်အုပ်စုတပ် စစ်သင်္ဘောများ တိုက်ခိုက်ခံရပြီးနောက် ဧရာဝတီမြစ်အတွင်း မျောပါလာသည့် စစ်လက်နက်ပစ္စည်းအချို့ / Crd
September 4, 2026
ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်အုပ်စုတပ်၏ စစ်သင်္ဘောများ သယ်ဆောင်လာသည့် စစ်လက်နက်ပစ္စည်းများ နှင့်...
September 4, 2026
ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်အုပ်စုတပ် စစ်သင်္ဘောအုပ်စုကို ရွှေကူမြို့အနီး...
စက်တင်ဘာလ ၂ ရက်နေ့ စစ်သင်္ဘောအုပ်စု တိုက်ခိုက်ခံရပြီးနောက် ဖမ်းဆီးခံရသည့် တပ်မိသားစု ဝင် များ။
September 3, 2026
ကချင်ပြည်၊ ရွှေကူမြို့မှ ဗန်းမော်ဘက်သို့ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာစဉ်...
ရွှေကူမြို့နယ်အတွင်း ဇင်းဘုံကျေးရွာ၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် မြင်ကွင်း
September 2, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်၊ ဧရာဝတီမြစ်ကမ်းဘေးရှိ ဇင်းဘုံကျေးရွာဘက်သို့ ဩဂုတ်လ ၂၅ ရက်နေ့က...