စစ်ကောင်စီနှင့်တွေ့ဆုံဆွေးနွေးရန် ကိုယ်စားပြု တာဝန်ခံ ခန့်အပ်ထားခြင်းမရှိဟု NLD ဗဟိုအလုပ် ကော်မတီ ထုတ်ပြန်

စစ်ကောင်စီနှင့်တွေ့ဆုံဆွေးနွေးရန် ကိုယ်စားပြု တာဝန်ခံ ခန့်အပ်ထားခြင်းမရှိဟု NLD ဗဟိုအလုပ် ကော်မတီ ထုတ်ပြန်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို ကိုယ်စားပြု၍ တွေ့ဆုံခြင်းဆွေးနွေးခြင်းများ ပြုလုပ်ရန်အတွက် တာဝန်ပေးအပ်ထားသူ မရှိကြောင်း NLD ဗဟိုအလုပ် ကော်မတီက မေလ၁ရက်နေ့ရက်စွဲဖြင့် ထုတ်ပြန်ကြေညာသည်။

စစ်ကောင်စီသည် အဓမ္မ အာဏာသိမ်းယူပြီးနောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဥက္ကဋ္ဌဖြစ်သူဒေါ်အောင်ဆန်းစုကြည်ကိုဖမ်းဆီးထားသည့်အပြင် ဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင် အားလုံးလွတ်လပ်စွာ မျက်နှာစုံညီအစည်းအဝေး မပြုလုပ်နိုင်သည့်အတွက် မည်သူ့ကိုမျှပါတီကိုယ်စားပြုရန် တာဝန်ပေးထားခြင်း မရှိကြောင်း ဗဟိုအလုပ် ကော်မတီ၏ ထုတ်ပြန်ချက်အရသိရသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် စစ်ကောင်စီ သို့မဟုတ် စစ်ကောင်စီမှဖွဲ့စည်းပေးထားသော အဖွဲ့များနှင့် တွေ့ဆုံခြင်း၊ ဆွေးနွေးခြင်း၊ ညှိနှိုင်းဆောင်ရွက်ခြင်း ပြုလုပ်ရန်အတွက် မည်သူတစ်ဦးတစ်ယောက် တစ်ဖွဲ့ကိုမျှ တာဝန်ပေးအပ်ထားခြင်းမရှိဟု ထုတ်ပြန်ချက်တွင်ဆိုထားသည်။

ထို့အပြင် တရားမဝင် အာဏာသိမ်း စစ်ကောင်စီသည် နိုင်ငံရေးထွက်ပေါက်အဖြစ် ရွေးကောက်ပွဲ ကျင်းပရန် ကြိုးပမ်းလျက်ရှိသည်။

စစ်ကောင်စီက ကြိုးပမ်းနေသည့် ရွေးကောက်ပွဲအကြောင်းပြု၍ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)အမည်ကို အလွဲသုံးစားပြု၍ကာ နိုင်ငံတကာအဖွဲ့စည်းများနှင့် သံရုံးများသို့ ချိတ်ဆက်ဆောင်ရွက်ခြင်းရှိပါကလည်း အဖွဲ့ချုပ်နှင့် သက်ဆိုင်ခြင်းမရှိကြောင်း အသိပေးအပ်ပါသည်ဟု ထုတ်ပြန်ချက်တွင်ပါဝင်သည်။

နိုင်ငံတကာအပါအဝင် အာဆီယံစသည့် အဖွဲ့အစည်းများသည်လည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ကိုယ်စားပြု ကိုယ်စားလှယ်တစ်ဦးဦးနှင့် တွေ့ဆုံနိုင်ရန်ကြိုးပမ်း မှုများရှိနေသည်။

May 7, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား “ခြွင်းချက်မရှိ လွှတ်ပေးရန်”...
May 6, 2026
Miss Grand Myanmar ၂၀၂၆ ၏ ပြိုင်ပွဲတခုအတွင်း မယ်သီလရှင်ဝတ်စုံ ဖြင့်...
May 5, 2026
အိန္ဒိယ-မြန်မာနယ်စပ်၊ နာဂဒေသအတွင်းရှိ နယ်စပ်ကုန်သွယ်ရေး ပန်ဆောင်ဂိတ်ကို စစ်အုပ်စုတပ်က မေလ ၁...
May 4, 2026
မောင်ခက်နွေ — နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား လျှို့ဝှက်နေရာမှ...