တီးတိန်မြို့တွင် စစ်ကောင်စီတပ်သေနတ်ရမ်းသမ်းပစ်ခတ်မှုကြောင့် လူငယ်တစ်ဦး ကျည်ထိမှန်သေဆုံး ၃ ဦးဒဏ်ရာရရှိ

တီးတိန်မြို့တွင် စစ်ကောင်စီတပ်သေနတ်ရမ်းသမ်းပစ်ခတ်မှုကြောင့် လူငယ်တစ်ဦး ကျည်ထိမှန်သေဆုံး ၃ ဦးဒဏ်ရာရရှိ

ချင်းပြည်နယ် တီးတိန်မြို့တွင် ဧပြီလ ၂၇ ရက် ယမန်နေ့ည ၈နာရီခန့် က စစ်ကောင်စီတပ်ဖွဲ့များ မြို့တွင်း ကင်းလှည့်ချိန်တွင် သေနတ်ရမ်းသမ်းပစ်ခတ်မှုကြောင့် လူငယ်တစ်ဦး ကျည်ထိမှန်ပြီး ပွဲချင်းသေဆုံးကာ အနည်းဆုံး လူငယ် ၃ ဦး ဒဏ်ရာရရှိခဲ့သည်ဟု တီးတိန်မြို့ခံတစ်ဦးက ပြောသည်။

“ ရဲနဲ့စစ်သားကင်းလှည့်ချိန်မှာ မြို့ထဲက လူငယ်တစ်ချို့က အိမ်ပြန်တဲ့လမ်းမှာ PDF ထင်ပြီး ရမ်းသမ်း ပစ်လိုက်တာ။ အဲ့မှာ တယောက်ဆုံးသွားတယ်။ မိုင်တဲလ်ကုမ္မဏီဝန်တယောက်က ဆီးအိမ်ထိသွားတယ်။ နောက်တယောက် တင်ပါးထိသွားတယ်၊ နောက်တယောက်က ခြေထောက်ထိသွားတယ်” ဟု တီးတိန်မြို့ခံတစ်ဦးက ပြောသည်။

အဆိုပါ သေဆုံးသူမှာ အသက် ၁၇ နှစ်အရွယ် ကိိုခိုင်လျန်မွောင် ဖြစ်ပြီး တီးတိန်မြို့၊ မြို့မရပ်ကွက် နှစ်ခြင်း ဘုရားကျောင်းရှေ့တွင် ကျည်ထိမှန်ဒဏ်ရာဖြင့် သေဆုံးခဲ့သည်ဟုသိရသည်။

ယမန်နေ့ညတွင် မြို့မရပ်ကွက်နှင့် လွယ်ဘွာလ်းရပ်ကွက်တွင် သေနတ်ပစ်ခတ်သံများကြားရသည့်အပြင် ၂၆၉ တပ်ကုန်းအနီးအနားဝန်းကျင်တွင်လည်း နာရီဝက်ခန့်သေနတ်ပစ်ခတ်သံနှင့် ပေါက်ကွဲသံများ ဖြစ်ပွားခဲ့သည်ဟု သိရသည်။

Most read this week

September 19, 2026
စစ်အုပ်စုတပ်၏ မတရားဖမ်းဆီးထောင်ချခြင်းခံခဲ့ရသူ ချင်းလူငယ် နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးသည်...
ဓာတ်ပုံ - Crd
September 16, 2026
ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရအဖွဲ့ဝင် ချင်းအင်အားစုများဖြစ်သည့် ချင်းအမျိုးသားတပ်မတော် (CNA...
ဓာတ်ပုံ - (PDF – Zoland / ပုံဟောင်း)
September 14, 2026
ချင်းပြည်မြောက်ပိုင်း၊ တီးတိန်နှင့် တွန်းဇံမြို့နယ်များတွင် အခြေစိုက်လှုပ်ရှားနေသည့် PDF-Zoland...
ဓါတ်ပုံ - (ပုံဟောင်း / Crd)
September 3, 2026
ချင်းပြည်အတွင်းရှိ ချင်းတော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသော ဒေသများတွင် ပြည်သူ့ကျန်းမာရေး...