နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ထောင်ဒဏ် ၅ နှစ် ထပ်မံချမှတ်ခံရ

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ထောင်ဒဏ် ၅ နှစ် ထပ်မံချမှတ်ခံရ

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် အဂတိလိုက်စားသည်ဆိုကာ နေပြည်တော်ရှိ အထူးတရားရုံးက ယနေ့ ထောင်ဒဏ် ငါးနှစ် ထပ်မံချမှတ်လိုက်ကြောင်း တရားရုံးနှင့် နီးစပ်သည့် အသိုင်းအဝိုင်းမှ သိရသည်။

ယနေ့ ရုံးချိန်းတွင် ရှေ့နေအဖွဲ့မှာ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်မရခဲ့ကြောင်းလည်း တရားရုံးနှင့်နီးစပ်သူကပြောသည်။

အသက် ၇၆ နှစ်အရွယ် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို ပထမအသုတ် တရားစီရင်မှုပြီးသောအမှုများအတွက် ထောင်ဒဏ် ခြောက်နှစ်ချခံထားပြီးဖြစ်သည်။

ယနေ့အမိန့်ချသောအမှုမှာ ဒေါ်အောင်ဆန်းစုကြည်ကို ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အမေရိကန်ဒေါ်လာ ခြောက်သိန်းနှင့် အကယ်ဒမီအခေါက်ရွှေ ခုနှစ်ပိဿာပေးခဲ့ကြောင်း စွပ်စွဲမှုဖြစ်သည်။

ရွှေနှင့် ဒေါ်လာများကို ဦးဖြိုးမင်းသိန်းက ပေးအပ်ခဲ့ခြင်းမရှိသကဲ့သို့ ၎င်းအနေဖြင့် လက်ခံရယူခဲ့ခြင်းလည်း မရှိကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က မတ်လ ၁၄ရက်နေ့ရုံးချိန်းတွင် ထွက်ဆိုခဲ့သည်။

တရားလို အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ညွှန်မှူး ဦးရဲထက်က သက်သေခံ ပစ္စည်းဖြစ်သည့် ရွှေနှင့်ဒေါ်လာများကို ဒေါ်အောင်ဆန်းစုကြည်ထံက သိမ်းဆည်းရမိခြင်းမရှိဟု တရားရုံးတွင် ထွက်ဆိုခဲ့သည်။

ဧပြီ ၁၈ရက်နေ့ရုံးချိန်းတွင် အမှုနှင့် ပတ်သတ်ပြီး ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေ့များက တရားလိုဘက်က သက်သေအခိုင်အမာမပြနိုင်မှုအပေါ် အပြီးသတ်လျှောက်လဲချက်ပေးခဲ့ကြပြီး တရားလိုဘက်ကမူ ဦးဖြိုးမင်းသိန်း၏ ဇနီးထွက်ဆိုချက်၊ ဦးဖြိုးမင်းသိန်းနှင့်အတူ လိုက်ပါသွားသူ၏ ထွက်ဆိုချက်များအပေါ် အပြီးသတ်လျှောက်လဲချက်ပေးခဲ့သည်။

အကျင့်ပျက်ခြစားမှုအားကောင်းသည်ဟု နာမည်ဆိုးဖြင့်ကျော်ကြားသော ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယမန်နှစ်ဖေဖော်ဝါရီ ၁ ရက်နေ့တွင် အာဏာသိမ်းမှုမကြေညာခင်မှာပင်

ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရအကြီးအကဲများကို ထိန်းသိမ်းထားခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ကို အမှုပေါင်း ၁၇မှုဖြင့် တရားစွဲမှုဖြစ်လာခဲ့သည်။

အဆိုပါအမှုများအနက် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅(ခ)၊ ပို့ကုန်၊သွင်းကုန် ဥပဒေပုဒ်မ ၈၊ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇၊ သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၂၅ဖြင့် အမှု နှစ်မှုတို့အတွက် ထောင်ဒဏ် ရှစ်နှစ် ကျခံစေရန် တရားရုံးက အမိန့်ချခဲ့ပြီး စစ်ကောင်စီက နှစ်နှစ်လျော့ပေးခဲ့သည်။

ကျန်ရှိသည့်အမှုများအတွက် အပတ်စဉ် တနင်္လာ၊ အင်္ဂါ၊ ကြာသပတေးနှင့် သောကြာနေ့များတွင် နေပြည်တော်တွင် ရုံးချိန်းတက်ရောက်ပြီး ဆက်လက်ရင်ဆိုင်ရဦးမှာဖြစ်သည်။

April 7, 2026
ပို့ကုန်ရငွေ မပေးသွင်းမှုဖြင့် ခရိုနီ ဦးတေဇ၏ ထူးထရိတ်ဒင်းကုမ္ပဏီ အပါအဝင် ကုမ္ပဏီ ၂၉၀ နီးပါးကို...
ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...