KNLA ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်ကို စစ်ကောင်စီက ငြိမ်ချမ်းရေးဆွေးနွေးပွဲ မဖိတ်ဘူးလို့ဆို

KNLA ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်ကို စစ်ကောင်စီက ငြိမ်ချမ်းရေးဆွေးနွေးပွဲ မဖိတ်ဘူးလို့ဆို

KNLAကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်ကိုစစ်ကောင်စီကလုပ်မယ့်ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ဖိတ်ကြားမှာ မဟုတ်ဘူးလို့ အာဏာသိမ်းပြန်ကြားရေးဒုဝန်ကြီး က ပြောပါတယ်။

အာဏာသိမ်းစစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ (၁၃) ကြိမ်မြောက်သတင်းစာရှင်းလင်းပွဲမှာ သူကပြောခဲ့တာပါ။

“ကျွန်တော်တို့ငြိမ်းချမ်းရေးဖိတ်ခေါ်ထားတဲ့အဖွဲ့တွေရှိပါတယ်။ KNDO၊KNLA နဲ့ပူးပေါင်းထားတဲ့ DKBA တို့ကိုငြိမ်းချမ်းရေးဖိတ်ခေါ်ထားတဲ့အဖွဲ့ထဲမှာမပါဘူးဆိုတာတွေ့ရမှာပါ။ ကျွန်တော်တို့ဘာ ဆက်လုပ်မလဲသိရပါလိမ့်မယ်” လို့ စစ်ကောင်စီပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

လက်ရှိမှာ NCA လက်မှတ်ထိုးထားတဲ့အဖွဲ့(၁၀)ဖွဲ့ ရှိပြီး KNU ၊ RCSS/SSA PNLO CNF TNLA DKBA ABSDF အစရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ကိုဆက်သွယ်ထားပြီးအဲ့ဒီအဖွဲ့ တွေထဲက KNU နဲ့ TNLA အဖွဲ့တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။

ဒါ့အပြင် NCA လက်မှတ်မထိုးထားတဲ့အဖွဲ့တွေထဲက (၈) ဖွဲ့လောက်နဲ့အဆက်အသွယ်ရနေပြီး တခြား အဖွဲ့တွေနဲ့ စစ်ကောင်စီကချိတ်ဆက်တာတွေလုပ်ဆောင်နေတယ်လို့ သိရပါတယ်။

“စကစ ဥက္ကဌရဲ့ကြေညာချက်နဲ့ပတ်သက်ပြီးတော့မှတ်ချက်ပေးဖို့တော့စောသေးတာပေါ့နော် ဒီကိစ္စ နဲ့ပတ်သက်ပြီး ကျွန်တော်တို့ ULA ဗဟိုကော်မတီအတွင်းမှာလဲဆွေးနွေးစရာတွေရှိသေးတယ်” လို့ ရခိုင့်တပ်တော်AA ပြောခွင့်ရ ခိုင်သုခက သံလွင်တိုင်မ်းကိုပြောပါတယ်။

စစ်ကောင်စီကလုပ်မယ့်ငြိမ်းချမ်းရေးဆွေးနွေးပွဲကိုတပ်ဖို့၊မတက်ဖို့အတွက် ညီနောင်မဟာမိတ် အဖွဲ့တွေနဲ့ဆွးနွေး ရမှာတွေရှိသေးတယ်လို့ သူကပြောပါသေးတယ်။

ရခိုင့်တပ်တော် AA ၊ တအောင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA နဲ့ မြန်မာ့အမျိုး သားဒီမိုကရက်တစ်မဟာမိတ်တပ် MNDAA တို့ဟာ မြောက်ပိုင်း မဟာမိတ်တွေအဖြစ် ရပ်တည် ပြီး စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ မကြာခဏတိုက်ပွဲတွေဖြစ်ပေါိနေတာပါ။

စစ်ကောင်စီရဲ့ငြိမ်းချမ်းရေးဆွေးနွေးပွဲကို မဖိတ်ကြားဖို့ရှိနေတဲ့ ကရင်အမျိုးသားအစည်းအရုံး KNU ကတော့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကျင်းပချင်ရင် စစ်တပ်နိုင်ငံရေးကထွက်ခွါဖို့ တရားဝင် ကြေညာရမယ်လို့ ပြောဆိုထားပါတယ်။

May 7, 2026
မွန်ပြည်နယ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက် ခန့်အပ်ထားတဲ့ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို...
May 6, 2026
မွန်ဒေသအတွင်းရှိ ပြည်သူလူထုတွေအနေနဲ့ ဒေသလိုအပ်ချက်တွေအပါအဝင် ရင်ဆိုင်နေရတဲ့ အခက်အခဲ ပြဿနာတွေကို...
May 5, 2026
နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို လျှို့ဝှက်နေရာမှာ ဖမ်းဆီးထားရာကနေ...
ဓာတ်ပုံ - KNU
May 4, 2026
ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်နယ်မြေတွေမှာ အခုရက်ပိုင်းအတွင်း အာဏာသိမ်း စစ်အစိုးရက...