မြန်မာဆိုင်ရာ အထူးကိုယ်စားလှယ် ထိုင်း ခန့်အပ်

မြန်မာဆိုင်ရာ အထူးကိုယ်စားလှယ် ထိုင်း ခန့်အပ်

ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံနှင့် ဆက်ဆံရေးအတွက် ယင်း၏ အထူးကိုယ်စားလှယ်အဖြစ် နိုင်ငံခြားရေးဝန်ကြီး၏ အကြံပေးများအနက် တစ်ဦးဖြစ်သော ပွန်ပီမိုလ် ပေါ်လင်း ကန်ချန်နာလက်ခ်ကို ခန့်အပ်တာဝန်ပေးခဲ့ကြောင်း သိရသည်။

မစ္စ ပွန်ပီမိုလ်သည် အိမ်နီးချင်းမြန်မာနိုင်ငံနှင့် ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့် သိရှိထားသူဖြစ်သဖြင့် သူမကို ထို တာဝန်ပေးအပ်ရခြင်း ဖြစ်ကြောင်းနှင့် ယင်းက ဝန်ကြီးဌာန၏ အလုပ်တာဝန်များကိုလည်း ကူညီလျော့ကျစေလိမ့်မည် ဖြစ်ကြောင်း ထိုင်း ဒုဝန်ကြီးချုပ် ဖြစ်သလို နိုင်ငံခြားရေးဝန်ကြီးလည်း ဖြစ်သည့် ဒွန် ပရာမုဝီနိုင်းက ပြောသည်။

မစ္စ ပွန်ပီမိုလ်၏ တာဝန်သစ်က သူမ၏ အခြားတာဝန်များနှင့် ထပ်နေမည်လား ဆိုပြီး မေးမြန်းမှုကို မစ္စတာ ဒွန်က ဖြေကြားရာတွင် သူမသည် အချို့သော သတ်မှတ် အလုပ်တာဝန်များကိုသာ တာဝန်ယူထမ်းဆောင်ရလိမ့်မည်ဟု ပြောသည်။

သူမသည် ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာန၏ အကြံပေးတစ်ဦးအဖြစ် အရေးပါသော အခန်းကဏ္ဍကနေ ပါဝင်ထားသူဖြစ်သော်လည်း ပြည်ပနိုင်ငံများမှ အဆင့်မြင့်အရာရှိများနှင့် ဆွေးနွေးမှုများတွင် သူမ ပါဝင်ရန် အကန့်အသတ်များ ရှိခဲ့ကြောင်း ၎င်းက ပြောသည်။ ယခု သူမ၏ ရာထူးနေရာသစ်ကြောင့် ထို ကန့်သတ်ချက်များကို ဖယ်ရှားနိုင်မည် ဖြစ်သလို ယင်းကဲ့သို့ ရာထူးတာဝန်မျိုး ခန့်အပ်ခြင်းက ဥရောပသမဂ္ဂတွင် ပုံမှန်ပင် ဖြစ်ကြောင်း ၎င်းက ပြောခဲ့သည်။

မစ္စတာ ဒွန်၏ အဆိုပါ ရာထူးတာဝန်ခန့်အပ်မှု အမိန့်ညွှန်ကြားချက်ထဲတွင် မြန်မာနိုင်ငံသည် ပထဝီနိုင်ငံရေး၊ စီးပွားရေး၊ လူအဖွဲ့အစည်းနှင့် အမျိုးသားလုံခြုံရေးတို့နှင့် ပတ်သက်ပါက ထိုင်းအတွက် မဟာဗျူဟာကျ အရေးကြီးကြောင်း ဖော်ပြထားပြီး မစ္စ ပွန်ပီမိုလ်အနေဖြင့် မြန်မာရှိ နိုင်ငံခြားရေးရာ ကိစ္စများကို အနီးကပ်စောင့်ကြည့်သွားမည်ဖြစ်ကြောင်းနှင့် ယင်းတို့က ဝန်ကြီးဌာန၏ မူဝါဒနှင့် ကိုက်ညီမှု ရှိစေရေး သေချာစေရန် စောင့်ကြည့်သွားမည် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် သူမသည် အခြားသော အေဂျင်စီများ၊ ပုဂ္ဂလိက ကဏ္ဍတို့နှင့် ချိတ်ဆက်ညှိနှိုင်းမည် ဖြစ်သလို နိုင်ငံတကာ အစည်းအဝေးများတွင် ထိုင်း ကိုယ်စားလှယ်တစ်ဦးအဖြစ် ဆောင်ရွက်မည် ဖြစ်ကာ ၎င်းကို တိုက်ရိုက် အစီရင်ခံသွားမည် ဖြစ်ကြောင်း မစ္စတာ ဒွန်က ပြောသည်။

သူမသည် ထိုင်းနိုင်ငံခြားရေးဝန်ကြီး ရုံး၌ တာဝန်သစ်ကို ထမ်းဆောင်မည် ဖြစ်ပြီး အနည်းဆုံး လက်ထောက်အကူတစ်ဦး ရှိလိမ့်မည် ဖြစ်ကြောင်း သိရသည်။

March 14, 2026
စစ်ကော်မရှင်က ၂၀၂၆ ခုနှစ် မတ်လ ၁ ရက်မှ ၁၀ ရက်အတွင်း  ညောင်လေးပင်မြို့နယ်၌ ကျူးလွန်ခဲ့သည့်...
March 13, 2026
ပါခွီး — ပဲခူးတိုင်း ၊ တောင်ငူမြို့ အခြေစိုက် ကေတုမတီလေတပ်ကို ရှော့တိုက်ဒုံး ၁၈လုံးဖြင့် ပစ်ခတ်...
March 12, 2026
အိန္ဒိယ - မြန်မာ ကုန်သွယ်မှုပြုလုပ်မည့် ကုလားတန်ဘက်စုံသုံးသယ်ယူပို့ဆောင်ရေး စီမံကိန်း (Kaladan...
March 11, 2026
မောင်ခက်နွေ — အာဏာသိမ်းမြန်မာစစ်တပ်၏ ဝင်ငွေအရင်းအမြစ်ဖြစ်သည့် ပုလဲလုပ်ငန်းတွင် ပါဝင်ပတ်သက်နေသော...