ဒေါ်လာတစ်ဘီလျံအား စစ်ကောင်စီကို မပေးဘဲ NUG ထံ အမြန်ဆုံးလွှဲပေးနိုင်ရန် ကြိုးစားမည်ဟု အမေရိကန်ပြော

ဒေါ်လာတစ်ဘီလျံအား စစ်ကောင်စီကို မပေးဘဲ NUG ထံ အမြန်ဆုံးလွှဲပေးနိုင်ရန် ကြိုးစားမည်ဟု အမေရိကန်ပြော

ဒေါ်လာတစ်ဘီလျံအား စစ်ကောင်စီကိုမပေးဘဲ NUG ထံ အမြန်ဆုံးလွှဲပေးနိုင်ရန် ကြိုးစားမည်ဟု အမေရိကန်ကပြောကြားခဲ့ကြောင်း NUG ၏ လူ့အခွင့်အရေး ၀န်ကြီး ဦးအောင်မျိုးမင်းက ပြောကြားသည်။

အမေရိကန်နိုင်ငံသို့ NUG ၏ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ ဧပြီလ ပထမပတ်က သွားရောက်ခဲ့ရာတွင် အမေရိကန်ဘက်က ပြောကြားခဲ့ခြင်းဖြစ်သည်ဟု NUG ၏ ပြန်ကြာရေး မီဒီယာဖြစ်သည့် PVTV နှင့်အင်တာဗျူးတွင် ဝန်ကြီးကဖြေကြားခဲ့ခြင်းဖြစ်သည်။

အိမ်ဖြူတော်၌ အမေရိကန်အစိုးရ အမျိုးသားလုံခြုံရေးကောင်စီ၊ အရှေ့အာရှဒေသဆိုင်ရာ အဆင့်မြင့် ဒါရိုက်တာ Mr. Egatd Kavan နှင့် တွေ့ဆုံစဉ် အမေရိကန်ဘက်မှ ပြောကြားခဲ့ခြင်းဖြစ်သည်။

" မြန်မာနိုင်ငံကိုပေးဖို့အတွက် ဒီလိုမျိုးပေးဖို့အတွက် ယာယီဆိုင်းငံ့ထားတဲ့ One billion နဲ့ပတ်သက်ပြီး ပေးဖို့အတွက် ချက်ချင်းလက်ငင်းကြီး မပေးနိုင်သည့်တိုင်အောင် ဒါနဲ့ပတ်သက်ပြီး ပိုမိုပြီးတော့ လုပ်ပေးနိုင်ဖို့အတွက်စဥ်းစားသွားမယ့်အကြောင်း၊ တဖက်မှာလည်း ကျွန်တော်တို့အနေနဲ့ ဒါနဲ့ပတ်သက်ပြီး ပြင်ဆင်လုပ်ဆောင်ရမယ့်အကြောင်းကိုလည်း ပွင့်ပွင့်လင်းလင်းတင်ပြပြောဆိုပေးသွားတာ။ ဒါတွေကအောင်မြင်မှုတွေပဲ ဖြစ်ပါတယ်" ဟု ဝန်ကြီးဦးအောင်မျိုးမင်းကပြောကြားသည်။

ယခင်အစိုးရလက်ထက်က ဒေါ်လာတစ်ဘီလျံကို အမေရိကန်နိုင်ငံ၌ အပ်နှံခဲ့ခြင်းဖြစ်ပြီး အာဏာသိမ်းပြီးနောက် စစ်ကောင်စီ အသုံးမပြုနိုင်ရန် အမေရိကန်အစိုးရက အဆိုပါငွေများကို ထိန်းသိမ်းထားခြင်းဖြစ်သည်။

ယင်းငွေကြေးများကို NUG အစိုးရ၏ တိုးတက်ပြောင်းလဲလာမှုများပေါ်မူတည်ပြီး အမြန်ဆုံးလွှဲပြောင်းပေးရန် ကြိုးစားမည်ဟုအမေရိကန်ဘက်ကပြောကြားခဲ့သည်။

" သူတို့ဘက်ကအကုန်လုံးမပေးနိုင်သည့်တိုင်အောင် ကျွန်တော်တို့ဘက်ကတိုးတက်ပြောင်းလဲလာတဲ့ တိုးတက်လာမှုပေါ်မူတည်ပြီး အမြန်ဆုံးပေးနိုင်ဖို့အတွက် ကြိုးပမ်းသွားမယ်ဆိုတဲ့အကြောင်းသူတို့ဘက်က ပြောပါတယ်" ဟု ဦးအောင်မျိုးမင်းကဆက်လက်ပြောကြားသည်။

အမေရိကန်ခရီးစဥ်တွင် NUG အစိုးရ၏လုပ်ဆောင် ချက်များကို ပြောကြားနိုင်ခဲ့ပြီး သံတမန်ခရီးအရ အောင်မြင်သည့်ခရီးစဥ်ဖြစ်သည်ဟု ဦးအောင်မျိုးမင်းက ပြောကြားသည်။

March 14, 2026
စစ်ကော်မရှင်က ၂၀၂၆ ခုနှစ် မတ်လ ၁ ရက်မှ ၁၀ ရက်အတွင်း  ညောင်လေးပင်မြို့နယ်၌ ကျူးလွန်ခဲ့သည့်...
March 13, 2026
ပါခွီး — ပဲခူးတိုင်း ၊ တောင်ငူမြို့ အခြေစိုက် ကေတုမတီလေတပ်ကို ရှော့တိုက်ဒုံး ၁၈လုံးဖြင့် ပစ်ခတ်...
March 12, 2026
အိန္ဒိယ - မြန်မာ ကုန်သွယ်မှုပြုလုပ်မည့် ကုလားတန်ဘက်စုံသုံးသယ်ယူပို့ဆောင်ရေး စီမံကိန်း (Kaladan...
March 11, 2026
မောင်ခက်နွေ — အာဏာသိမ်းမြန်မာစစ်တပ်၏ ဝင်ငွေအရင်းအမြစ်ဖြစ်သည့် ပုလဲလုပ်ငန်းတွင် ပါဝင်ပတ်သက်နေသော...