စစ်ကောင်စီက ကရင်နီပြည်နယ်မှာ ကျောင်းပြန်ဖွင့်ဖို့ စီစဥ်နေ

စစ်ကောင်စီက ကရင်နီပြည်နယ်မှာ ကျောင်းပြန်ဖွင့်ဖို့ စီစဥ်နေ

တိုက်ပွဲတွေပြင်းထန်နေတဲ့ ကရင်နီပြည်နယ်မှာ စာသင်ကျောင်းတွေ ပြန်ဖွင့်ဖို့စစ်ကောင်စီ စီစဥ်နေတယ်လို့ ဖယ်ခုံပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူက သံလွင်တိုင်းမ်ကိုပြောပါတယ်။

ကယားပြည်နယ်က Non – CDM ဆရာမတွေနဲ့ နေ့စားလပေးဆရာမတွေကိုစစ်ကောင်စီက ကျောင်းတွေပြန်ဖွင့်ဖို့ သင်တန်းပေးနေတာပါ။

ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ ကရင်နီပြည်နယ်ကြားက မိုးဗြဲ၊ဖယ်ခုံ စတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တွေရဲ့နယ်မြေတွေမှာ တာဝန်လာထမ်းဆောင်မယ့် Non CDM တွေရဲ့ အသက်အန္တရာယ်ကို အာမ မခံဘူးလို့ ပအဖ သတင်းပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

“ ကျွန်မတို့က သူတို့အတွက် စိတ်ပူပါတယ်။ ဒီလွတ်မြောက်နယ်မြေမှာ လက်နက်ကိုင်အဖွဲ့အစုံရှိတော့ သူတို့ရဲ့ အသက်အန္တာရယ်ကို အာမမခံနိုင်ဘူး” လို့ ဆိုပါတယ်။

မိုးဗြဲ၊ဖယ်ခုံ ဒေသက ကျေးရွာတွေမှာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေရဲ့ ညွှန်ကြားချက်နဲ့ စာသင် ကျောင်းတွေ ပြန်လည်ဖွင့်လှစ်ထားတာတွေရှိတယ်လို့ သိရပါတယ်။

ဖယ်ခုံ ပညာရေးဘုတ်အဖွဲ့လက်အောက်မှာ စာသင်ကျောင်း(၇၀) ဖွင့်လှစ်ထားပြီး ကျောင်းသားပေါင်း (၁) သောင်းကျော်ကို သင်ကြားပေးနေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့လတွေက မိုးဗြဲနဲ့ဖယ်ခုံမှာ စစ်ကောင်စီက စစ်ကြောင်းထိုးချိန်မှာ စာသင်ကျောင်းတွေကို ဖျက်ဆီးခဲ့လို့ တချို့နေရာတွေမှာ တဲထိုးပြီး သင်ကြားပေးနေရတဲ့ အခြေအနေမှာရှိနေပါတယ်။

July 30, 2026
ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) သည် အာရက္ခတပ်တော် (AA) အပါအဝင်...
July 25, 2026
ကရင်ပြည်၊ ဖာပွန်ခရိုင်တွင် အင်အားထောင်ချီဖြင့် စစ်ကြောင်းထိုးနေသည့် စစ်တပ်စစ်ကြောင်းမှာ အထိနာကာ...
ဓာတ်ပုံ-CJ See less
July 24, 2026
အာဏာသိမ်း စစ်တပ် အသွင်ပြောင်း အစိုးရ သမ္မတ ဦးမင်းအောင်လှိုင်က စားသုံးဆီ လျှော့ချဖို့...
July 23, 2026
မော်လမြိုင် - စစ်တပ်အသွင်ပြောင်း အစိုးရလက်ထက်တွင် အခြေခံစားသောက်ကုန်ဖြစ်သော ကြက်ဥတစ်လုံးလျှင်...