ကျိုက်ထိုကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ ယာဉ်တန်းတိုက်ခိုက်ခံရတာကြောင့် ၁၀ ဦး သေဆုံး

ကျိုက်ထိုကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ ယာဉ်တန်းတိုက်ခိုက်ခံရတာကြောင့် ၁၀ ဦး သေဆုံး

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ အထက်အင်္ဂဘိုကျေးရွာအနီးမှာ ဧပြီလ ၂၅ ရက်နေ့ မနက်ပိုင်းက စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီယာဉ်တန်းကို KNLA  ပူးပေါင်းအဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့လို့ စစ်သား အနည်းဆုံး (၁၀)ဦး သေဆုံးခဲ့ပါတယ်။

ကျိုက်ထိုဘက်ကနေ KNLA တပ်မဟာ(၁)တပ်ရင်း(၃)နယ်မြေထဲကို ဝင်လာတဲ့ စစ်ကောင်စီယာဉ်တန်း ရပ်နားနေတဲ့အချိန်မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ PDF ပူးပေါင်းအဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

ကြားဖြတ်တိုက်ခိုက်ခံရတာကြောင့် နှစ်ဖက်တိုက်ပွဲ ၁ နာရီ နီးပါးကြာ ဖြစ်ပွားခဲ့ပြီး အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၁၀ ဦး သေဆုံးပြီး ဒဏ်ရာရသူတွေလည်း ရှိတယ်လို့ KNU တပ်မဟာ(၁) သထုံခရိုင် ဥက္ကဋ္ဌ ပဒိုစောစိုးမြင့်က ပြောပါတယ်။

“ သူတို့ဘက်က စစ်ကားတွေဝင်လာတော့ ကျွန်တော်တို့ဘက်က သွားတိုက်တယ်။ ဆယ်ယောက်လောက် ကျဆုံးသွားတယ်။ ဒဏ်ရာရသူတွေကိုလည်း ကားတွေနဲ့ တင်သွားတယ်” လို့ ဆိုပါတယ်။

အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးသူတွေ များတာကြောင့် စစ်ကောင်စီယာဉ်တန်း ရှေ့ဆက်မသွားတော့ဘဲ နောက်ကြောင်းပြန်လှည့်သွားတယ်လို့ ဆိုပါတယ်။

တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီဘက်ကတော့ ထိခိုက် သေဆုံးသူတွေကို ကျိုက်ထိုဆေးရုံနဲ့ သိမ်ဇရပ်ဆေးရုံကို ပို့ဆောင်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

KNU တပ်မဟာ(၁) ထိန်းချုပ်နယ်မြေ ကျိုက်ထိုမြို့နယ်မှာတော့ စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်တွေ မကြာခဏဆိုသလို တိုက်ခိုက်ခံနေရပြီး စစ်ကောင်စီဘက်က အထိနာ နေတာ ဖြစ်ပါတယ်။

May 8, 2026
တနင်္သာရီတိုင်း ထားဝယ်မြို့နယ် ထီးခီးဒေသတဝိုက်အခြေပြုတဲ့ လှုပ်ရှားနေတဲ့ KTLA တပ်ဖွဲ့ဝင် ၃၀...
May 7, 2026
မွန်ပြည်နယ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက် ခန့်အပ်ထားတဲ့ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို...
May 6, 2026
မွန်ဒေသအတွင်းရှိ ပြည်သူလူထုတွေအနေနဲ့ ဒေသလိုအပ်ချက်တွေအပါအဝင် ရင်ဆိုင်နေရတဲ့ အခက်အခဲ ပြဿနာတွေကို...
May 5, 2026
နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို လျှို့ဝှက်နေရာမှာ ဖမ်းဆီးထားရာကနေ...