မြ၀တီ-ကော့ကရိတ် အာရှလမ်းမကြီးပေါ် သွားလာတဲ့ မော်တော်ယာဉ်တွေကို မပစ်ခတ်ဖို့ KNLA ဗဟိုညွှန်ကြား

မြ၀တီ-ကော့ကရိတ် အာရှလမ်းမကြီးပေါ် သွားလာတဲ့ မော်တော်ယာဉ်တွေကို မပစ်ခတ်ဖို့ KNLA ဗဟိုညွှန်ကြား

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ဗဟိုစစ်ဉီးစီးဌာနချုပ်က မြ၀တီ-ကော့ကရိတ် အာရှလမ်းမကြီးပေါ် သွားလာတဲ့ မော်တော်ယာဉ်တွေကို အကြောင်းမဲ့ မပစ်ခတ်ဖို့ ညွှန်ကြား လိုက်ပါတယ်။

ဧပြီလ (၂၃) ရက်နေ့စွဲနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောဂျော်နီ လက်မှတ်ရေးထိုး ထုတ်ပြန်ထားတဲ့ ဒီညွှန်ကြားစာမှာ မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီး ပေါ်မှာ သွားလာပြေးဆွဲနေတဲ့ ခရီးသည် တင်မော်တော်ယာဉ်တွေ အရပ်သားကားတွေကုန် တင်မော် တော်ယာဉ်တွေ ကိုအကြောင်းမဲ့ နှောင့်ယှက်ပစ်ခတ်တာ မီးရှို့ဖျက်ဆီးတာတွေ မလုပ်ဖို့ သက်ဆိုင်ရာ KNU တပ်မဟာ၊တပ်ရင်းတွေမှာရှိတဲ့ အောက်ခြေအဆင့်ဆင့်ရှိ တပ်မှူး၊တပ်သားတွေကို ညွှန်ကြား ထားတာပါ။

KNU တပ်မဟာအမှတ်( ၆)နဲ့ တပ်မဟာအမှတ်( ၇) တပ်မဟာမှူးတွေထံ ရည်ညွှန်းပေးပို့ခဲ့တဲ့ ဒီညွှန် ကြားစာကို KNU-ကရင်အမျိုးသားအစည်းအရုံး ဗဟိုအလုပ်အမှုဆောင်ကော်မတီရဲ့ ဆုံးဖြတ်ချက်အရ ထုတ်ပြန်လိုက်တာလို့လည်း ဖော်ပြထားပါတယ်။

ဒီညွှန်ကြားစာကို မလိုက်နာမှုဘဲ ဖောက်ဖျက်ကျူးလွန်ခဲ့ရင် လိုအပ်သလို အရေးယူဆောင်ရွက်ခြင်းခံရ မည်လို့လည်း KNLA စစ်ဦးစီးချုပ်ရဲ့ညွှန်ကြားစာမှာ ဖော်ပြပါရှိပါတယ်။

ပြီးခဲ့တဲ့ လပိုင်းတွေက အာရှလမ်းမကြီးမှာ ဖြတ်သန်းသွားလာနေတဲ့ ကုန်တင်ကား၊ခရီးသည်တင်ကား နဲ့ ဆိုင်ကယ်တွေမီးရှို့ခံထားရပါတယ်။

May 7, 2026
မွန်ပြည်နယ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက် ခန့်အပ်ထားတဲ့ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို...
May 6, 2026
မွန်ဒေသအတွင်းရှိ ပြည်သူလူထုတွေအနေနဲ့ ဒေသလိုအပ်ချက်တွေအပါအဝင် ရင်ဆိုင်နေရတဲ့ အခက်အခဲ ပြဿနာတွေကို...
May 5, 2026
နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို လျှို့ဝှက်နေရာမှာ ဖမ်းဆီးထားရာကနေ...
ဓာတ်ပုံ - KNU
May 4, 2026
ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်နယ်မြေတွေမှာ အခုရက်ပိုင်းအတွင်း အာဏာသိမ်း စစ်အစိုးရက...