မီဇိုရမ်စစ်ဘေးရှောင်များ မူးယစ်ဆေးဝါးရောင်းဝယ်ခြင်းမပြုလုပ်ရန် ချင်းဒေသပြည်သူ့ကာကွယ်ရေး ၆ ဖွဲ့ သတိပေးစာထုတ်ပြန်

မီဇိုရမ်စစ်ဘေးရှောင်များ မူးယစ်ဆေးဝါးရောင်းဝယ်ခြင်းမပြုလုပ်ရန် ချင်းဒေသပြည်သူ့ကာကွယ်ရေး ၆ ဖွဲ့ သတိပေးစာထုတ်ပြန်

မြန်မာနိုင်ငံအတွင်းဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်သို့ ဝင်ရောက်ခိုလှုံနေကြရသည့် စစ်ဘေးရှောင်ပြည်သူများ မူးယစ်ဆေးဝါးရောင်းဝယ်ခြင်းမပြုကြရန် ချင်းဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(၆)ဖွဲ့က ဧပြီလ ၂၁ ရက်နေ့တွင် သတိပေးစာထုတ်ပြန်ထားသည်။

အဆိုပါထုတ်ပြန်ချက်ကို Chin National Front(CNF/A)၊ Chin National Organization (CNO/CNDF)၊ Hualngoram Peoples Organization (HPO/CDF- Hualngoram)၊ People Defence Army(PDA)၊ People Defense Force (kalay) (PDF Kalay)၊ Zomi Federal Union (ZFU/PDF Zoland)အစရှိသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကထုတ်ပြန်ထားပြီး မြန်မာပြည်မှ စစ်ဘေးရှောင်ဒုက္ခသည်များက မူးယစ်ဆေး ဝါးများရောင်းဝယ်ဖြန့်ဖြူးနေသည်ဟူသော ကောလဟာလသတင်းများ ထွက်ရှိမှုအပေါ် စိတ်မကောင်းဖြစ်ကြောင်းနှင့် စစ်ဘေးရှောင်ပြည်သူများထဲတွင် ယင်းကဲ့သို့သော ပြစ်မှုကျူးလွန်သူများရှိပါက ရပ်တန်းကရပ်ပါရန်နှင့် နောက်နောင်မပြုလုပ်ရန်သတိပေးကြောင်း၊ နိုင်ငံတော်နှင့်လူမျိုးအပေါ် ချစ်ခြင်းမေတ္တာမရှိဘဲ မူးယစ်ဆေးဝါးရောင်းဝယ်ဖော်ကားနေသူများအား မရရသောနည်းဖြင့် ဆက်လက်လိုက်လံဖမ်းဆီးသွားမည်ဖြစ်ကြောင်း ကြေညာထားသည်။

ထို့နောက် မီးဇိုရမ်ပြည်သူလူထု၏ မြန်မာပြည်မှစစ်ဘေး ရှောင်လာသူများအပေါ် ချစ်ခြင်းမေတ္တာစာနာမှုနှင့် ကရုဏာတရားကိုမမေ့လျော့ကြောင်း၊ မီဇိုရမ်ပြည်နယ်အတွင်း မည်မျှကြာရှည်စွာ နေထိုင်မည်မှန်း မသိနိုင်သောကြောင့် ချစ်ခြင်းမေတ္တာနှင့် စာနာမူများ ဆက်လက်ပြသပေးရန်နှင့် မြန်မာပြည်ကြီး လွတ်လပ်ရေးနှင့်ငြိမ်းချမ်းရေး အမြန်ပေါ်ပေါက်လာစေရန် ဆက်လက်မေတ္တာပို့သပေးကြရန် ဖိတ်ခေါ်ထားကြောင်းထုတ်ပြန်ချက်တွင်ပါရှိသည်။

ထို့အပြင် စစ်ဘေးရှောင်ပြည်သူများ အနေဖြင့် မိမိတို့ရောက်ရာအရပ်တွင် ရပ်ရွာအကျိုးသယ်ပိုးနိုင်သူများဖြစ်စေရန် တိုက်တွန်းထားအဆိုပါ ကြေညာချက်တွင်ပါရှိသည်။

စစ်ကိုင်းတိုင်းနှင့် ချင်းပြည်နယ်အတွင်းဖြစ်ပွားသည့်တိုက်ပွဲများကြောင့် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်တွင် ခိုလှုံနေသည့်ချင်းစစ်ဘေးရှောင်ပြည်သူ(၂၉၅၃၂)ဦး အထိရှိပြီဖြစ်ကြောင်းသိရသည်။

April 25, 2026
ချင်းပြည်နယ် ၊ ဖလမ်းမြို့နယ်မှာ ဧပြီလ ၂၃ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း...
April 24, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့ကို စစ်ကြောင်းထိုးလာနေတဲ့ စစ်ကော်မရှင်တပ်ဖွဲ့တွေနဲ့ ဖလမ်းမြို့နားမှာ...
April 23, 2026
ဇိုဂမ် (Zogam) နယ်မြေအတွင်းကို ဘယ်ပြင်ပအဖွဲ့အစည်းကမှ ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်တာကို...
April 22, 2026
အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်က NCA ကာလတုန်းက မူဟောင်းကြီးကို ပြန်အစဖော်ပြီး CNF အပါအဝင်...