မတူပီမြို့နယ် လည်မျိုချောင်းဆုံတိုက်ပွဲတွင် စစ်ကောင်စီဗိုလ်ကြီးအဆင့်အပါအဝင် ၈ ဦးသေဆုံး

မတူပီမြို့နယ် လည်မျိုချောင်းဆုံတိုက်ပွဲတွင် စစ်ကောင်စီဗိုလ်ကြီးအဆင့်အပါအဝင် ၈ ဦးသေဆုံး

မတူပီမြို့နယ် မင်းတပ်-မတူပီလမ်းမပေါ်ရှိ လည်မျိုချောင်းဆုံတွင် CDF-Matupi နှင့် စစ်ကောင်စီတပ်ဖွဲ့တို့ ဧပြီလ ၂၀ ရက် ယမန်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ဗိုလ်ကြီးအဆင့်အပါအဝင် ၈ ဦးသေဆုံးခဲ့သည်ဟု CDF-Matupi ပြန်ကြားရေးတာဝန်ရှိသူ တစ်ဦးက ပြောသည်။

“ မနေ့က မနက်ပိုင်းမှာ မတူပီအခြေစိုက် ခမရ ၃၀၄ တပ်ရင်းအောက်ဖက် လည်မျိုချောင်းဆုံမှာ CDF-Matupi နှင့် စကစတွေ နာရီဝက်လောက် ထိပ်တိုက်တွေ့တယ် CDF အနေနဲ့ အထိအခိုက်မရှိ ကျွန်တော်တို့ ပြန်လ ည်ခွာနိုင်တယ် သူတို့ဖက်က ဗိုလ်ကြီးအဆင့် အရာရှိတစ်ဦးအပါအဝင် ၈ယောက်ကျပြီး ၅ ဦးလောက်ဒဏ်ရာရ တယ်” ဟု CDF-Matupi ပြန်ကြားရေးတာဝန်ရှိသူ တစ်ဦးက ပြောသည်။

မတူပီမြို့အခြေစိုက် စစ်ကောင်စီတပ် ခမရ ၃၀၄ တပ်ရင်းသည် နယ်မြေရှင်းလင်းရေးပြုလုပ်သည်ဟုဆိုကာ CDF-Matupi တပ်ရင်း ထိန်းချုပ်နယ်မြေဧရိယာအတွင်းသို့ ဝင်ရောက်လာခြင်းကြောင့် နှစ်ဘက်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

စစ်ကောင်စီတပ်ဘက်မှ ယမန်နေ့တိုက်ပွဲဖြစ်ပွားပြီးနောက်ပိုင်းတွင်လည်း  စစ်အင်အား ၁၀၀ ဝန်းကျင်ထပ်မံ ဖြည့်တင်းလာ သည်ဟု သိရသည်။

CDF-Matupi နှင် စစ်ကောင်စီတပ်ဖွဲ့တို့ ယနေ့မနက်ပို်င်းတွင် ထိတွေ့မှုထပ်မံမရှိသေးသော်လည်း စစ်ကောင်စီ ဘက်မှ ဖုန်းလိုင်းများဖြတ်တောက်ပြီး မကြာမှီအချိန်တွင်းမှာလည်း တိုက်ပွဲများဆက်လက် ပြင်းထန်းလာနိုင်ဖွ ယ်ရှိသည်ဟု CDF-Matupi က ပြန်ကြားရေးတာဝန်ရှိသူက ပြောသည်။

Most read this week

December 10, 2025
စစ်အာဏာရှင်တော်လှန်ရေး ငါးနှစ်နီးပါး ရှိလာချိန်တွင် ချင်းလူမှုအသိုင်းအဝိုင်းကြား လူ့အခွင့်အရေး၊...
December 9, 2025
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့ကို ယနေ့မှာ စစ်ကော်မရှင်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု...
Photo credit - social media
December 8, 2025
ရန်ကုန်မြို့တွင်နေထိုင်သော ချင်းဓမ္မအမှုတော်ဆောင်တစ်ဦးဖြစ်သူ ဆရာ Pau Muan Lian သည်...
December 4, 2025
စစ်ကော်မရှင်က လာမည့် ဒီဇင်ဘာလ ၂၈ ရက်နေ့ကစ၍ အပိုင်းလိုက်ကျင်းပရန် စီစဉ်နေသည့် ရွေးကောက်ပွဲအတွက်...