မတူပီမြို့နယ် လည်မျိုချောင်းဆုံတိုက်ပွဲတွင် စစ်ကောင်စီဗိုလ်ကြီးအဆင့်အပါအဝင် ၈ ဦးသေဆုံး

မတူပီမြို့နယ် လည်မျိုချောင်းဆုံတိုက်ပွဲတွင် စစ်ကောင်စီဗိုလ်ကြီးအဆင့်အပါအဝင် ၈ ဦးသေဆုံး

မတူပီမြို့နယ် မင်းတပ်-မတူပီလမ်းမပေါ်ရှိ လည်မျိုချောင်းဆုံတွင် CDF-Matupi နှင့် စစ်ကောင်စီတပ်ဖွဲ့တို့ ဧပြီလ ၂၀ ရက် ယမန်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ဗိုလ်ကြီးအဆင့်အပါအဝင် ၈ ဦးသေဆုံးခဲ့သည်ဟု CDF-Matupi ပြန်ကြားရေးတာဝန်ရှိသူ တစ်ဦးက ပြောသည်။

“ မနေ့က မနက်ပိုင်းမှာ မတူပီအခြေစိုက် ခမရ ၃၀၄ တပ်ရင်းအောက်ဖက် လည်မျိုချောင်းဆုံမှာ CDF-Matupi နှင့် စကစတွေ နာရီဝက်လောက် ထိပ်တိုက်တွေ့တယ် CDF အနေနဲ့ အထိအခိုက်မရှိ ကျွန်တော်တို့ ပြန်လ ည်ခွာနိုင်တယ် သူတို့ဖက်က ဗိုလ်ကြီးအဆင့် အရာရှိတစ်ဦးအပါအဝင် ၈ယောက်ကျပြီး ၅ ဦးလောက်ဒဏ်ရာရ တယ်” ဟု CDF-Matupi ပြန်ကြားရေးတာဝန်ရှိသူ တစ်ဦးက ပြောသည်။

မတူပီမြို့အခြေစိုက် စစ်ကောင်စီတပ် ခမရ ၃၀၄ တပ်ရင်းသည် နယ်မြေရှင်းလင်းရေးပြုလုပ်သည်ဟုဆိုကာ CDF-Matupi တပ်ရင်း ထိန်းချုပ်နယ်မြေဧရိယာအတွင်းသို့ ဝင်ရောက်လာခြင်းကြောင့် နှစ်ဘက်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

စစ်ကောင်စီတပ်ဘက်မှ ယမန်နေ့တိုက်ပွဲဖြစ်ပွားပြီးနောက်ပိုင်းတွင်လည်း  စစ်အင်အား ၁၀၀ ဝန်းကျင်ထပ်မံ ဖြည့်တင်းလာ သည်ဟု သိရသည်။

CDF-Matupi နှင် စစ်ကောင်စီတပ်ဖွဲ့တို့ ယနေ့မနက်ပို်င်းတွင် ထိတွေ့မှုထပ်မံမရှိသေးသော်လည်း စစ်ကောင်စီ ဘက်မှ ဖုန်းလိုင်းများဖြတ်တောက်ပြီး မကြာမှီအချိန်တွင်းမှာလည်း တိုက်ပွဲများဆက်လက် ပြင်းထန်းလာနိုင်ဖွ ယ်ရှိသည်ဟု CDF-Matupi က ပြန်ကြားရေးတာဝန်ရှိသူက ပြောသည်။

Most read this week

February 17, 2026
စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်ရှိ ကျေးရွာတချို့မှာ အတင်းအဓမ္မ တပ်သားစုဆောင်းခံနေရသည့်အတွက်...
February 16, 2026
မြန်မာနိုင်ငံဘက်သို့ ကုန်စ္စည်းများပို့ဆောင်သည့် မီဇိုရမ်ပြည်နယ် လောင်တလိုင်မြို့က...
February 13, 2026
ချင်းပြည်နယ်မြောက်ပိုင်၊ ဖလမ်းမြို့နယ်ထဲကို စစ်ကြောင်းထိုးလာနေသော စစ်ကော်မရှင်တပ်များကို WITCH...
February 12, 2026
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အတွင်း PDF-Zoland က ဘိန်းစိုက်ခင်းတွင်...