တနင်္သာရီတိုင်း မြို့နယ် ၅ မြို့နယ်ကို တစ်ပြိုင်နက်တည်း စစ်ကြောင်းထိုးဖို့ စစ်ကောင်စီ လျှိူ့ဝှက်ညွှန်ကြား

တနင်္သာရီတိုင်း မြို့နယ် ၅ မြို့နယ်ကို တစ်ပြိုင်နက်တည်း စစ်ကြောင်းထိုးဖို့ စစ်ကောင်စီ လျှိူ့ဝှက်ညွှန်ကြား

တနင်္သာရီတိုင်းက မြိတ်၊ တနင်္သာရီ၊ သရက်ချောင်း၊ ထားဝယ်နဲ့ ပုလောမြို့နယ်တွေကို တစ်ပြိုင်နက်တည်း စစ်ကြောင်းထိုးဖို့ စစ်ကောင်စီက လျှိူ့ဝှက်ညွှန်ကြားလာတာ ဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ လျှိူ့ဝှက်ညွှန်ကြားစာမှာတော့ စစ်ကြောင်း (၁) အနေနဲ့ သမုတ်၊ ပုလော၊ ပလောက်နယ်မြေထိ နယ်မြေစိုးမိုးရေးအတွက် စစ်ကြောင်းထိုးဖို့နဲ့ စစ်ကြောင်း(၂)အနေနဲ့ ကျွဲကူး၊ တကူး၊ သမ်းလှ၊ တနင်္သာရီ၊ သဘော့လိပ်အထိ PDF နယ်မြေတွေကို ရှင်းလင်းဖို့ ညွှန်ကြားထားတာပါ။

ဒါ့အပြင် လှုပ်ရှားစစ်ကြောင်း(၁)အနေနဲ့ သရက်ချောင်း၊ ပြင်ပုံကြီး၊ စုံစင်ဖျား၊ တောက်ပျောက်ထိ စစ်ကြောင်းထိုးဖို့နဲ့ လှုပ်ရှားစစ်ကြောင်း(၂)အနေနဲ့ ထားဝယ်မှာ ပိတ်ဆို့စစ်ဆေး ကင်းပုန်းဝပ်တာ လုပ်ဆောင်ဖို့ ညွှန်ကြားထားပါတယ်။

နယ်မြေစိုးမိုးရေး စစ်ကြောင်းထိုးရာမှာ PDF အဖွဲ့တွေနဲ့ဆက်စပ်နေတဲ့ ရွာသူ၊ ရွာသားတွေကို စစ်ဆေးမေးမြန်းဖို့ လိုအပ်ရင် အကြမ်းဖက်မှုပြုလုပ် ရှင်းလင်းစိုးမိုးဖို့ ညွှန်ကြားထားတာ ဖြစ်ပါတယ်။

စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာရင် တိုက်ပွဲတွေ ပိုမို ပြင်းထန်လာနိုင်တာကြောင့် ပြည်သူတွေအနေနဲ့ တိုက်ပွဲကြား ပိတ်မမိအောင် ကြိုတင်ပြင်ဆင်တာတွေ လုပ်ဆောင်ကြဖို့ ထားဝယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

အာဏာသိမ်း စစ်ကောင်စီဟာ တနင်္သာရီတိုင်းမှာ နယ်မြေစိုးမိုးရေး ဆောင်ရွက်ရာမှာ အရင်တုန်းက တခြားဒေသက တပ်တွေ အသုံးပြုတိုက်ခိုက်ခဲ့ပေမယ့် အခုအခါမှာတော့ နယ်မြေခံတပ်ရင်းတွေကို အသုံးပြု တိုက်ခိုက်ဖို့ ညွှန်ကြားထားတာ ဖြစ်ပါတယ်။

တနင်္သာရီတိုင်းမှာတော့ စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်နဲ့ ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ကြား တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေပြီး အဲဒီတိုက်ပွဲကြောင့် ဒေသခံပြည်သူ ထောင်နဲ့ချီ ထွက်ပြေးတိမ်းရှောင်နေရတာ ဖြစ်ပါတယ်။

July 30, 2026
ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) သည် အာရက္ခတပ်တော် (AA) အပါအဝင်...
July 25, 2026
ကရင်ပြည်၊ ဖာပွန်ခရိုင်တွင် အင်အားထောင်ချီဖြင့် စစ်ကြောင်းထိုးနေသည့် စစ်တပ်စစ်ကြောင်းမှာ အထိနာကာ...
ဓာတ်ပုံ-CJ See less
July 24, 2026
အာဏာသိမ်း စစ်တပ် အသွင်ပြောင်း အစိုးရ သမ္မတ ဦးမင်းအောင်လှိုင်က စားသုံးဆီ လျှော့ချဖို့...
July 23, 2026
မော်လမြိုင် - စစ်တပ်အသွင်ပြောင်း အစိုးရလက်ထက်တွင် အခြေခံစားသောက်ကုန်ဖြစ်သော ကြက်ဥတစ်လုံးလျှင်...