လူငယ်များရဲ့စုပေါင်း သပိတ်စစ်ကြောင်းကို ကားနဲ့တိုက်ဖမ်း အမျိုးသမီးသုံးယောက် ရိုက်နှက်ဖမ်းဆီးခံရ

လူငယ်များရဲ့စုပေါင်း သပိတ်စစ်ကြောင်းကို ကားနဲ့တိုက်ဖမ်း အမျိုးသမီးသုံးယောက် ရိုက်နှက်ဖမ်းဆီးခံရ

ရန်ကုန်တိုင်း တောင်ဥက္ကလာပမြို့နယ် မြင်သာ(၃၁) ကားဂိတ်အနီးကလူငယ်များ သမဂ္ဂသပိတ်စစ်ကြောင်း ကို ကားနဲ့တိုက်ပြီး လူငယ်အမျိုးသမီးသုံးယောက်ကို ဖမ်းဆီးသွား တယ်လို့ သပိတ်ခေါင်း ဆောင်တစ်ယောက်က သံလွင်တိုင်းမ်ကို အတည်ပြုပါတယ်။

ဒီနေ့ညနေ(၄) နာရီက အဓမ္မဘက်ကယုတ်မာနေပြီ ဓမ္မဘက်တွေ ပြတ်သားဖို့လိုပြီဆို တဲ့ ကြွေးကြော်သံနဲ့ သပိတ်ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

သပိတ်စစ်ကြောင်းကိုဖြိုခွဲချိန် Taxi ကားပေါ်တက်တဲ့ လူငယ်အမျိုးသမီးသုံးယောက်ကို ရိုက်နှက်ဖမ်းဆီးသွားတာဖြစ်သလို  ကားသမားကိုသေနတ်နဲ့ချိန်ကာ ဖမ်းဆီးခဲ့တာဖြစ်တယ် လို့သိရပါတယ်။

“မိန်းကလေးသုံးယောက်အဖမ်းခံရတာအတည်ပြုပါတယ်။ ဘယ်သူတွေဆိုတာကိုတော့ ကျွန်တော်တို့ မထုတ်ပြန်သေးပါဘူး။ မိခင်အဖွဲ့အစည်းကထုတ်ပြန်တာကိုစောင့်သွားမှာ ပါ” လို့  သပိတ်ခေါင်းဆောင်တစ်ယောက်က သံလွင်တိုင်းမ်ကိုပြောပါတယ်။

သပိတ်စစ်ကြောင်းမှာပါတဲ့ တခြားသူတွေလည်း  ဘေးကင်းလုံခြုံတဲ့နေရာကို ရောက်နေပြီလို့လည်း သူကပြောပါသေးတယ်။

လက်ရှိအချိန်မှာတော့ တောင်ဥက္ကလာပမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စောင့်ဆိုင်းနေကြပြီး  လမ်းသွားလမ်းလာတွေကိုတား ဆီးစစ်ဆေးတာတွေ လုပ်  နေပါတယ်။

ပြီးခဲ့တဲ့ (၂၀၂၁)ဒီဇင်ဘာလတုန်းကလည်း ကြည့်မြင်တိုင်မြို့နယ် ပန်းပင်ကြီးလမ်းဆန္ဒပြ လူငယ်တွေကို စစ်ကောင်စီတပ်က ကားနဲ့တိုက်ပြီးဖြိုခွဲခဲ့ပါသေးတယ်။

July 30, 2026
ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) သည် အာရက္ခတပ်တော် (AA) အပါအဝင်...
July 25, 2026
ကရင်ပြည်၊ ဖာပွန်ခရိုင်တွင် အင်အားထောင်ချီဖြင့် စစ်ကြောင်းထိုးနေသည့် စစ်တပ်စစ်ကြောင်းမှာ အထိနာကာ...
ဓာတ်ပုံ-CJ See less
July 24, 2026
အာဏာသိမ်း စစ်တပ် အသွင်ပြောင်း အစိုးရ သမ္မတ ဦးမင်းအောင်လှိုင်က စားသုံးဆီ လျှော့ချဖို့...
July 23, 2026
မော်လမြိုင် - စစ်တပ်အသွင်ပြောင်း အစိုးရလက်ထက်တွင် အခြေခံစားသောက်ကုန်ဖြစ်သော ကြက်ဥတစ်လုံးလျှင်...