မုံရွာပင်မသပိတ်စစ်ကြောင်း ဆန္ဒပြပွဲအပြီး ဒလန်သတင်းပေးမှုကြောင့် ကာကွယ်ရေးတပ်ဖွဲ့ဝင် ၅ ဦးကျဆုံး

မုံရွာပင်မသပိတ်စစ်ကြောင်း ဆန္ဒပြပွဲအပြီး ဒလန်သတင်းပေးမှုကြောင့် ကာကွယ်ရေးတပ်ဖွဲ့ဝင် ၅ ဦးကျဆုံး

စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ ၊ မုံရွာ - မန္တလေး လမ်းမပေါ်တွင် နှစ်ဆန်းတစ်ရက်နေ့ ဧပြီ ၁၇ရက်နေ့ နံနက်ပိုင်းက ဆန္ဒပြခဲ့သည့် မုံရွာပင်မသပိတ်သပိတ်စစ်ကြောင်းကို လုံခြုံရေးယူပေးနေသည့် ကာကွယ်ရေးတပ်ဖွဲ့ဝင် ငါးဦး ကျဆုံးခဲ့သည်ဟု ဆန္ဒပြပွဲတွင်ပါဝင်ခဲ့သည့် ဒေသခံများထံက သိရသည်။

မုံရွာပင်မသပိတ်စစ်ကြောင်းသည် မိနစ် ၂၀ ကြာ အောင်မြင်စွာ ဆန္ဒပြခဲ့ကြပြီးနောက် ဒလန်သတင်းပေးမှုကြောင့် မုံရွာ - ချောင်းဦး လမ်းပိုင်းတွင် လုံခြုံရေးယူပေးနေသည့် ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် ရဲဘော်ငါးဦးကို စစ်ကောင်စီတပ်နှင့်ပျူစောထီးအဖွဲ့မှ ဝင်ရောက်ပစ်ခတ် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"ကျွန်တော့်ရဲဘော်တွေလည်းပါတယ်။သပိတ်စစ်ကြောင်းကို လုံခြုံရေးယူပေးရတဲ့ အထဲမှာ အခုကျဆုံးတဲ့ရဲဘော်တွေက သပိတ်ပြီးလို့ သူတို့ပွိုင့်မှာ ပြန်ပြီး ကင်းစောင့်နေတဲ့ အချိန် ဒလန်သတင်းပေးမှုကြောင့် အပစ်ခံလိုက်ရတာ "ဟု Unity Force Monywa အဖွဲ့တာဝန်ရှိသူက ပြောသည်။

မုံရွာပင်မသပိတ်စစ်ကြောင်းသည် ဆန္ဒပြပွဲအပြီး လူစုခွဲပြီးနောက်ပိုင်းတွင် ဒလန်များ၏ သတင်းပေးချက်အရ တောပုရွာရှိ ပျူစောထီးတပ်ဖွဲ့များက ဝင်ရောက်ဖမ်းဆီး၍ အရှင်မိသူများအား ပစ်သတ်သွားခြင်းဖြစ်ကြောင်းသိရသည်။

“ဒီနေ့ ကျဆုံးသွားတဲ့သူတွေက သပိတ်စစ်ကြောင်းကို ပစ်ခတ်ဖြိုခွင်းလို့ ကျဆုံးသွားတာမဟုတ်ဘူး။ ချောင်းဦး- မုံရွာ လမ်းပိုင်းမှာ ပွိုင့်ယူထားတဲ့အဖွဲ့ကို ပျူစောထီးအဖွဲ့က ဖမ်းမိသွားတာကို ရက်ရက်စက်စက် ပစ်သတ်ထားခဲ့ကြတာပါ” ဟု ဆန္ဒပြပွဲတွင် ဦးဆောင်ပါဝင်ခဲ့သူ မုံရွာတက္ကသိုလ် ကျောင်းသားများ သမဂ္ဂ ဥက္ကဋ္ဌ ကိုသန်းကျော်ဦးက မဇ္ဈိမ ကိုပြောသည်။

အဆိုပါပစ်ခက်မှုကြောင့် ရဲဘော် ငါးဦးကျဆုံးခဲ့သည့်အပြင် AK သေနတ်တစ်လက်၊ ပွိုင့်တူးတူးတစ်လက်နှင့် ရီမုမိုင်းတစ်လုံးတို့ကို စစ်ကောင်စီက သိမ်းဆည်းသွားကြောင်း သိရသည်။

ကျဆုံးခဲ့သည့် ကာကွယ်ရေးတပ်ဖွဲ့ဝင်များ၏ အခြေအနေကို သိရှိနိုင်ရန် မဇ္ဈိမက ဒေသကာကွယ်ရေးတပ်ဖွဲ့ ထံသို့ ဆက်သွယ် စုံစမ်းခဲ့သော်လည်း အသေးစိတ်ကို အခြေအနေကိုမူ မသိရှိရသေးပေ။

တောပုရွာ မြောက်ပိုင်းအခြမ်းတွင်နေထိုင်သူများသည် ပျူစောထီးများဖြစ်ပြီး စစ်တပ်မှ စစ်သင်တန်းပေးပြီး လက်နက်တပ်ဆင်ပေးထားကြောင်း နှင့် အနီးနား ကျေးရွာများအား လက်နက်ပြ ခြိမ်းခြောက်အနိုင်ကျင့်ခြင်း ပစ္စည်းများ လုယူ ဖျက်ဆီး ခြင်းများ ပြုလုပ်လျက်ရှိကြောင်း ဒေသခံများထံမှသိရသည်။

ဧပြီလ၁၅ ရက်နေ့ကလည်း မုံရွာမြို့ပြပြောက်ကျားအဖွဲ့ဝင် ရဲဘော် ကျော်မင်းဌေးအား စစ်ကောင်စီက ဖမ်းဆီးနှိပ်စက်မှုများပြုလုပ်ခဲ့သောကြောင့်ကျဆုံးခဲ့သည်။

April 7, 2026
ပို့ကုန်ရငွေ မပေးသွင်းမှုဖြင့် ခရိုနီ ဦးတေဇ၏ ထူးထရိတ်ဒင်းကုမ္ပဏီ အပါအဝင် ကုမ္ပဏီ ၂၉၀ နီးပါးကို...
ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...