ထားဝယ်-ထီးခီးလမ်း လမ်းတလျှောက်မှာ စစ်ကောင်စီတပ် အင်အား ၁၀၀ ကျော်နဲ့ ကင်းပုန်း လာဝပ်နေ

ထားဝယ်-ထီးခီးလမ်း လမ်းတလျှောက်မှာ စစ်ကောင်စီတပ် အင်အား ၁၀၀ ကျော်နဲ့ ကင်းပုန်း လာဝပ်နေ

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ အရှေ့တောဘက် ထားဝယ်-ထီးခီးလမ်း လမ်းတလျှောက်မှာ စစ်ကောင်စီတပ်အင်အား ၁၀၀ ကျော်နဲ့ ကင်းပုန်းလာ ဝပ်နေတယ်လို့ ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။

အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဧပြီလ ၁၆ ရက်နေ့ကစပြီး လက်နက်အပြည့်အစုံနဲ့ ထားဝယ်-ထီးခီးလမ်း တစ်လျှောက်မှာ ကင်းပုန်းလာ ဝပ်နေတာ ဖြစ်ပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဘာကြောင့် ကင်းပုန်းလာဝပ်နေလဲဆိုတာ မသိရသေးပေမယ့် စစ်ကောင်စီတပ်ရဲ့ လှုပ်ရှားမှု အခြေအနေကို စောင့်ကြည့်နေတယ်လို့ ထားဝယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ အဆိုအရ စစ်ကောင်စီက အခုလို တပ်အင်အား အများအပြားနဲ့ ကင်းပုန်းလာဝင်တာဟာ ထားဝယ်-ထီးခီးလမ်းကြောင်းကနေေ လေယာဉ်ဆီ ဒါမှမဟုတ် အရေကြီး ပစ္စည်း သယ်ယူဖို့ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဟာ လေယာဉ်ဆီတွေကို ထိုင်းနိုင်ငံတဆင့် မြဝတီ-ကော့ကရိတ် အာရှလမ်းကို အသုံးပြုသယ်ဆောင်ခဲ့တာ ဖြစ်ပြီး အခုအခါမှာတော့ KNLA တပ်မဟာ (၆) နဲ့ တိုက်ပွဲတွေ ဆက်ရှိနေတာကြောင့် ထားဝယ်-ထီးခီးလမ်းကနေ သယ်ယူဖို့ ကြိုးစားနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေတာပါ။

ထားဝယ်-ထီးခီးလမ်းမှာတော့ ပြီးခဲ့တဲ့ ဧပြီလ ၁ ရက်နေ့က သြရကုမ္ပဏီပိုင် ဆီသယ်ကား ၂ စီးကို အမည်မသိ လက်နက်ကိုင်အဖွဲ့တစ်ခုက မီးရှို့ဖျက်စီးခဲ့ပါတယ်။

July 30, 2026
ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) သည် အာရက္ခတပ်တော် (AA) အပါအဝင်...
July 25, 2026
ကရင်ပြည်၊ ဖာပွန်ခရိုင်တွင် အင်အားထောင်ချီဖြင့် စစ်ကြောင်းထိုးနေသည့် စစ်တပ်စစ်ကြောင်းမှာ အထိနာကာ...
ဓာတ်ပုံ-CJ See less
July 24, 2026
အာဏာသိမ်း စစ်တပ် အသွင်ပြောင်း အစိုးရ သမ္မတ ဦးမင်းအောင်လှိုင်က စားသုံးဆီ လျှော့ချဖို့...
July 23, 2026
မော်လမြိုင် - စစ်တပ်အသွင်ပြောင်း အစိုးရလက်ထက်တွင် အခြေခံစားသောက်ကုန်ဖြစ်သော ကြက်ဥတစ်လုံးလျှင်...