ကျန်ဖိုင်းခရိုင်အတွင်း စစ်ဘေးရှောင် ၈၀၀၀ ကျော်ထံ Refugee Identity card ထုတ်ပေး

ကျန်ဖိုင်းခရိုင်အတွင်း စစ်ဘေးရှောင် ၈၀၀၀ ကျော်ထံ Refugee Identity card ထုတ်ပေး

မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းခရိုင်အတွင်းမှာရှိကြသည့် မြန်မာနိုင်ငံမှ စစ်ဘေးရှောင် ၈၀၀၀ ကျော်ထံ မီဇိုရမ်ပြည်နယ်အစိုးရက Refugee ID ကဒ်ထုတ်ပေးနေပြီဖြစ်ကြောင်း သိရသည်။

မီဇိုရမ်ပြည်နယ်အစိုးရစာရင်အရ အိနိ္ဒယ-မြန်မာနယ်စပ် မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းခရိုင်အတွင်း စစ်ဘေးရှောင်ဦးရေ ၈၇၄၇ ရှိသည့်အနက် စစ်ဘေးရှောင် ၈၅၈၈ ဦးထံ Refugee ID ကဒ် ထုတ်ပေးနေပြီဖြစ်ကြောင်း The Aizawl Post သတင်းစာတွင် ရေးသားဖော်ပြသည်။

ကျန်ဖိုင်းခရိုင်အတွင်း Relief Camp (၃၃) ခုရှိပြီး အဆိုပါ Relief camp တွင် စစ်ဘေးရှောင်ဦးရေ ၂၄၃၄ ဦးရှိပြီး Relief camp မဟုတ်သော အခြားသောနေရာတွင်နေထိုင်သူ စစ်ဘေးရှောင်ဦးရေ ၆၃၁၃ ဦး ရှိသည်ဟု သိရသည်။

ဧပြီလ ၁၃ ရက်နေ့ကလည်း Deputy Commissioner ဦးဆောင်မှုဖြင့် အိုက်ဇောလ်မြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းများတွင်နေထိုင်သူများကို Refugee ID ကဒ် စတင်ထုတ်ပေးနေပြီဟု  စစ်ဘေးရှောင်ကူညီစောင့်ရှောက်ရေးအဖွဲ့တာဝန်ရှိသူတစ်ဦးကပြောသည်။

Aizawl DC က Refugee ID ကဒ်ထုတ်ပေးတယ်။ အိုက်ဇောလ်မြို့နယ်အတွင်းမှာရှိတဲ့ Sihphir, Luangmual, Tuirial, Sihhmui, Sairang မွာရွိတဲ့ စစ်ဘေးရှောင်စခန်းမှာနေထိုင်သူတွေတော့ Refugee ID ကဒ်ရပြီဖြစ်တယ်။ ခုဟာက စစ်ဘေးရှောင်စခန်းတွေမှာနေတဲ့သူတွေကို အရင်ဦးစားပေးလုပ်ဆောင်ပေးတဲ့သဘောဖြစ်တယ်။ စစ်ဘေးရှောင်စခန်းမဟုတ်တဲ့ အခြားသောနေရာမှာနေထိုင်တဲ့သူတွေလည်း မကြာခင်ထုတ်ပေးနိုင်လိုက်မယ်လို့ မျော်လင့်တယ်။ဟု ပြောသည်။

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ (၁) ရက်နေ့က စစ်တပ်အာဏာသိမ်းမှုကြောင့် မီဇိုရမ်ပြည်နယ်အတွင်း ထွက်ပြေးတိမ်းရှောင်ခိုလှုံနေသူ စစ်ဘေးရှောင်ဦးရေ ၃၀၀၀၀ ကျော် ရှိသည်။

Most read this week

February 17, 2026
စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်ရှိ ကျေးရွာတချို့မှာ အတင်းအဓမ္မ တပ်သားစုဆောင်းခံနေရသည့်အတွက်...
February 16, 2026
မြန်မာနိုင်ငံဘက်သို့ ကုန်စ္စည်းများပို့ဆောင်သည့် မီဇိုရမ်ပြည်နယ် လောင်တလိုင်မြို့က...
February 13, 2026
ချင်းပြည်နယ်မြောက်ပိုင်၊ ဖလမ်းမြို့နယ်ထဲကို စစ်ကြောင်းထိုးလာနေသော စစ်ကော်မရှင်တပ်များကို WITCH...
February 12, 2026
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အတွင်း PDF-Zoland က ဘိန်းစိုက်ခင်းတွင်...