ကျန်ဖိုင်းခရိုင်အတွင်း စစ်ဘေးရှောင် ၈၀၀၀ ကျော်ထံ Refugee Identity card ထုတ်ပေး

ကျန်ဖိုင်းခရိုင်အတွင်း စစ်ဘေးရှောင် ၈၀၀၀ ကျော်ထံ Refugee Identity card ထုတ်ပေး

မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းခရိုင်အတွင်းမှာရှိကြသည့် မြန်မာနိုင်ငံမှ စစ်ဘေးရှောင် ၈၀၀၀ ကျော်ထံ မီဇိုရမ်ပြည်နယ်အစိုးရက Refugee ID ကဒ်ထုတ်ပေးနေပြီဖြစ်ကြောင်း သိရသည်။

မီဇိုရမ်ပြည်နယ်အစိုးရစာရင်အရ အိနိ္ဒယ-မြန်မာနယ်စပ် မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းခရိုင်အတွင်း စစ်ဘေးရှောင်ဦးရေ ၈၇၄၇ ရှိသည့်အနက် စစ်ဘေးရှောင် ၈၅၈၈ ဦးထံ Refugee ID ကဒ် ထုတ်ပေးနေပြီဖြစ်ကြောင်း The Aizawl Post သတင်းစာတွင် ရေးသားဖော်ပြသည်။

ကျန်ဖိုင်းခရိုင်အတွင်း Relief Camp (၃၃) ခုရှိပြီး အဆိုပါ Relief camp တွင် စစ်ဘေးရှောင်ဦးရေ ၂၄၃၄ ဦးရှိပြီး Relief camp မဟုတ်သော အခြားသောနေရာတွင်နေထိုင်သူ စစ်ဘေးရှောင်ဦးရေ ၆၃၁၃ ဦး ရှိသည်ဟု သိရသည်။

ဧပြီလ ၁၃ ရက်နေ့ကလည်း Deputy Commissioner ဦးဆောင်မှုဖြင့် အိုက်ဇောလ်မြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းများတွင်နေထိုင်သူများကို Refugee ID ကဒ် စတင်ထုတ်ပေးနေပြီဟု  စစ်ဘေးရှောင်ကူညီစောင့်ရှောက်ရေးအဖွဲ့တာဝန်ရှိသူတစ်ဦးကပြောသည်။

Aizawl DC က Refugee ID ကဒ်ထုတ်ပေးတယ်။ အိုက်ဇောလ်မြို့နယ်အတွင်းမှာရှိတဲ့ Sihphir, Luangmual, Tuirial, Sihhmui, Sairang မွာရွိတဲ့ စစ်ဘေးရှောင်စခန်းမှာနေထိုင်သူတွေတော့ Refugee ID ကဒ်ရပြီဖြစ်တယ်။ ခုဟာက စစ်ဘေးရှောင်စခန်းတွေမှာနေတဲ့သူတွေကို အရင်ဦးစားပေးလုပ်ဆောင်ပေးတဲ့သဘောဖြစ်တယ်။ စစ်ဘေးရှောင်စခန်းမဟုတ်တဲ့ အခြားသောနေရာမှာနေထိုင်တဲ့သူတွေလည်း မကြာခင်ထုတ်ပေးနိုင်လိုက်မယ်လို့ မျော်လင့်တယ်။ဟု ပြောသည်။

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ (၁) ရက်နေ့က စစ်တပ်အာဏာသိမ်းမှုကြောင့် မီဇိုရမ်ပြည်နယ်အတွင်း ထွက်ပြေးတိမ်းရှောင်ခိုလှုံနေသူ စစ်ဘေးရှောင်ဦးရေ ၃၀၀၀၀ ကျော် ရှိသည်။

Most read this week

December 10, 2025
စစ်အာဏာရှင်တော်လှန်ရေး ငါးနှစ်နီးပါး ရှိလာချိန်တွင် ချင်းလူမှုအသိုင်းအဝိုင်းကြား လူ့အခွင့်အရေး၊...
December 9, 2025
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့ကို ယနေ့မှာ စစ်ကော်မရှင်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု...
Photo credit - social media
December 8, 2025
ရန်ကုန်မြို့တွင်နေထိုင်သော ချင်းဓမ္မအမှုတော်ဆောင်တစ်ဦးဖြစ်သူ ဆရာ Pau Muan Lian သည်...
December 4, 2025
စစ်ကော်မရှင်က လာမည့် ဒီဇင်ဘာလ ၂၈ ရက်နေ့ကစ၍ အပိုင်းလိုက်ကျင်းပရန် စီစဉ်နေသည့် ရွေးကောက်ပွဲအတွက်...