ပြည်သူတွေညီညွတ်ဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ပြောဆို

ပြည်သူတွေညီညွတ်ဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ပြောဆို

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် က ပြည်သူတွေအချင်းချင်း ညီညွတ်ဖို့ ဒီကနေ့ရုံးချိန်းမှာ ပြောဆိုခဲ့တယ်လို့ တရားရုံးနဲ့နီးစပ်သူတွေဆီက သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်သူတွေညီညွတ်ဖို့ပြောဆိုခဲ့ပေမယ့် ပြည်သူတွေကို ပြန်ပြောဖို့ မှာကြားခဲ့တာမဟုတ်ဘူးလို့လည်း သိရပါတယ်။

"သူကကျန်းမာရေးအကြောင်းပြောတယ်။ဆေးရုံတက်ရတာမျိုးမရှိဘူး။ဆေးစစ်တာမျိုးတော့ရှိတယ်။ပြည်သူတွေ အချင်းချင်းညီညွတ်နေဖို့ပြောတယ်။ ဒါကလည်း ပြည်သူတွေကိုပြန်ပြောလိုက်ပါဆိုပြီးမှာတာမျိုးမဟုတ်ဘူး။နောက်ပြီး အမြင်မတူတာတွေကိုဆွေးနွေးဖို့ပြောဆိုခဲ့ပြီး အဲ့တာက ပြည်သူတွေအချင်းချင်း ညှိနှိုင်းဖို့ကိုပဲဆိုလိုတာ"လို့ တရားရုံးနဲ့နီးစပ်သူတစ်ယောက် က သံလွင်တိုင်းမ်ကို ပြောပါတယ်။

လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေတွေနဲ့ပတ်သက်ပြီးတော့ တစုံတရာမှတ်ချက် ပေးပြောဆိုတာမရှိခဲ့ဘူးလို့လည်း သူကပြောပါသေးတယ်။

ဒီကနေ့ရုံးချိန်းမှာ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်းက ရွှေနဲ့ဒေါ်လာတွေ ပေး ခဲ့ရတယ်ဆိုပြီး စွပ်စွဲထားတဲ့ အဂတိအမှုအတွက် အပြီးသတ်လျှောက်လဲချက်ပေးခဲ့ပြီး ဧပြီလ(၂၆) ရက်နေ့မှာ အပြီးသတ်အမိန့်ချသွားဖို့ရှိတယ်လို့လည်း သိရပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်းစစ်တပ်က စွပ်စွဲထားတဲ့ အဂတိအမှု (၄) မှုအတွက်  ဒီနေ့ရုံးချိန်းမှာ တရားလိုပြသက်သေတွေကို စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

July 30, 2026
ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) သည် အာရက္ခတပ်တော် (AA) အပါအဝင်...
July 25, 2026
ကရင်ပြည်၊ ဖာပွန်ခရိုင်တွင် အင်အားထောင်ချီဖြင့် စစ်ကြောင်းထိုးနေသည့် စစ်တပ်စစ်ကြောင်းမှာ အထိနာကာ...
ဓာတ်ပုံ-CJ See less
July 24, 2026
အာဏာသိမ်း စစ်တပ် အသွင်ပြောင်း အစိုးရ သမ္မတ ဦးမင်းအောင်လှိုင်က စားသုံးဆီ လျှော့ချဖို့...
July 23, 2026
မော်လမြိုင် - စစ်တပ်အသွင်ပြောင်း အစိုးရလက်ထက်တွင် အခြေခံစားသောက်ကုန်ဖြစ်သော ကြက်ဥတစ်လုံးလျှင်...