စစ်ကောင်စီနဲ့ ဆက်စပ်နေတဲ့ ထူးအုပ်စုပိုင် Harry’s Bar ဗုံးခွဲခံရ

စစ်ကောင်စီနဲ့ ဆက်စပ်နေတဲ့ ထူးအုပ်စုပိုင် Harry’s Bar ဗုံးခွဲခံရ

ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်က မြန်မာပလာဇာ မှာဖွင့်ထားတဲ့ Harry’s Bar ဒီနေ့ ညနေပိုင်းက ဗုံးခွဲခံလိုက်ရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကိုပြောပါတယ်။

ရန်ကုန်မြို့မှာ ဧပြီလ(၁၀)ရက်နေ့က စပြီး နန်းထိုက်အောင် စစ်ဆင်ရေးလုပ်ဆောင်ခဲ့ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရန်ကုန်မြို့ကို ပိတ်ဆို့စစ်ဆေးတာတွေ လုပ်နေ ချိန်မှာပဲ ဖောက်ခွဲခဲ့တာဖြစ်ပါတယ်။

“ဖန်ကွဲသံမှန်းသိသာတဲ့ အသံအကျယ်ကြီးကြားလိုက်ရတယ်။ အသံက နှစ်ချက်ကြား လိုက်ရတာ ငါးနာရီခွဲလောက်မှာ အသံကြားလိုက်ရတယ်။ လေးနာရီကျော်လောက်တုန်းကတော့ မကြားလိုက်ရဘူး” လို့ ရန်ကင်းမြို့နယ်နေသူတစ်ယောက်က သံလွင်တိုင်းမ်ကို ပြောပါတယ်။

အခုဗုံးခွဲခံလိုက်ရတဲ့ Harry’s Bar ဆိုင်ဟာ ၂၀၂၀ ခုနှစ်စက်တင်ဘာလထဲက ပိတ်ထားတာ ဖြစ်တယ်လို့ သိရပါတယ်။

တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကတော့ စစ်ကောင်စီပိုင်စီးပွားရေးလုပ်ငန်းတွေကိ ပစ်မှတ်ထားပြီး မြို့ပြစစ်ဆင်ရေးအဖြစ် နန်းထိုက်အောင်စစ်ဆင်ရေးကို အရှိန်မြှင့်တိုက် ခိုက်မှာဖြစ်တယ်လို့ သိရပါတယ်။

စင်္ကာပူအခြေစိုက်လုပ်ငန်းဖြစ်တဲ့ Harry’s Bar ဟာ မြန်မာနိုင်ငံမှဦ စစ်အုပ်စုနဲ့ ပတ်သက်နေတဲ့ ထူးလုပ်ငန်းစု တွေနဲ့ ဆက်စပ်နေတယ်လို့ သိရပါတယ်။

ဒီဖောက်ခွဲမှုကို ဘယ်အဖွဲ့က လုပ်ဆောင်သွားတယ်ဆိုတာကိုတော့ သံလွင်တိုင်းမ်က သီးခြားအတည်ပြုနိုင်ဖို့ ကြိုးစားနေပါတယ်။

ဒီနေ့ညနေပိုင်း ရန်ကုန်မြို့မှာ အဲ့ဒီပေါက်ကွဲမှုအပြင် တခြားဗုံးပေါက်ကွဲမှုတွေလည်း ဆက်တိုက်ဖြစ်ပေါ်နေပါတယ်။

July 30, 2026
ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) သည် အာရက္ခတပ်တော် (AA) အပါအဝင်...
July 25, 2026
ကရင်ပြည်၊ ဖာပွန်ခရိုင်တွင် အင်အားထောင်ချီဖြင့် စစ်ကြောင်းထိုးနေသည့် စစ်တပ်စစ်ကြောင်းမှာ အထိနာကာ...
ဓာတ်ပုံ-CJ See less
July 24, 2026
အာဏာသိမ်း စစ်တပ် အသွင်ပြောင်း အစိုးရ သမ္မတ ဦးမင်းအောင်လှိုင်က စားသုံးဆီ လျှော့ချဖို့...
July 23, 2026
မော်လမြိုင် - စစ်တပ်အသွင်ပြောင်း အစိုးရလက်ထက်တွင် အခြေခံစားသောက်ကုန်ဖြစ်သော ကြက်ဥတစ်လုံးလျှင်...