ပလက်ဝက ကျေးရွာတွေကို AA က သင်္ကြန်အတင်းလုပ်ခိုင်းနေ

ပလက်ဝက ကျေးရွာတွေကို AA က သင်္ကြန်အတင်းလုပ်ခိုင်းနေ

ချင်းပြည်နယ် ပလက်ဝမြို့က ကျေးရွာတွေမှာ ရခိုင့်တပ်တော်(AA)က သင်္ကြန်ပွဲ အတင်းအဓမ္မပြုလုပ်ခိုင်းနေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကိုပြောပါတယ်။

စစ်ကောင်စီတပ်က အဝင်အထွက်ပြုလုပ်တဲ့ ကျေးရွာတွေမှာ ရခိုင့်တပ်တော်(AA) က  ဦးဆောင်ပြီး  သင်္ကြန်ပွဲကို  လုပ်ခိုင်းနေတာဖြစ်တယ်လို့ သိရပါတယ်။

“သူတို့အကလေ့ကျင့်ခိုင်းနေတာ မတ်လတည်းကပါ။ ကျွန်တော်တို့ရွာက သင်္ကြန်ပွဲ မလုပ်ဖူးဘူး။  သူတို့က အတင်းလုပ်ခိုင်းနေတာပါ ပြီးတော့ ဒီဘက်မှာလည်း စစ်တပ်က အများကြီးရှိနေတာ ဘယ်အချိန်တိုက်ပွဲပြန်ဖြစ်မလဲကြောက်နေရတယ်”  လို့  ပလက်ဝ ဒေသခံတစ်ယောက်က သံလွင်တိုင်းမ်ကိုပြောပါတယ်။

ဒါ့အပြင် ပြည်သူတွေကို  သင်္ကြန်ပွဲမှာ အကလေ့ကျင့်ခိုင်းတာကို ငြင်းဆန်ရင်လည်း  ဒဏ်ပေးတဲ့အခြေအနေတွေရှိနေတယ်လို့ သူကပြောပါသေးတယ်။

ဒေသခံတွေကို  စစ်ကောင်စီတပ်ဖွဲ့တွေက လည်း  မှတ်ပုံတင်နဲ့ ဧည့်စာရင်းတွေကို အချိန်ပြည့်စစ်ဆေးနေတာတွေရှိနေတယ်လို့ သိရပါတယ်။  

ပလက်ဝမြို့အထက်ပိုင်းမှာ အာဏာသိမ်းစစ်တပ်နဲ့ ချင်းကာကွယ်ရေးတပ်တို့ စစ်ရေး တင်းမာနေတဲ့အတွက် ပြီးခဲ့တဲ့ မတ်လ(၁၈) ရက်ကစပြီး ဖုန်းလိုင်းတွေ ဖြတ်တောက် ထားတယ်လို့လည်း သိရပါတယ်။

ချင်းပြည်နယ်ပလက်ဝမြို့မှာ စစ်တပ်က အာဏာမသိမ်းခင် AA နဲ့စစ်တပ်တို့ တိုက်ပွဲတွေ ဖြစ်ခဲ့ပေမယ့် စစ်ကောင်စီအာဏာသိမ်ပြီးနောက်ပိုင်းမှာတော့ AA နဲ့စစ်ကောင်စီတို့  တိုက်ပွဲဖြစ်တာမရှိပဲချင်းကာကွယ်ရေးတပ်ဖွဲ့တွေနဲ့အာဏာသိမ်းစစ်ကောင်စီရဲ့လက်ပါးစေ   တွေနဲ့သာ  တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့သိရပါတယ်။

May 8, 2026
တနင်္သာရီတိုင်း ထားဝယ်မြို့နယ် ထီးခီးဒေသတဝိုက်အခြေပြုတဲ့ လှုပ်ရှားနေတဲ့ KTLA တပ်ဖွဲ့ဝင် ၃၀...
May 7, 2026
မွန်ပြည်နယ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက် ခန့်အပ်ထားတဲ့ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို...
May 6, 2026
မွန်ဒေသအတွင်းရှိ ပြည်သူလူထုတွေအနေနဲ့ ဒေသလိုအပ်ချက်တွေအပါအဝင် ရင်ဆိုင်နေရတဲ့ အခက်အခဲ ပြဿနာတွေကို...
May 5, 2026
နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို လျှို့ဝှက်နေရာမှာ ဖမ်းဆီးထားရာကနေ...