ပြောက်ကျားတပ်ဖွဲ့ လက်ချက်ဖြင့် ရုရှားပြန် လမ်းမတော် စစ်ဘက်အုပ်ချုပ်ရေးတာဝန်ခံဗိုလ်မှူး သေဆုံး

ပြောက်ကျားတပ်ဖွဲ့ လက်ချက်ဖြင့် ရုရှားပြန် လမ်းမတော် စစ်ဘက်အုပ်ချုပ်ရေးတာဝန်ခံဗိုလ်မှူး သေဆုံး

ရန်ကုန်တိုင်းဒေသကြီး လမ်းမတော်မြို့နယ် စစ်ဘက်အုပ်ချုပ်ရေးတာဝန်ခံ ဗိုလ်မှူးကုဋေဖြိုးအောင် သည် ဧပြီ ၁၀ရက် ညနေပိုင်းက သေနတ်ပစ်ခတ်ခံရ၍ ပွဲချင်းပြီးသေဆုံးသွားကြောင်း ပစ်ခတ်မှုကို လုပ်ဆောင်ခဲ့သည့် မြို့ပြပြောက်ကျားတပ်ဖွဲ့မှ အတည်ပြုထားသည်။

ဗိုလ်မှူးကုဋေဖြိုးအောင် သည် လမ်းမတော်မြို့နယ် အုပ်ချုပ်ရေးမှူးရုံး ဝင်ပေါက်အနီး မော်တင်ဆိပ်ကမ်းတွင်ရှိနေစဥ် လုပ်ကြံခံရခြင်းဖြစ်သည်။

ပစ်ခတ်မှု လုပ်ဆောင်ခဲ့သည့် မြို့ပြပြောက်ကျားတပ်ဖွဲ့မှ “ဗိုလ်မှူးကုဋေဖြိုးအောင်အား မြို့ပြပြောက်ကျားတပ်ဖွဲတင်များမှ အနီးကပ် ပစ်ခတ်ရှင်းလင်းခဲ့သည်။ ပစ်ခတ်မှုကြောင့် ဗိုလ်မှူးကုဋေဖြိုးအောင်မှာ ပွဲချင်းပြီးသေဆုံးခဲ့ပြီး ပစ်ခတ်မှု ပြုလုပ်ခဲ့သော မြို့ပြပြောက်ကျားတပ်ဖွဲဝင်များမှာလဲ ဘေးကင်းရာသို ရောက်ရှိနေပြီဖြစ်သည်” ဟု ယနေ့ ညပိုင်းတွင် ထုတ်ပြန်ထားသည်။

ထို့အပြင် ပစ်ခတ်မှုလုပ်ဆောင်ပြီးနောက် ပြောက်ကျားတပ်ဖွဲ့ဝင်များ ပြန်လည်ထွက်ခွာရာတွင် လမ်း၌ ရှိနေသော အရပ်သားပြည်သူများကို သေနတ်ပြ၍ လမ်းဖယ်ခိုင်းခဲ့ရသည့်ဖြစ်စဉ်အတွက် လည်း အနူးအညွတ် တောင်းပန်ကြောင်း  ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဗိုလ်မှူးကုဋေဖြိုးအောင်သည် စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီမှ ခန့်အပ်ထားသော လမ်းမတော်မြို့နယ် စစ်ဘက်အုပ်ချုပ်ရေးတာဝန်ခံဖြစ်လာပြီး မြို့နယ်အတွင်း အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုများကို ဖိနှိပ်ရာတွင် ဦးဆောင်ခဲ့သူဖြစ်ကြောင်းနှင့် လမ်းမတော်မြို့နယ် အုပ်ချုပ်ရေးမှူး အထက်တွင်ရှိသော အကြီးအကဲဖြစ်ပြီး မြို့နယ်အတွင်းမှ လူငယ်များစွာကို  ပစ်ခတ်၊ ဖမ်းဆီး၊ နှိပ်စက်၊ အရေးယူခံရခြင်းအတွက် အဓိကတရားခံတစ်ဦးဖြစ်ကြောင်း မြို့ပြပြောက်ကျားတပ်ဖွဲ့မှ ဆိုသည်။

အဆိုပါဗိုလ်မှူးကုဋေဖြိုးအောင်သည် DSA အပတ်စဉ် (၄၈) ဆင်း ရုရှားပြန် အရာရှိတစ်ဦးဖြစ်ပြီး ယခင်က တပ်ထိန်း မှုခင်းဖော်ထုတ်ရေးတပ် (လှိုင်) နှင့် တပ်ထိန်းချုပ်ရုံး (နေပြည်တော်) တိုတွင်တာဝန်ကျခဲ့သူဖြစ်သည်။ ၂၀၂၀ ခုနှစ် နှစ်ဆန်းပိုင်းတွင် ရန်ကုန်တိုင်းလွှတ်တော်တွင် တပ်ကိုယ်စားလှယ်အဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့သူတစ်ဦးလည်း ဖြစ်သည်ဟု သိရသည်။

May 7, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား “ခြွင်းချက်မရှိ လွှတ်ပေးရန်”...
May 6, 2026
Miss Grand Myanmar ၂၀၂၆ ၏ ပြိုင်ပွဲတခုအတွင်း မယ်သီလရှင်ဝတ်စုံ ဖြင့်...
May 5, 2026
အိန္ဒိယ-မြန်မာနယ်စပ်၊ နာဂဒေသအတွင်းရှိ နယ်စပ်ကုန်သွယ်ရေး ပန်ဆောင်ဂိတ်ကို စစ်အုပ်စုတပ်က မေလ ၁...
May 4, 2026
မောင်ခက်နွေ — နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား လျှို့ဝှက်နေရာမှ...