လေးကေကော်တိုက်ပွဲမှာ စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးများနေ၊ စစ်ကောင်စီဗိုလ်ကြီး တစ်ဦး အရှင်ဖမ်းမိထား

လေးကေကော်တိုက်ပွဲမှာ စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးများနေ၊ စစ်ကောင်စီဗိုလ်ကြီး တစ်ဦး အရှင်ဖမ်းမိထား

လေးကေကော်မှာ  ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်KNLA ပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ကြား ဧပြီ ၁၀ ရက်နေ့ မနက် ၃ နာရီအချိန်ကစပြီး နှစ်ဖက် တိုက်ပွဲ ပြင်းထန်နေတယ်လို့ KNLA ပူးပေါင်းအဖွဲ့ထံက သိရပါတယ်။

အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အယောက် ၂၀ နီးပါး သေဆုံးထားသလို စစ်ကောင်စီဗိုလ်ကြီး တစ်ဦးကို အရှင် ဖမ်းထားပြီး KNLA ပူးပေါင်းတပ်ဖွဲ့က ၂ ဦး ကျဆုံးပြီး ၅ ဦး ထိခိုက်ဒဏ်ရာရရှိထားပါတယ်။

အထိအခိုက်အကျအဆုံးများ‌နေတဲ့ စစ်ကောင်စီတပ်ဟာတိုက်လေယာဉ်နဲ့ ရဟက်ယာဉ်‌တွေ အသုံးပြုပြီး ဝင်ရောက်တိုက်ခိုက်တာတွေ လုပ်ဆောင်နေတယ်လို့ KNLA ပူးပေါင်းအဖွဲ့က ပြောပါတယ်။

လေကြောင်းတိုက်ခိုက်တာကြောင့် လေးကေကော်မြို့သစ်က နေအိမ်‌တချို့ ထိခိုကိပျက်စီး မီးလောင်တာ‌တွေ ရှိနေတယ်လို့ ဆိုပါတယ်။

လက်ရှိ ဖြစ်ပွားနေတဲ့ လေးကေကော်တိုက်ပွဲမှာ ပြီးခဲ့တဲ့ရက်ပိုင်းကမှ CDM ပြုလုပ်လာတဲ့ ခမရ ၅၈၅ ဒုတပ်ရင်းမှူး ဗိုလ်မှူးတင်လင်းအောင် အပါအဝင် CDM ဗိုလ်ကြီးတချို့ KNLA ပူးပေါင်းတပ်ဖွဲ့ဘက်က ဝင်ရောက်တိုက်ခိုက်ပေးနေတာ ဖြစ်ပါတယ်။

May 8, 2026
တနင်္သာရီတိုင်း ထားဝယ်မြို့နယ် ထီးခီးဒေသတဝိုက်အခြေပြုတဲ့ လှုပ်ရှားနေတဲ့ KTLA တပ်ဖွဲ့ဝင် ၃၀...
May 7, 2026
မွန်ပြည်နယ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက် ခန့်အပ်ထားတဲ့ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို...
May 6, 2026
မွန်ဒေသအတွင်းရှိ ပြည်သူလူထုတွေအနေနဲ့ ဒေသလိုအပ်ချက်တွေအပါအဝင် ရင်ဆိုင်နေရတဲ့ အခက်အခဲ ပြဿနာတွေကို...
May 5, 2026
နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို လျှို့ဝှက်နေရာမှာ ဖမ်းဆီးထားရာကနေ...