မှတ်ပုံတင် မပါရင် မွန်ပြည်နယ်ထဲ ဝင်ခွင့်မပေးဖို့ စစ်ကောင်စီ ညွှန်ကြားထား

မှတ်ပုံတင် မပါရင် မွန်ပြည်နယ်ထဲ ဝင်ခွင့်မပေးဖို့ စစ်ကောင်စီ ညွှန်ကြားထား

မွန်ပြည်နယ် စစ်ကောင်စီဟာ ပြည်နယ်အတွင်း ဝင်ရောက်လာသူတွေမှာ နိုင်ငံသားစီစစ်ရေးကဒ်ပြား (မှတ်ပုံတင်) မပါရင် ဝင်ခွင့်မပေးဖို့ ညွှန်ကြားထားတယ်လို့ စစ်ကောင်စီနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက ပြောပါတယ်။

စစ်ကောင်စီဟာ ဧပြီ ၁ ရက်နေ့ကစပြီး မှတ်ပုံတင် အစား ‌ထောက်ခံစာတွေပြသပြီး ခရီးသွားလာတာနဲ့ အစစ်ဆေးခံတာတွေကို ခွင့်ပြုတော့မှာ မဟုတ်ဘူးလို့ ထုတ်ပြန်ထားတာ ဖြစ်ပြီး မွန်ပြည်နယ်မှာတော့ မှတ်ပုံတင် မပါရင် ဝင်ခွင့်မပေးဖို့ ထပ်မံ ညွှန်ကြားလာတာ ဖြစ်ပါတယ်။

ပြည်နယ်အတွင်း ဝင်ရောက်လာသူတွေကို မွန်ပြည်နယ်အဝင် စစ်တောင်းတံတားဂိတ်မှာ မှတ်ပုံတင် ပါ မပါ တစ်ခါတည်း စစ်ဆေးဖို့နဲ့ မှတ်ပုံတင် မပါရင် ပြန်လှည့်ခိုင်းဖို့ ညွှန်ကြားထားပါတယ်။

စစ်ကောင်စီရဲ့ ညွှန်ကြားချက်ကြောင့် မှတ်ပုံတင် မရှိသေးတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေ၊ ကျေးလက်နေ ပြည်သူတွေနဲ့ မှတ်ပုံတင် မရသေးတဲ့ လူမျိုးခြားတွေအတွက် အခက်ကြုံရဖို့ ရှိနေတာ ဖြစ်ပါတယ်။

စစ်ကောင်စီ လဝကဝန်ကြီးဌာနကတော့ ပန်းခင်းစီမံချက်နဲ့ ပြည်နယ်တဝန်းမှာ မှတ်ပုံတင် လိုက်လံ လုပ်ဆောင်ပေးနေတယ်ဆိုထားပေမယ့် ပြည်သူတွေအနေနဲ့ ငွေကြေးမပေးရင် မှတ်ပုံတင် အလွယ်တကူ မရတဲ့ အခြေအနေနဲ့ ကြုံတွေ့နေရပါတယ်။

တဖက်မှာတော့ စစ်ကောင်စီဟာ ဟိုတယ်နဲ့ တည်းခိုခန်းတွေမှာ မှတ်ပုံတင် မပါရင် တည်းခိုခွင့်မပြုဖို့ ကိုလည်း ညွှန်ကြားထားပါတယ်။

စစ်ကောင်စီရဲ့ လုပ်ဆောင်ချက်ဟာ တော်လှန်ရေးသမားတွေကို ဖမ်းဆီးဖို့နဲ့ ပြည်သူတွေကို နည်းမျိုးစုံသုံးပြီး အကြပ်းအတည် ဖြစ်အောင် ဆောင်ရွက်နေတာ ဖြစ်တယ်လို့ နိုင်ငံရေး လေ့လာသုံးသပ်သူတွေ ဝေဖန်ကြပါတယ်။

July 30, 2026
ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) သည် အာရက္ခတပ်တော် (AA) အပါအဝင်...
July 25, 2026
ကရင်ပြည်၊ ဖာပွန်ခရိုင်တွင် အင်အားထောင်ချီဖြင့် စစ်ကြောင်းထိုးနေသည့် စစ်တပ်စစ်ကြောင်းမှာ အထိနာကာ...
ဓာတ်ပုံ-CJ See less
July 24, 2026
အာဏာသိမ်း စစ်တပ် အသွင်ပြောင်း အစိုးရ သမ္မတ ဦးမင်းအောင်လှိုင်က စားသုံးဆီ လျှော့ချဖို့...
July 23, 2026
မော်လမြိုင် - စစ်တပ်အသွင်ပြောင်း အစိုးရလက်ထက်တွင် အခြေခံစားသောက်ကုန်ဖြစ်သော ကြက်ဥတစ်လုံးလျှင်...