သင်္ကြန်ကာလစစ်ရေးလှုပ်ရှားမှုများ အရှိန်မြှင့်လုပ်ဆောင်သွားမည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(တမူးမြို့) ထုတ်ပြန်

သင်္ကြန်ကာလစစ်ရေးလှုပ်ရှားမှုများ အရှိန်မြှင့်လုပ်ဆောင်သွားမည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(တမူးမြို့) ထုတ်ပြန်

စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့တွင် စစ်ကောင်စီအဖွဲ့ဝင်များ၏ ဝါဒဖြန့်မှု မအောင်မြင်စေရန် အတွက် သင်္ကြန်ကာလအတွင်း စစ်ရေးလှုပ်ရှားမှုများ အရှိန်မြှင့်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း  ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(တမူးမြို့) တပ်ရင်း-၁က ယနေ့နံနက်ပိုင်းဧပြီလ (၇) ရက်နေ့တွင် အသိပေးထုတ်ပြန်ထား ကြောင်းသိရသည်။

အဆိုပါ ထုတ်ပြန်ချက်တွင် စစ်ကောင်စီအဖွဲ့ဝင်များသည် နိုင်ငံအတွင်း တည်ငြိမ်အေးချမ်းနေသယောင် ဝါဒဖြန့်လို၍ မကြာမီကျရောက်မည့် သင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပရန်ပြင်ဆင်လျက်ရှိကြောင်း၊ မိမိတို့ တမူးခရိုင်၊တမူးမြို့တွင်လည်း သင်္ကြန်မဏ္ဍပ် ကြီးနှစ်ခု ဆောက်လုပ်၍ သင်္ကြန်ပွဲတော် ပျော်ပွဲရွှင်ပွဲများ ပြုလုပ်ရန်စီစဉ်နေကြောင်းသိပြီး မိမိတို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(တမူးမြို့)တပ်ရင်း-၁ အနေဖြင့် စစ်အုပ်စုဝါဒဖြန့်မှုမအောင်မြင်စေရန် ရည်ရွယ်၍ သင်္ကြန်ကာလအတွင်း စစ်ရေးလှုပ်ရှားမှုများကို အရှိန်မြှင့်လုပ်ဆောင်သွားမည်ဖြစ်သောကြောင့် ပြည်သူများအနေဖြင့် သင်္ကြန်ကာလအတွင်း မဏ္ဍပ်များသို့သွားရောက်လည်ပတ်ပျော်ပါးခြင်း၊ KTV နှင့်Private Club များတွင် စုစည်း၍ ပျော်ပွဲရွှင်ပွဲများ ပြုလုပ်ခြင်း၊ လူစည်ကားရာနေရာများသို့ သွားရောက်ရေဆော့ကစားခြင်းများကို အထူးရှောင်ရှားကြရန် မေတ္တာရပ်ခံထားကြောင်း ပါရှိသည်။

တမူးမြို့နယ်အတွင်းရှိ တမူး-အောင်ဇေယျလမ်းအသုံးပြုခြင်းကိုလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(တမူးမြို့)တပ်ရင်း-၁မှ မတ်လ(၃၀)ရက်နေ့က ည(၇)နာရီမှနံနက် (၆)နာရီအတွင်းအသုံးပြုခြင်းမပြုကြရန် အပါအဝင် အချက်(၅)ချက်ဖြင့် ကန့်သတ်ထားကြောင်းသိရသည်။

April 25, 2026
ချင်းပြည်နယ် ၊ ဖလမ်းမြို့နယ်မှာ ဧပြီလ ၂၃ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း...
April 24, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့ကို စစ်ကြောင်းထိုးလာနေတဲ့ စစ်ကော်မရှင်တပ်ဖွဲ့တွေနဲ့ ဖလမ်းမြို့နားမှာ...
April 23, 2026
ဇိုဂမ် (Zogam) နယ်မြေအတွင်းကို ဘယ်ပြင်ပအဖွဲ့အစည်းကမှ ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်တာကို...
April 22, 2026
အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်က NCA ကာလတုန်းက မူဟောင်းကြီးကို ပြန်အစဖော်ပြီး CNF အပါအဝင်...