PDF ထောက်ပံ့သည်ဟုဆိုကာ ကားသမား ၂ ဦးကို စစ်ကောင်စီဖမ်းသွား

PDF ထောက်ပံ့သည်ဟုဆိုကာ ကားသမား ၂ ဦးကို စစ်ကောင်စီဖမ်းသွား

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် အင်းတော်မြို့မှ ကားသမားနှစ်ဦးကို စစ်ကောင်စီက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)အား ထောက်ပံ့သည်ဟု ပြောဆိုကာ ဧပြီလ ၆ ရက်နေ့က ဖမ်းဆီးသွားကြောင်းသိရသည်။

ဖမ်းဆီးခံရသော ကားသမား ၂ဦးသည် အင်းတော်မြို့မှ မြစ်ကြီးနားဘက်သို့ တက်လာစဉ် ကြက်သွန်အိတ်၊ ငါးခြောက်ဗူးစသည့်စားသောက်ကုန်များကို တင်ဆောင်လာခဲ့ရာ PDF အဖွဲ့များကို ထောက်ပံ့ရန်ဖြစ်သည်ဟု စွပ်စွဲပြောဆိုကာ အင်းတော်မြို့စစ်ဆေးရေးဂိတ်အလွန်တွင် ဖမ်းဆီးလိုက်ကြောင်း အင်းတော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးက KNG သတင်းဌာနသို့ပြောသည်။

“မနေ့က နေ့လယ် ၁၁ နာရီလောက်မှာ ဖမ်းခံလိုက်တာ။ ကားကတော့မှန်လုံကား အဲ့ဒီကားကော လူကော အင်းတော်ရဲစခန်းထဲမှာဖမ်းခေါ်သွားတယ်လို့ကြားတယ်။ PDF ကိုထောက်ပံ့တယ်ဆိုပြီးဖမ်းသွားတယ်။ ဒလန်တွေကသက်သက်ချွန်ပြီးဖမ်းခံလိုက်ရတာ”ဟုပြောဆိုသည်။

စစ်ကောင်စီက ဖမ်းဆီးသွားသော ကားသမားနှစ်ဦးသည် အသက် ၃၀ ဝန်းကျင်ရှိ လူလတ်ပိုင်းအရွယ်များဖြစ်ကြပြီး အင်းတော်မြို့ခံမဟုတ်သည့်အတွက် ကားသမား ၂ဦး၏ အကြောင်းကို အသေးစိတ်ကိုမသိရှိရသေးပါ။

ထိုနည်းတူ ယခင်လကလည်း အင်တော်မြို့မှ ကုန်ကားသမား ၁ ဦးသည် PDF များအား ထောက်ပံ့သည်ဟု ဒလံ၏ သတင်းပေးမှားမှုကြောင့် မိုးညှင်းဂိတ်တွင် ဖမ်းဆီးခံလိုက်ရပြီး ရက်ပိုင်းအတွင်း ပြန်လွတ်ပေးခဲ့ကြောင်းသိရသည်။

အင်းတော်မြို့စစ်ဆေးဂ်ိတ်တွင် စစ်ကောင်စီတပ်မှ ကုန်ကားမျာကိုမကြာခဏဆိုသလို ပုံမှန် စစ်ဆေးနေပြီး ကားဆရာများကိုလည်း ဒူးထောက်စစ်‌ဆေးမူများလည်း ပြုလုပ်လေ့ရှိကြောင်း သိရသည်။

Most read this week

စစ်အုပ်စုတပ် စစ်သင်္ဘောများ တိုက်ခိုက်ခံရပြီးနောက် ဧရာဝတီမြစ်အတွင်း မျောပါလာသည့် စစ်လက်နက်ပစ္စည်းအချို့ / Crd
September 4, 2026
ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်အုပ်စုတပ်၏ စစ်သင်္ဘောများ သယ်ဆောင်လာသည့် စစ်လက်နက်ပစ္စည်းများ နှင့်...
September 4, 2026
ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်အုပ်စုတပ် စစ်သင်္ဘောအုပ်စုကို ရွှေကူမြို့အနီး...
စက်တင်ဘာလ ၂ ရက်နေ့ စစ်သင်္ဘောအုပ်စု တိုက်ခိုက်ခံရပြီးနောက် ဖမ်းဆီးခံရသည့် တပ်မိသားစု ဝင် များ။
September 3, 2026
ကချင်ပြည်၊ ရွှေကူမြို့မှ ဗန်းမော်ဘက်သို့ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာစဉ်...
ရွှေကူမြို့နယ်အတွင်း ဇင်းဘုံကျေးရွာ၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် မြင်ကွင်း
September 2, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်၊ ဧရာဝတီမြစ်ကမ်းဘေးရှိ ဇင်းဘုံကျေးရွာဘက်သို့ ဩဂုတ်လ ၂၅ ရက်နေ့က...