မင်းတပ်-မတူပီကြားတိုက်ပွဲ စစ်ကောင်စီတပ်အထိနာနေ

မင်းတပ်-မတူပီကြားတိုက်ပွဲ စစ်ကောင်စီတပ်အထိနာနေ

ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့ကနေ မတူပီမြို့ကို ရိက္ခာနဲ့ စစ်အင်အားဖြည့်တင်းဖို့ ချီတက်သွားတဲ့ စစ်ကောင်စီ တပ်ဖွဲ့နဲ့ CDF-Mindat တပ်ဖွဲ့တို့ဟာ မတ်လ ၂၆ ရက်ကတည်းကနေ နေ့စဉ်ရက်ဆက်ဆိုသလိုတိုက်ပွဲတောက် လျှောက် ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က အထိနာခဲ့တယ်လို့သိရပါတယ်။

မင်းတပ်-မတူပီလမ်းကြောင်းအတိုင် ချီတက်လာတဲ့ တင်ကား ၂ စီးအပါအဝင် စစ်ကောင်စီယာဉ်တန်း ၈၀ ကျော်ကို မတ်လ ၂၉ ရက်နေ့က CDF-Mindat တပ်ဖွဲ့တွေက ပဒေသာမိုင်းနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တဲ့ရုပ်သံတစ်ခုပေါ်ထွက် လာခဲ့ပါတယ်။

ပေါက်ကွဲအားကောင်းတဲ့ အဲဒီပဒေသာမိုင်းဆွဲတိုက်ခိုက်မှုမှာ စစ်ကောင်စီဘက်က အကျအဆုံးစာရင်းကိုတော့ မသိရပေမယ့် ထိခိုက်သေဆုံးမှုများနိုင်တယ်လို့CDF-Mindat ပြောရေးဆို ခွင့်ရှိသူကပြောပါတယ်။

“ ရက်ကတော့ ၂၉ ရက်နေ့ကပါ မင်းတပ်-မတူပီလမ်းကြားတစ်နေရာမှာပါ တောင်တွေတောင် ပေါက်ကွဲအားက ကျော်သွားတာလှမ်းမြင်ရမှာပါ ဗီဒီယိုဖိုင်မှာလေ ဒီဟာမှာ သူတို့အထိခိုက်အကျအဆုံးများမယ် သေတာများမယ် တော်တော်လေးထိခိုက်များမယ်လို့ကျနော်တို့သုံးသတ်ပါတယ်’’ ဟု CDF-Mindat ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။

မင်းတပ်မြို့ကနေ မတ်လ ၂၅ ရက်နေ့ကနေစတင်ထွက်ခွါလာတဲ့ စစ်ကောင်စီယာဉ်တန်းဟာ CDF-Mindat တပ်ဖွဲ့တွေရဲ့ အကြိမ်ကြိမ်တိုက်ခိုက်မှုကြောင့် ယနေ့ချိန်ထိ မင်းတပ်-မတူပီကြား မိုင်တိုင် ၇၀ လောက်မှာသာ ရှိနေသေးတယ်လို့ သူကဆက် ပြောပါတယ်။ မင်းတပ် နဲ့ မတူပီမြို့ဟာ ၁၀၂ မိုင် လောက်သာကွာဝေးပါတယ်။

တဖက်မှာတော့ မင်းတပ်ကနေ ထွက်ခွါလာတဲ့ စစ်ကောင်စီယာဉ်တန်းကို မတူပီမြို့အခြေစိုက် ခလရ ၃၀၄ တပ်ရင်းက သွားရောက်ဆင်းကြိုခဲ့ရာမှာ မတ်လ ၃၁ ရက်နဲ့ ဧပြီလ ၂ ရက်နေ့မှာ မင်းတပ်-မတူပီလမ်း ချန်းပြန်းကျေးရွာ အနီးမှာ CDF-Matupi တပ်ဖွဲ့က တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီဘက်က ၂၅ ဦးသေဆုံးခဲ့တယ်လို့ CDF-Matupi ပြန်ကြားရေးတာ ဝန်ခံကပြောပါတယ်။

“ကျောက်ထုကနေ မတူပီကို အင်အားဖြည့်မယ့် စစ်ကောင်စီယာဉ်တန်းကို မတူပီအခြေစိုက် ခလရ ၃၀၄ တပ်ရင်းက ဆင်းကြိုတာပေါ့ လမ်းတဝက်အထိ အဲဒီဆင်းကြိုတဲ့အဖွဲ့နဲ့ CDF-Matupi တို့တိုက်ပွဲဖြစ်ပွားခဲ့တယ် နောက်ဆုံးအတည်ပြု ချက်အရ စစ်ကောင်စီဘက်က ၂၅ ဦးလောက်သေဆုံးတယ် ထိခိုက်ဒဏ်ရာကတော့ ၂၀ ထက်မနည်းပေါ့နော် တော်တော် လေးတော့ဒဏ်ရာရတယ်ဗျ’’

မတ်လ ၃၁ ရက်နေ့က မတူပီမြို့နယ် ချန်းပြန်းရွာဟောင်းနဲ့ရွာသစ်အကြားမှာဖြစ်ပွားတဲ့တိုက်ပွဲမှာ စစ်ကောင်စီဘက်က ၁၆ ဦးသေဆုံးခဲ့ပြီး ဧပြီလ ၂ ရက်နေ့မှာဖြစ်ပွားတဲ့ တိုက်ပွဲမှာလည်း စစ်ကောင်စီဘက်က အရာရှိတစ်ဦးအပါအဝင် ၉ ဦးသေ ဆုံးခဲ့တယ်လို့ သူကဆက်ပြောပါတယ်။

အဲဒီတိုက်ပွဲဖြစ်စဉ်အတွင်းမှာ CDF-Matupi တပ်ဖွဲ့ဘက်မှ ရဲဘော် ၂ ဦးကျဆုံးခဲ့တယ်လို့သိရပါတယ်။

အလားတူ ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ် ဆမီးမြို့ မြို့အဝင်ဂိတ်မှာစခန်းချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို CDF-Paletwa နဲ့ CNA ပူးပေါင်းတပ်ဖွဲ့တို့က ယမန်နေ့ည ၈ နာရီခွဲလောက်မှာ ဝင်ရောက်စီးနင်းတိုက်ခိုက်ရာမှာ စစ်ကောင်စီတပ်သား ၆ ဦးသေဆုံးခဲ့တယ်လို့ CDF-Paletwa ကထုတ်ပြန်ထားပါတယ်။

Most read this week

December 10, 2025
စစ်အာဏာရှင်တော်လှန်ရေး ငါးနှစ်နီးပါး ရှိလာချိန်တွင် ချင်းလူမှုအသိုင်းအဝိုင်းကြား လူ့အခွင့်အရေး၊...
December 9, 2025
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့ကို ယနေ့မှာ စစ်ကော်မရှင်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု...
Photo credit - social media
December 8, 2025
ရန်ကုန်မြို့တွင်နေထိုင်သော ချင်းဓမ္မအမှုတော်ဆောင်တစ်ဦးဖြစ်သူ ဆရာ Pau Muan Lian သည်...
December 4, 2025
စစ်ကော်မရှင်က လာမည့် ဒီဇင်ဘာလ ၂၈ ရက်နေ့ကစ၍ အပိုင်းလိုက်ကျင်းပရန် စီစဉ်နေသည့် ရွေးကောက်ပွဲအတွက်...