လွန်ခဲ့သောအပတ်က ဟားခါး-ဂန့်ဂေါလမ်းတွင် တိုက်ပွဲများဖြစ်ပွါးခဲ့သော်လည်း အချို့သော ဟားခါး-ရန်ကုန် ယာဉ်လိုင်းအချို့မှာ ပုံမှန်အတိုင်းပြေးဆွဲလျက်ရှိကြောင်း သိရသည်။
“ကျွန်တော်တို့ ဟားခါးမန်းကတော့ ပုံမှန်အတိုင်းပဲ လိုင်းဆွဲလျက်ရှိပါတယ်၊ တစ်ပတ်မှာ နှစ်ကြိမ်ပေါ့။ ဒါမယ့်ခုက လမ်းကြောင်းက ဂန့်ဂေါဘက်ကနေ ပတ်ပြီးသွားနေရတာကြောင့် နည်းနည်းတော့ အခက်ခဲရှိတယ်၊ လမ်းကလည်း ကြမ်းတော့ တစ်ခါတစ်လေဆို လမ်းမှာ တစ်ပတ်နီးပါးကြာတဲ့ချိန်တွေရှိတယ်။ အဲလောက်ပါပဲ။” ဟု ဟားခါးမန်းယာဉ်လိုင်းမှ တာဝန်ရှိသူ တစ်ဦးထံ သိရသည်။
ထိုနည်းတူ ဟားခါး-ရန်ကုန် ယာဉ်လိုင်းပြေးဆွဲလျက်ရှိသော High Class မော်တော်ယာဉ်လိုင်းသည်လည်း ဆီနှုန်းမငြိမ်သက်မှုကြောင့် မတ်လ ၁၅ ရက်နေ့မှ စ၍ ယာဉ်လိုင်းဆွဲခြင်း ခဏတာရပ်ဆိုင်းလျက်ရှိရာ မဟာင်္သကြန်အားလပ်ရက်အပြီးတွင် ပုံမှန်အတိုင်းပြန်လည် လိုင်းပြေးဆွဲမည်ဖြစ်ကြောင်းလည်း သိရသည်။







