ဟားခါး-ဂန့်ဂေါလမ်းတွင်တိုက်ပွဲများ ဖြစ်ပွားခဲ့သော်လည်း ဟားခါး-ရန်ကုန်လိုင်းကားတစ်ချို့ ပြေးဆွဲလျက်ရှိ

ဟားခါး-ဂန့်ဂေါလမ်းတွင်တိုက်ပွဲများ ဖြစ်ပွားခဲ့သော်လည်း ဟားခါး-ရန်ကုန်လိုင်းကားတစ်ချို့ ပြေးဆွဲလျက်ရှိ

လွန်ခဲ့သောအပတ်က ဟားခါး-ဂန့်ဂေါလမ်းတွင် တိုက်ပွဲများဖြစ်ပွါးခဲ့သော်လည်း အချို့သော ဟားခါး-ရန်ကုန် ယာဉ်လိုင်းအချို့မှာ ပုံမှန်အတိုင်းပြေးဆွဲလျက်ရှိကြောင်း သိရသည်။

“ကျွန်တော်တို့ ဟားခါးမန်းကတော့ ပုံမှန်အတိုင်းပဲ လိုင်းဆွဲလျက်ရှိပါတယ်၊ တစ်ပတ်မှာ နှစ်ကြိမ်ပေါ့။ ဒါမယ့်ခုက လမ်းကြောင်းက ဂန့်ဂေါဘက်ကနေ ပတ်ပြီးသွားနေရတာကြောင့် နည်းနည်းတော့ အခက်ခဲရှိတယ်၊ လမ်းကလည်း ကြမ်းတော့ တစ်ခါတစ်လေဆို လမ်းမှာ တစ်ပတ်နီးပါးကြာတဲ့ချိန်တွေရှိတယ်။ အဲလောက်ပါပဲ။” ဟု ဟားခါးမန်းယာဉ်လိုင်းမှ တာဝန်ရှိသူ တစ်ဦးထံ သိရသည်။

ထိုနည်းတူ ဟားခါး-ရန်ကုန် ယာဉ်လိုင်းပြေးဆွဲလျက်ရှိသော High Class မော်တော်ယာဉ်လိုင်းသည်လည်း ဆီနှုန်းမငြိမ်သက်မှုကြောင့် မတ်လ ၁၅ ရက်နေ့မှ စ၍ ယာဉ်လိုင်းဆွဲခြင်း ခဏတာရပ်ဆိုင်းလျက်ရှိရာ မဟာင်္သကြန်အားလပ်ရက်အပြီးတွင် ပုံမှန်အတိုင်းပြန်လည် လိုင်းပြေးဆွဲမည်ဖြစ်ကြောင်းလည်း သိရသည်။

Most read this week

August 3, 2026
စစ်တပ်က ပြန်လည်ထိန်းချုပ်လိုက်သည့် ကလေး - တမူး လမ်းကြောင်းပေါ်ရှိ ခမ်းပတ်မြို့အပါအဝင်...
July 30, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်ရှိ လေမြိုချောင်း (ခေါ်) ဖုန်းလောင်ဒေသအတွင်းမှ ကျေးရွာ (၁၆) ရွာခန့်တွင်...
July 27, 2026
ချင်းပြည်အတွင်းရှိ တော်လှန်ရေး အင်အားစုများအကြား ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပေးထားသော်လည်း...
July 20, 2026
ချင်းပြည်၊ တီးတိန်-ရိဒ်ခေါဒါရ် အိန္ဒိယနယ်စပ် လမ်းကြောင်းရှိ ဆောက်လက်စ မံဆောင်းတံတားတွင် ယခုနှစ်...