ကချင်-စစ်ကိုင်းနယ်စပ် စစ်ဆေးရေးဂိတ် ၂ ခုကို အင်းတော် PDF တိုက်ခိုက်သဖြင့် ၄ ဦး သေဆုံး

ကချင်-စစ်ကိုင်းနယ်စပ် စစ်ဆေးရေးဂိတ် ၂ ခုကို အင်းတော် PDF တိုက်ခိုက်သဖြင့် ၄ ဦး သေဆုံး

စစ်ကိုင်းတိုင်း အင်းတော်မြို့နှင့် နန့်စီးအောင်လမ်းပိုင်းအသုံးပြုခဟုဆိုကာ ကားသမားများထံ ငွေကြေးကောက်ခံနေသော အင်းတော်မြို့နယ် စစ်ကောင်စီစစ်ဆေးရေး ဂိတ်နှစ်ခုကို အင်တော်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ လေးဦး သေဆုံးခဲ့ကြောင်း သိရသည်။

ဧပြီလ ၃ရက်နေ့ ညပိုင်းက အင်းတော်-နန့်စီးအောင်ကြား နတ်မဟုတ်ကြီး ကျေးရွာအနီးရှိ စစ်ကောင်စီစစ်ဆေးရေး ဂိတ် ၂ ခုကို သွားရောက်တိုက်ခိုက်ခဲ့ကြောင်း အင်းတော် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦး မှ KNG သတင်းဌာန သို့ ပြောသည်။

“အင်းတော်နယ်ထဲ မှာကို လေးခုလောက်ရှိတယ် ဂိတ်တွေက ဆောက်လုပ်ပြီးစတွေရော ဆောက်လုပ်စ တွေကောရှိတယ်။ လာသမျှကုန်ကားတွေဆီက ငွေတွေ လိုက်တောင်းနေတာ အဲ့ထဲက ဂိတ်နှစ်ခုကို တိုကခိုက်ခဲ့ပါတယ်။ သေဆုံးတာက လေးယောက်ပါ တချို့က ထွက်ပြေးသွားတယ် ပြန်လည် ခုခံလာတော့ နောက်ဆုတ်လိုက်တယ်” ဟု တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

အင်းတော်မြို့နယ်တွင် အလားတူငွေကြေးကောက်ခံနေသော ဂိတ် ၄ ခုခန့်ရှိနေသည့်အပြင် ဂိတ်ထပ်မံတိုးချဲ့ရန်လည်း ပြင်ဆင်နေကြောင်း ဒေသခံများထံမှ သိရသည်။ အဆိုပါဂိတ်များတွင် စစ်ကောင်စီတပ်သားနှင့် ရဲများကို အင်အား ချထားကာ ကုန်ကား များထံမှ ငွေတောင်းခံမှုပြုလုပ်နေသောကြောင့် တိုက်ခိုက်ခဲ့ရခြင်းဖြစ်သည် ဟု အင်းတော် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။

အဆိုပါ စစ်ဆေးရေးဂိတ်နှစ်ခု သွားရောက်တိုက်ခိုက်မှုတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ အထိအခိုက် မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းလည်း သိရသည်။

အင်းတော် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အနေဖြင့် စစ်ကောင်စီစစ်ဆေးရေဂိတ်များအား သွားရောက် တိုက်ခိုက်မှုမှာ ယခု ပထမအကြိမ်ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် လပိုင်းကလည်း ကချင်လွတ်လပ်ရေးတပ်မတော် KIA ဦးဆောင်သော PDF တပ်ဖွဲ့များမှ စစ်တပ်ထုတ်ကုန်ပစ္စည်းများကို ကချင် စစ်ကိုင်းအစပ်တွင် ဖျက်စီးမှုများပြုလုပ်ခဲ့သည်။

Most read this week

December 17, 2025
မြေရှားသတ္တု တူးဖော်ရေးနဲ့ ပတ်သက်ပြီး ကချင်လွတ်တပ်ရေးအဖွဲ့ KIO/KIA နဲ့ အိန္ဒိယအစိုးရကြား...
December 16, 2025
ကချင်ပြည်နယ်အတွင်းက လူ့အခွင့်အရေးချိုးဖောက်မှု အများဆုံးကျူးလွန်သူတွေဟာ စစ်ကောင်စီတပ်တွေ...
December 15, 2025
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်ထဲက ရှမ်းနီပြည်သူ့စစ်ဂိတ် ၃ ခုမှာ အခွန်အဆမတန်ကောက်နေတဲ့အတွက်...
December 10, 2025
ရှမ်းမြောက်၊ မန်တုံမြို့နယ်မှာ TNLA နဲ့ တရုတ်လုပ်ငန်းရှင်တွေပေါင်းပြီး မြေရှားသတ္တုတူးဖို့...