မိုးညှင်းမြို့ လူနေအိမ်တစ်အိမ်တွင် လူငယ်အုပ်စု တစ်စုမှ အိမ်ရှင်များကို ရိုက်နှက်သွား

မိုးညှင်းမြို့ လူနေအိမ်တစ်အိမ်တွင် လူငယ်အုပ်စု တစ်စုမှ အိမ်ရှင်များကို ရိုက်နှက်သွား

ကချင်ပြည်နယ် မိုးညှင်းမြို့ နောင်စွန်းရပ်ကွက်အတွင်းရှိ လူနေအိမ်တစ်အိမ်တွင် မတ်လ ၃၀ ရက်ညက လူငယ်တစ်စု မှ နေအိမ်အတွင်း ကျူးကျော်ဝင်ရောက်လာပြီး အိမ်ရှင်များကို ရိုက်နှက်သွားကြောင်း သိရသည်။

အသက် ၂၀ ကျော်ဝန်းကျင် အမည်မသိလူငယ် ၁၀ ဦးခန့်သည် နောင်စွန်းရပ်ကွက်ရှိ အိမ်တစ်လုံးကို ခဲနှင့် စတင် ပစ်ပေါက်ပြီး သော့ခတ်ထားသည့် နေအိမ်ခြံတံခါးကိုလည်း ချိုးဖောက်ကာ နေအိမ်အတွင်းရှိ အိမ်ရှင်များကို ရိုက်နှိက်သွားကြောင်း ကျူးကျော် ရိုက်နှိက်ခံရသည့် မိသားစုဝင် အမျိုးသမီးတစ်ဦးက ပြောသည်။

“ညဆယ်နာရီလောက်ပေါ့နော် အိမ်ဘေးမှာ ဆိုင်ရှိတယ် စားသောက်ဆိုင်ဘီယာဆိုင်ရှိတယ် အဲ့မှာစားသောက်ကြတဲ့ လူငယ်တွေက အိမ်ကိုအရင်ခဲနဲ့လာထုတာ သူတို့ဘက်ကတော့ထုတာတော့ ထုတာပေါ့။ ဒါပေမယ့် သူတို့ဘက်တစ်ခွန်းမှ မပြောဘူး အိပ်လည်းအိပ်နေကြပြီ။ ဒါပေမယ့် သူတို့က ထပ်ထုနေတော့အဖေက ပြောလိုက်တာ ငါ့အိမ်ကိုဘယ်သူ ခဲနဲ့ထုတာလဲဆိုပြီး အဲ့လို ပြောလိုက်တာကို အိမ်ထိ ခြံကျော်ပြီးတော့မှ ကိုလာပြီး ဝင်ရိုက်နှိက်သွားတာ လက်တီးတွေနဲ့ထိုးတယ် တုတ်နဲ့ရိုက်တယ်” ဟု မိသားစုဝင် အမျိုးသမီးတစ်ဦးက ပြောသည်။

အဆိုပါ နေအိမ်အတွင်းသို့ တံပန်း တံတားကို ဖျက်ဆီး ဝင်ရောက်လာကာ နေအိမ်ထဲရှိ အသက် ၇၀ ကျော်အရွယ် သက်ကြီးရွယ်အိုနှစ်ဦးနှင့် အသက် ၄၀ ကျော် အမျိုးသမီးနှစ်ဦးတို့ကို ရိုက်နှက်သွားခဲ့သည်။ ထို့ကြောင့် လက်ရှိ အသက်ကြီးရွယ်အို နှစ်ဦးမှာ ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။

“သူတို့ရိုက်နှိက်ပြီးတော့ထွက်သွားတယ်။ ပြီးတော့ဒုတိယအကြိမ်ထပ်ရောက်လာတယ် ရောက်လာပြီးတော့ ဘိုးတော်က သူတို့လူကို ရိုက်ပါတယ်ဆိုပြီး တောင်းပန်ခိုင်းတယ်။ တံခါးတွေဖွင့်ခိုင်းတယ်။ တံတားမဖွင့်ပေးလို့ အိမ်ကိုတစ်ညလုံးခဲနဲ့ထုတယ်။ မနက်ပိုင်းရောက်ခါနီးထိကို ထုတယ်” ဟု အိမ်ရှင်ဖြစ်သူနှင့် ရင်းနှီးသူတစ်ဦးက ပြောသည်။

မိုးညှင်းမြို့အတွင်း ယခုကဲ့သို့ နေအိမ်ထဲထိ ကျူးကျော်ဝင်ရောက်ကာ ရိုက်နှိက်ခံရမှုဖြစ်စဥ်မျိုး မရှိခဲ့ဖူးကြောင်း သိရသည်။

May 1, 2026
ကချင်ပြည်နယ်၊ မချမ်းဘော့မြို့နယ် အရှေဘက် အလန်ဂါးကျေးရွာအဝင်က...
April 30, 2026
စစ်ကိုင်းနဲ့ကချင်အစပ်က အမျိုးသားညီညွတ်ရေးအစိုးရ NUGသိမ်းပိုက်ထားတဲ့...
April 29, 2026
ဖားကန့်မှာ စစ်တပ်ဖမ်းဆီးသွားတဲ့ မိုင်(Mai) ဆေးရုံက ဆေးဆရာဝန်တစ်ချို့နဲ့ ဥရုဆွတ်အောင်တည်းခိုခန်းက...
April 28, 2026
ဂျာဘောက်ရာ — ကချင်ပြည်နယ်အတွင်း မိုးသက်လေပြင်းတိုက်ခိုက်မှုကြောင့် မိုးကောင်းမြို့နယ်အတွင်း...