ချင်းပြည်နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့ မြန်မာစာဘာသာရပ် ဖြေဆိုသူ ၂၂၅၉ဦး၊ ပျက်ကွက်သူ ၇၀၁ ဦးရှိဟု သိရ

ချင်းပြည်နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့ မြန်မာစာဘာသာရပ် ဖြေဆိုသူ ၂၂၅၉ဦး၊ ပျက်ကွက်သူ ၇၀၁ ဦးရှိဟု သိရ

၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအား ယနေ့ မတ်လ ၃၁ ရက်နေ့တွင် စတင်ဖြေဆိုနေပြီဖြစ်ကာ ချင်းပြည်နယ်တွင် စာမေးပွဲဖြေဆိုရန် စာရင်းပေးသွင်းသည့် ကျောင်းသား/ကျောင်းသူ ဦးရေ စုစုပေါင်း ၂၉၆၀ ဦးရေ ရှိသည့်အနက် စာမေးပွဲ ပထမနေ့ မြန်မာစာ ဘာသာရပ် လာရောက်ဖြေဆိုသူဦးရေ စုစုပေါင်းမှာ ၂၂၅၉ ဦး၊ ရာခိုင်နှုန်းအားဖြင့် ၇၆.၃၂% ရှိကာ ပျက်ကွက်သူဦးရေ စုစုပေါင်း ၇၀၁ ဦးရှိကြောင်း မြန်မာနိုင်ငံပညာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာချက်အရ သိရသည်။

ချင်းပြည်နယ်တွင် မြို့နယ် ၉ မြို့နယ် တွင် ဖလမ်း၊ တီးတိန်၊ မတူပီ၊ ပလက်ဝ၊ တွန်းဇံ အစရှိသော ၅ မြို့နယ်တွင် စာမေးပွဲ ဖြေဆိုသူရှိပြီး ကျန်မြို့နယ် ဟားခါး၊ ထန်တလန်၊ မင်းတပ်၊ ကန်ပက်လက် အစရှိသော ၄ မြို့နယ်တွင်မူ ဖြေဆိုသူမရှိကြောင်းကိုလည်း ပညာရေးဝန်ကြီးဌာန၏ထုတ်ပြန်ကြေညာချက်အရသိရသည်။

ယခင် ၂၀၂၀ ခုနှစ် တဣသိုလ်ဝင်စာမေးပွဲတွင် ချင်းပြည်နယ်တွင်ဖြေဆိုသူ ၁ သောင်းကျော်ရှိခဲ့သည်။

Most read this week

August 3, 2026
စစ်တပ်က ပြန်လည်ထိန်းချုပ်လိုက်သည့် ကလေး - တမူး လမ်းကြောင်းပေါ်ရှိ ခမ်းပတ်မြို့အပါအဝင်...
July 30, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်ရှိ လေမြိုချောင်း (ခေါ်) ဖုန်းလောင်ဒေသအတွင်းမှ ကျေးရွာ (၁၆) ရွာခန့်တွင်...
July 27, 2026
ချင်းပြည်အတွင်းရှိ တော်လှန်ရေး အင်အားစုများအကြား ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပေးထားသော်လည်း...
July 20, 2026
ချင်းပြည်၊ တီးတိန်-ရိဒ်ခေါဒါရ် အိန္ဒိယနယ်စပ် လမ်းကြောင်းရှိ ဆောက်လက်စ မံဆောင်းတံတားတွင် ယခုနှစ်...