ချင်းပြည်နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့ မြန်မာစာဘာသာရပ် ဖြေဆိုသူ ၂၂၅၉ဦး၊ ပျက်ကွက်သူ ၇၀၁ ဦးရှိဟု သိရ

ချင်းပြည်နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့ မြန်မာစာဘာသာရပ် ဖြေဆိုသူ ၂၂၅၉ဦး၊ ပျက်ကွက်သူ ၇၀၁ ဦးရှိဟု သိရ

၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအား ယနေ့ မတ်လ ၃၁ ရက်နေ့တွင် စတင်ဖြေဆိုနေပြီဖြစ်ကာ ချင်းပြည်နယ်တွင် စာမေးပွဲဖြေဆိုရန် စာရင်းပေးသွင်းသည့် ကျောင်းသား/ကျောင်းသူ ဦးရေ စုစုပေါင်း ၂၉၆၀ ဦးရေ ရှိသည့်အနက် စာမေးပွဲ ပထမနေ့ မြန်မာစာ ဘာသာရပ် လာရောက်ဖြေဆိုသူဦးရေ စုစုပေါင်းမှာ ၂၂၅၉ ဦး၊ ရာခိုင်နှုန်းအားဖြင့် ၇၆.၃၂% ရှိကာ ပျက်ကွက်သူဦးရေ စုစုပေါင်း ၇၀၁ ဦးရှိကြောင်း မြန်မာနိုင်ငံပညာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာချက်အရ သိရသည်။

ချင်းပြည်နယ်တွင် မြို့နယ် ၉ မြို့နယ် တွင် ဖလမ်း၊ တီးတိန်၊ မတူပီ၊ ပလက်ဝ၊ တွန်းဇံ အစရှိသော ၅ မြို့နယ်တွင် စာမေးပွဲ ဖြေဆိုသူရှိပြီး ကျန်မြို့နယ် ဟားခါး၊ ထန်တလန်၊ မင်းတပ်၊ ကန်ပက်လက် အစရှိသော ၄ မြို့နယ်တွင်မူ ဖြေဆိုသူမရှိကြောင်းကိုလည်း ပညာရေးဝန်ကြီးဌာန၏ထုတ်ပြန်ကြေညာချက်အရသိရသည်။

ယခင် ၂၀၂၀ ခုနှစ် တဣသိုလ်ဝင်စာမေးပွဲတွင် ချင်းပြည်နယ်တွင်ဖြေဆိုသူ ၁ သောင်းကျော်ရှိခဲ့သည်။

Most read this week

December 4, 2025
ဒီဇင်ဘာလ ၂ ရက်နေ့ နေ့လည်ပိုင်းမှာ တီးတိန်မြို့နယ် ဘဲကန့်ရွာကို စစ်ရှောင်ရာကနေ နွားနောက်ရှာရန်...
December 3, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ အာရက္ခတပ်တော်(ULA / AA) က အသက် ၁၈ နှစ်ကနေ ၄၀ အကြား အရွယ်ရှိသူ...
December 2, 2025
စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ မော်လိုက်အကျဉ်းထောင်က မနေ့ဒီဇင်ဘာလ ၁ ရက်နေ့မှာ လွတ်ရက်နီးနေတဲ့...
Photo credit - CJ
November 28, 2025
နိုဝင်ဘာလ ၂၇ ရက်နေ့ မနက် ၈ နာရီခွဲ ခန့်ကနေ စတင်ပြီး တီးတိန်မြို့အဝင် တောင်ကုန်းဖြစ်သော Saimual...